Pages

Thursday, October 23, 2014

“(၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့နှင့်အတူ တပ်တော်ဝင်လာဖွယ်ရှိသည့် ကျန်စစ်သား”

Photo: ၂၀၁၂ ခုနှစ် ရေချပွဲအခမ်းအနားတွင် တွေ့မြင်ရသော F-12 စစ်ရေယာဉ် ကျန်စစ်သား။
RangonNewsDaily:: October . 23 .2014
တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော F-12 Frigate စစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့သည်။ ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး(F-11) အပေါ်တွင် အခြေခံထားသည်ဟု ယူဆရသော်လည်း မတူနိုင်သည့်အချက်မှာ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်းဖြစ်၍ သိသာထင်ရှားသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။
ဖော်ပြပါစစ်ရေယာဉ်တွင် Multirole ဆောင်ရွက်နိုင်ရန် ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထရောနစ် စစ်ဆင်ရေး Capability ရှိသည့် လက်နက်ပစ္စည်းနှင့် စနစ်များ ပါရှိဖွယ်ရှိသည်။

(၁၂၀/၁၈၀)ကီလိုမီတာ အထိပစ်ခတ်နိုင်သော ဒုံးများ၊ မြန်နူန်းမြင့် အမြောက်များ၊ CIWS များ၊ ရေငုပ်သင်္ဘောပစ်ဒုံးနှင့် Torpedo များ၊ Active/Passive EW စနစ်များ၊ OTH Target (မိုးကုပ်စက်ဝိုင်းလွန်ပစ်မှတ်) များအပါအဝင် ရေပြင်၊ရေအောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အဆင့်မြင့် အာရုံခံစနစ်များ ပါဝင်မည်ဟု ခန့်မှန်းရသည်။

သာမန် Combat System ထက် အဖက်ဖက်က အလေးသာသော Integrated Combat System တပ်ဆင်နိုင်ဖွယ်ရှိပြီး F-11 မှ စမ်းသပ်ရရှိထားသော အားသာချက် / အားနည်းချက်များပေါ်တွင် အခြေခံမည်ဖြစ်၍ လက်နက်များ၊ လက်နက်စနစ်များ၊ အာရုံခံစနစ်များနှင့် Integrated Combat System သည် F-11 ထက် ပို၍ အဆင့်မြင့်မားမည်ဟု မျှော်လင့်ရသည်။

ထူးခြားချက်မှာ ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ် တင်ဆောင်နိုင်မည့် အနေအထား ဖြစ်ပါသည်။ယင်းသည် မြန်မာ့တပ်မတော်(ရေ)၏ Naval Aviation အတွက် အဖိုးတန်သော ရှေ့ထွက်ခြေလှမ်းဦးဖြစ်သလို 3D အနက်မှ Above Surface စွမ်းရည်အတွက်လည်း အခွင့်အရေးကောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။

ရေယာဉ်အမြန်နူန်းမှာ (၂၈ )မိုင်ခန့် ဖြစ်နိုင်ပြီး Standardisation အရ Engine အမျိုးအစားမှာ F-11 နှင့် ဆင်တူနိုင်သည်။ F-12 Stealth Frigate တည်ဆောက်ရေးအား သတ်မှတ်ထားရှိသော Schedule အတိုင်း စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး လက်နက်စနစ်များအပါအဝင် ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော စနစ်အမျိုးမျိုးနှင့် ပင်လယ်ပြင် မောင်းနှင်မှုအမျိုးမျိုးအား အချိန်တစ်ခုယူ၍ လက်တွေ့စမ်းသပ်မူများ ဆောင်ရွက်လျက်ရှိနေမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate ၏ တပ်တော်ဝင်အခမ်းအနားအား (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့နှင့်အတူ မျှော်လင့်ပါကြောင်း။ ထို့အတူ Sea Denial Role အတွက် မရှိမဖြစ်လိုအပ်လာသော Submarine သတင်းကောင်းများကိုလည်း မျှော်လင့်နေပါကြောင်း။

မောင်ဝါဆို(Myanmar Navy)

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment