Pages

Thursday, October 23, 2014

ဓါတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးပန်ကြားခြင်း

RangonNewsDaily:: October . 23 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓါတ်အားခွဲရုံများနှင့် ဓါတ်အားလိုင်များ ကြံ့ခိုင်မှုရှိစေရန်၊ ဓါတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓါတ်အားပြတ် တောက်မှုများ လျော့နည်းစေရန်အတွက် ဓါတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓါတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
(၂၅-၁၀-၁၄) ရက်နေ့ တွင် ဒဂုံ (အရှေ့)၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ မင်္ဂလာတောင်ညွှန်၊ ဒဂုံ (ဆိပ်ကမ်း)၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊ ဒဂုံ (မြောက်)၊ ကျောက်တံတား၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ ဒဂုံ၊ သုံးခွ၊ ခရမ်း၊ တံတား၊ သန်လျင်၊ ကျောက်တန်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ဖောင်ကြီး မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် (၉) နာရီမှ (၁၂) နာရီအတွင်း လည်းကောင်း၊ ၁၂ နာရီမှ ၂နာရီ အတွင်း လည်းကောင်း အချိန်ပိုင်း ဓါတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။

(၂၆-၁၀-၁၄) ရက်နေ့တွင် ရေအပေါက်ကံ၊ ဒဂုံ (အရှေ့)၊ ဒဂုံ (တောင်) ၊ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံ (ဆိပ်ကမ်း)၊ ပုဇွန်တောင်၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ သန်လျင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အဖျောက်မြို့နယ် များ၏ ရပ်ကွက်အချို့၊ CNG ဆိုင် အချို့နှင့် စက်မှုဇုန် အချို့တွင် (၉) နာရီမှ (၁၂) နာရီအတွင်း လည်းကောင်း၊ ၁၂ နာရီမှ ၁နာရီ အတွင်း လည်းကောင်း အချိန်ပိုင်း ဓါတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။
::
ယင်းသို့ ဓါတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓါတ်အား ဖြန့်ဖြူးမှု စနစ်အတွင်းရှိ ဓါတ်အားခွဲရုံများနှင့် ဓါတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓါတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓါတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန် အတွက် ပုံမှန် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းဖြစ်၍ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ ဓါတ်အားပြတ် တောက်မှုကြောင့် လူမှုရေး အခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် နားလည် ခွင့်လွှတ်ပါရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ် အားပေးရေးအဖွဲ့မှ အများပြည်သူ သို့ အသိပေးပန်ကြားထားပါသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ် အားပေးရေးအဖွဲ့

Yangon Media ::-- KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment