Pages

Thursday, October 16, 2014

ရန်ကုန်မြို့တွင် ကားတိုက်မိ ဟန်ဆောင်၍ လိမ်လည် ငွေတောင်းသည့် ဂိုဏ်း (၂) ဂိုဏ်း ဖမ်းဆီးရမိ

RangonNewsDaily:: October . 16 .2014
ရန်ကုန်မြို့တွင် ကားတိုက်မိ ဟန်ဆောင်၍ အုပ်စုဖွဲ့ လိမ်လည် ငွေတောင်းသည့် ဂိုဏ်းနှစ်ဂိုဏ်း
ကို ဖမ်းဆီးရမိ ခဲ့ကြောင်း ကျောက်တံတား မြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယခုလ(၁၂) ရက်နေ့၊ ညနေ (၆)နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်၌ နေထိုင်သူ ဦးအောင်သူ မောင်းနှင် လာသော ကား မှာ ဗိုလ်ချုပ်လမ်း အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာကြောင်း၊ မဟာဗန္ဓုလ ပန်းခြံလမ်းသို့ ညာချိုးကွေ့စဉ် အမည်မသိ အမျိုးသား တစ်ဦးက ကားပွတ်တိုက်ခံရ သည်ဟု ဟန်ဆောင် ပြောဆို သဖြင့် ကားရပ်တန့်ကာ ဆင်းလာသည့် အခါ အဆိုပါ လူအနီးရှိ အခြား အမျိုးသား (၂၀)ဦးမှ ဦးအောင်သူ နှင့် အဖော်ပါ အမျိုးသား တစ်ဦးအား ပြဿနာရှာ ငွေတောင်းခံ သဖြင့် ကျောက်တံတားမြို့မ ရဲစခန်းသို့ အကြောင်းကြားရာ နယ်ထိန်းနှင့် အဖွဲ့မှ အခင်းဖြစ်ရာသို့ သွားရောက်၍ ကားတိုက်ခံရသူ အဖြစ် ဟန်ဆောင်ခဲ့သော သန့်ဇင်ဦး (ခ) ရာဂျား ဒလမြို့နယ် နေသူအား ဖမ်းဆီးရမိပြီး၊ ကျန်နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ သန့်ဇင်ဦး (ခ) ရာဂျားအား စစ်ဆေးရာ ၎င်းသည် ခါးပိုက်နှိုက်မှု၊ ရဲဘက်ပြေးမှု များဖြင့် အကြိမ်ကြိမ် ထောင်ကျဖူးသူ ဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့် အရ လွတ်မြောက်လာသူ ဖြစ်ကြောင်း၊ ထောင်မှ လွတ်မြောက် ပြီးနောက် ယခင် သိကျွမ်းခဲ့ဖူး သူများနှင့် ပေါင်းမိပြီး ယခုကဲ့သို့ အုပ်စုဖွဲ့ ကားတိုက် ဟန်ဆောင်ကာ လိမ်လည် ငွေတောင်းနေခြင်း ဖြစ်ကြောင်း သိရ သည်။
::
ထို့ကြောင့် ဖမ်းဆီးရမိ သူအား ခြေချုပ် ခံဝန် ဥပဒေဖြင့် အရေးယူ နိုင်ရေး ကျောက်တံတားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး၊ ထွက်ပြေး တိမ်းရှောင်နေသူ နှစ်ဦးအား ဆက်လက် ဖမ်းဆီး အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း ကျောက်တံတား မြို့မ ရဲစခန်းမှ သိရသည်။

အလားတူ ယခုလ (၁၃) ရက်နေ့ ကလည်း ကျောက်တံတားမြို့နယ်၊ အနော်ရထာ လမ်းနှင့် (၃၃) လမ်းထိပ်၌ ကိုဟိန်းထက် မောင်းနှင်လာ သော ကားကို ရဲမင်းဦးမှ ယာဉ်၏ ၀ဲဘက်နောက်ကြည့်မှန်အား လက်ဖြင့် ရိုက်ပြီး ကွဲသွားစဉ် ကားဖြင့် တိုက်မိသည်ဟု ပြောဆိုကာ ၎င်းနှင့် အတူပါသူ ကတုံးမ (ခ) ပြည့်ဖြိုးခိုင်မှ ရဲစခန်းတွင် အမှုသွား ဖွင့်မည်ဟု ပြောဆိုခဲေ့ကြာင်းသိရသည်။
::
ယင်းနောက် ၎င်း၏ အမျိုးသား ဖြစ်သူ အာလူး(ခ) ဇော်ဦးအား ဖုန်းဆက် ခေါ်ပြီး ရဲမင်းဦးအား ဆေးရုံသို့ ပေးပို့ခဲ့ကြောင်း၊ ရဲမင်းဦးနှင့်အတူ ပါသူ ကတုံးမ၊ အာလူးနှင့် ကျော်ကြီး တို့အား စိစစ်စဉ် ယာဉ်ပိုင်ရှင် ကိုဟိန်းထက်မှ လွန်ခဲ့သော ခုနစ် လခန့်က လှိုင်မြို့နယ်၊ ရွာမကွေ့ အနီးတွင် ကားတိုက်မိ ဟန်ဆောင်၍ ငွေ (၁၅၀၀၀၀) တောင်းယူ သူမှာ အာလူး (ခ) ဇော်ဦးနှင့် အဖွဲ့ဖြစ်ကြောင်း မှတ်မိသဖြင့် စိစစ်ကြည့်ရာ ကတုံးမ (ခ) ပြည့်ဖြိုးခိုင်က ၀န်ခံထွက်ဆို သဖြင့် အဆိုပါ အဖွဲ့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး၊ (ပ) ၄၁၁/ ၂၀၁၄၊ (ပ) ၄၁၂/ ၂၀၁၄၊ (ပ) ၄၁၃/ ၂၀၁၄ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅ (၁) (ဂ) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Messenger News::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment