Pages

Thursday, October 16, 2014

ဘောလုံးလောက၏ဂန္ထ၀င်ဆု မန်ယူသူရဲကောင်း ရွိုင်ယန်ဂစ်ရရှိ


RangonNewsDaily:: October . 16 .2014
ပရီးမီးယားလိဂ်အအောင်မြင်ဆုံးကစားသမားဖြစ်သော ရွိုင်ယန်ဂစ်သည် ၎င်း၏ဆုတံဆိပ်များစာရင်းတွင် ဘောလုံးလောက၏ ဂန္ထ၀င်ဆုကို ထပ်မံပေါင်းထည့်နိုင်ခဲ့သည်။
မန်ယူအသင်း လက်ထောက် နည်းပြ ရွိုင်ယန်ဂစ်သည် လန်ဒန်တွင်အင်္ဂါနေ့ကပြုလုပ်သောHMV ဘောလုံး ပွဲတော် (ဘောလုံးနှင့် ဂီတအသိုင်း အ၀ိုင်းပေါင်းစပ် ကာခမ်းနား သိုက်မြိုက်စွာ နှစ်စဉ် ကျင်းပလေ့ရှိသည် Nordoff Robbinsရန်ပုံငွေပွဲတော်)တွင်ယင်းဆုကိုလက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံး ရာသီကုန်တွင် ကစားသမား ဘ၀မှ အနားယူပြီး ဗန်ဟားလ်၏ လက်ထောက် နည်းပြအဖြစ်တာဝန် ထမ်းဆောင်နေသည့် ဂစ်သည် ဖာဂူဆန်၊ ကန်တိုနာနှင့် ဒင်းနစ်လောတို့ပြီး မှ ယင်းဆုကို မန်ယူမှလေးယောက်မြောက်ရရှိသည့် ပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့သည်။

"အရင်တုန်းကရခဲ့ဖူးတဲ့သူတွေကို ပြန်ကြည့်ရင် ဒီဆုကိုလက်ခံရရှိတာကဂုဏ်ယူစရာပဲဖြစ်ပြီးချိတ် ဆွဲပြသခွင့်ရ တာက လည်းအထူးအခွင့်ရေးတစ်ရပ်ပဲဖြစ်ပါတယ်။အဲဒီပွဲကိုကျွန်တော်တက် ရောက် မှာဖြစ်ပြီးသူငယ်ချင်းတွေနဲ့အတူပါဝင်ဆင်နွှဲမယ်။ပြီးတော့ Nordoff Robbins(မသန်စွမ်း ကလေး ငယ်များအတွက် ဂီတကုထုံး)အတွက်ရန်ပုံငွေတွေရလာအောင်လည်းကြိုးစားသွားမှာဖြစ်ပါတယ်" ဟု ပွဲတော်မတိုင်မီ ဂစ်ကပြောသည်။

အသက် ၄၀ အရွယ်ရှိ ဂစ်သည် မိတ်ဆွေများ၊ ၉၂ မျိုးဆက်များဖြစ်သော ပေါလ်စခိုး၊ နစ်ကီဘတ်၊ နဗီးလ်ညီနောင်တို့နှင့်အတူ ပွဲတော်သို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဘောလုံးလောက၏ဂန္ထ၀င်ဆုကို ဘရာဇီးကစားသမားဟောင်း ပီလီကလက်ခံရရှိ ခဲ့ပြီး ယခုနှစ်တွင် ရရှိသည့် ဂစ်ကို မန်ယူအသင်း ခေါင်းဆောင်ဟောင်း ဘရိုင်ယန်ရော့ဘ်ဆင် က ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါဆုကို လက်ခံရဖူး သည့် ဖာဂူဆန် သည် ပွဲတော်သို့ တက်ရောက် လာခြင်းမရှိသော်လည်း မြင် ကွင်းကျယ်ရုပ်သံမှတစ်ဆင့် တပည့်ဟောင်းဂစ်ကို နွေးထွေးစွာ ချီး ကျူးပြောဆိုခဲ့သည်။ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့သည့် ဘောလုံးပွဲတော်သည်၁၉ နှစ်တိုင်ခဲ့ပြီဖြစ် ပြီး Nordoff Robbins အတွက် ရန်ပုံ ငွေပေါင်၆သန်းကျော် ရှာဖွေပေးထားသည်။

Daily Mail , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment