Pages

Thursday, October 16, 2014

တယ်လီနောဆင်းမ်ကတ် ရန်ကုန်၌စတင်ရောင်းချရန်ကုန်ဖုန်းကွန်ရက် ဖွင့် ပေးမည်မဟုတ်ဟုဆို

RangonNewsDaily:: October . 16 .2014
တယ်လီနော ဆင်းမ်ကတ်များ ကို လက်ရှိ ရန်ကုန်ဖုန်းအရောင်းဆိုင်အချို့ကစတင်
ရောင်းချပေးနေခြင်း သည် တရားဝင်ရောင်းချမှု မဟုတ်သည့် အတွက် တယ်လီနော
အနေဖြင့် ရန်ကုန်ဖုန်းကွန်ရက်ကိုဖွင့်ပေးမည်မဟုတ်သောကြောင့်ဖုန်းခေါ်ဆိုအသုံး
ပြုနိုင်ဦးမည် မဟုတ်ကြောင်းတယ်လီ နော မြန်မာရုံးချုပ် ပြန်ကြားရေးဆိုင်ရာဌာနမှ
ဒုဥက္ကဋ္ဌ Ms.Hannae Knudsen က အောက်တိုဘာ ၁၄ ရက် တွင် ပြောဆိုသည်။

တယ်လီနော ဆင်းမ်ကတ်များကို ရန်ကုတ်တွင် ချပေးထားမည့် သတ်မှတ်ရက်ထက်
နောက်ကျနေခြင်းကြောင့် ရန်ကုန်လူထု၏ စိတ်ဝင်စားမှုမြင့်တက်နေချိန်တွင်တယ်လီ
နောမြန်မာ၏ တရားဝင် ခွင့်ပြုချက်မဟုတ်ဘဲဖုန်းအရောင်းဆိုင်အချို့ ကြိုတင်ရောင်း
ချမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

"အခုရောင်းချပေးနေမှုတွေ ရှိနေ တာကို သိရ
ပါတယ်။ ဒါက တယ်လီနော မြန်မာကတရားဝင်ရောင်းချခွင့်ပြုတာမဟုတ်ပါဘူး။တယ်
လီနောမြန်မာက စတင်ရောင်းချခွင့်ပြုတဲ့နေ့မှ ရန်ကုန်ကွန် ရက်ကို ဖွင့်ပေးမှာဖြစ်ပါ
တယ်။ အခုရက် ပိုင်း ရောင်းချပေးနေမယ့် ဆင်းမ်ကတ် တွေက ခေါ်ဆိုမှု ပြုလုပ်နိုင်
မှာ မဟုတ်ပါ ဘူး" ဟု တယ်လီနောမြန်မာမှ Ms.Hannaeက စံတော်ချိန်သို့ ပြောဆို
သည်။

တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ ရက်မှစ၍ လှည်း တန်း၊မြေနီကုန်း
ရှိ ဖုန်းဆိုင်အချို့တွင် ရောင်းချပေးနေခြင်းများရှိပြီး တန်းစီစနစ် ဖြင့်အများအပြားလာ
ရောက်ဝယ်ယူနေမှုများလည်းရှိနေသေးကြောင်းသိရသည်။"တယ်လီနောမြန်မာကရောင်း
ချ မယ့်နေ့ကိုအတိအကျမပြောသေးဘူး။မနက်ဖြန်လို့ပဲ ပြောပြောနေတယ်။

ဆိုင်ကိုလာ
မေးနေတဲ့ လူထုကလည်း များလာ တယ်။ ဒါကြောင့် အခုလိုကျွန်တော်တို့စီစဉ်လိုက်တာ
ပါ။ ဒီလိုလုပ်လိုက်ရင်တော့ စရောင်းချတဲ့နေ့ကျရင်လည်း ကြိတ်ကြိတ် တိုးအခြေအနေ
ထက်တော့ နည်းနည်း သက်သာမယ် ထင်လို့ပါ" ဟုလက်ရှိ ရောင်းချနေသည့်လှည်းတန်း
ရှိ ဖုန်းအရောင်းဆိုင်တစ်ခုမှ အရောင်းဆိုင်ပိုင် ရှင်က အောက်တိုဘာ ၁၄ ရက်တွင် ပြော
ဆိုသည်။

တယ်လီနောဆင်းမ်ကတ်များကို ရောင်းချမည့်ရက်ကို တယ်လီနောမြန်မာ က တရားဝင်
ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပြီးဆင်းမ်ကတ်တစ်ခုလျှင်ငွေ ကျပ် ၁၅၀၀ ဖြင့် ပိုရောင်း
ချမှုမရှိစေရန်ကိုယ်စားလှယ်အရောင်းဆိုင်များတွင် လုံလုံ လောက်လောက်ချထားပေး
သွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၂၅ ရက်က ပြုလုပ် ခဲ့သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင်
Mr.Peter Fuberg ပြောကြားခဲ့သည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment