Pages

Thursday, October 16, 2014

ရန်ကုန်မြို့၏ ပထမဦးဆုံးစက်လှေကားနှစ်စင်းပါလူကူးခုံးကျော်တံတား ယခုနှစ်မကုန်မီ အသုံးပြုနိုင်တော့မည်

RangonNewsDaily:: October . 16 .2014
ကျောက်တံတားမြို့နယ်အတွင်း ရှိ ပန်းဆိုးတန်းနှင့်ကမ်းနားလမ်းတွင် တည်ဆောက်လျက်ရှိသည့် ရန်ကုန်မြို့ ၏ ပထမဦးဆုံးစက်လှေကားနှစ်စင်းပါ လူကူးခုံးကျော်တံတားကို ယခုနှစ် မ ကုန်မီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တံတားတည်ဆောက်ရေး အင်ဂျင်နီယာဦးစိုးလင်းက ပြောသည်။
ယင်းခုံးကျော်တံတားသည် ရန် ကုန်ဘက်ခြမ်းနှင့်ဒလဘက်ခြမ်းသို့ ကမ်း နားလမ်းသစ်ကိုကျော်
လွန်ပြီး ဆောက် လုပ်ထားကြောင်း ¤င်းကပြောသည်။

''ဒီတံတားကမြင့်တော့ သက်ကြီး ရွယ်အိုတွေသွားလာရလွယ်ကူအောင် လို့ စက်လှေကားတပ်
လိုက်တာလဲပါ ပါတယ်။ နိုဝင်ဘာလကုန်လောက်တော့ စပြီး အသုံးပြုနိုင်မှာပါ။ တံတားသစ် ဆောက်ပြီးရင်တော့ တံတားကိုမဖျက် ဆီးဖို့အရေးကြီးပါတယ်''ဟုဦးစိုးလင်း က ပြောသည်။
::
ယင်းတံတားသည် မတ်လကုန် ပိုင်းမှာစတင်ဆောက်လုပ်ခဲ့ကြောင်း လည်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီလမ်းတံတားဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနေရာသည် နေ့စဉ်လူကူး သွားလာမှု အများဆုံးနေရာထဲမှ တစ် ခုဖြစ်ပြီး ယင်းတံတားအား ရန်ကုန်မြို့ တော်စည်ပင်မှ တာဝန်ယူဆောက်လုပ် ကာ ခုံးကျော်တံတားဒီဇိုင်းမှာ ထိုင်းနိုင် ငံရှိ တံတားတည်ဆောက်ရေး ပညာ ရှင်များ၏ အကူအညီဖြင့် ရေးဆွဲထား ခြင်းဖြစ်ကြောင်း တံတားတည်ဆောက် ရေးမှ အင်ဂျင်နီယာ ကိုစိုးလင်းကပြော သည်။
::
ယင်းတံတားသည် အရှည်ပေ ၂၂ဝ၊ အမြင့်ပေ ၂ဝ၊ အနံ ၁၁ ပေရှိ ပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ် ကြောင်းလည်း ထပ်မံသိရသည်။

Yangon Times ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment