Pages

Thursday, October 16, 2014

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၇ခုရှိ ရပ်ကွက်အချို့လျှပ်စစ်မီးများ ပျက်တောက်ဦးမည်

RangonNewsDaily:: October . 16 .2014
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၇ခုရှိ ရပ်ကွက်အချို့၊ CNGဆိုင်အချို့နှင့် စက်မှုဇုန်အချို့၌ အောက်
တိုဘာ ၁၈ရက်နှင့် ၁၉ရက်(စနေ၊ တနင်္ဂနွေ)များ၌ လျှပ်စစ်မီး ပျက်တောက်မည်ဟု လျှပ်စစ်ဝန်
ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ကြံ့ခိုင်မှုရှိစေရန် ဓာတ်လိုက်မှုအန္တရာယ် ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ရန် ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ရက်တွင် ရွှေပေါက္ကံ၊ ဒဂုံ(တောင်)၊ မြောက်ဥက္ကလာ၊ ဒဂုံ(ဆိပ်ကမ်း)၊ ပုဇွန်တောင်၊ ဒဂုံ(အရှေ့)၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ကျောက်တန်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ဒါးပိန်၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ထန်းတပင်၊ ဥက္ကံမြို့နယ်တို့၌ နံနက် ၉နာရီမှ ၁၂နာရီအထိ လည်းကောင်း၊ ၁၂နာရီမှ နေ့လည် ၂နာရီအထိ လည်းကောင်း အချိန်ပိုင်း ပြတ်တောက်မည်ဖြစ်သည်။
::
၁၉ရက်တွင်လည်း အလားတူ ပျက်တောက်မည်ဟု ကြေငြာထားသည်။

Mizzima::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment