Pages

Tuesday, September 23, 2014

MPT ဆင်းမ်ကတ်များ ဝယ်ယူစဉ် မှတ်ပုံတင်မပြုလုပ်ပါက လိုင်းပိတ်သိမ်းသွားမည်


RangonNewsDaily:: September . 23 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကျပ် ၁၅၀၀ ဖြင့် အရောင်းဆိုင်များတွင် ရောင်းချပေးနေသော မိုဘိုင်းဖုန်းများကို ဝယ်ယူ အသုံးပြုရာတွင် မှတ်ပုံတင် (Register) ပြုလုပ်ခြင်းမရှိဘဲ အသုံးပြုပါက နောက်ပိုင်းတွင် ဖုန်းလိုင်းများ ပိတ်သိမ်းသွားနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက “ Register မလုပ်ဘဲ သုံးနေတာက သုံးလို့တော့ရတယ်။ ဒါပေမယ့် Register မလုပ်ဘဲ သုံးတဲ့အခါ အသုံးပြုသူက ပြစ်မှုတွေ၊ ပြသာနာတွေ လုပ်တဲ့အခါ ဘယ်သူသုံးလဲ ဆိုတာ မသိရဘူး။ ဒါ့ကြောင့် နောက်ပိုင်းကျရင် ဒီအတိုင်းမရတော့ဘူး။ ဖုန်းလိုင်းပိတ်သိမ်းတာမျိုး လုပ်သွားမယ်” ဟု ပြောသည်။

မှတ်ပုံတင်ခြင်းမရှိဘဲ ဆင်းမ်ကတ်သုံးစွဲသူ အများအပြား ရှိနေပြီး အထူးသဖြင့် မှောင်ခိုဈေးကွက်မှ ဆင်းမ်ကတ်များကို ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူပြီးနောက် Register ပြုလုပ်၍ မရခြင်း ရှိနိုင်သည်ဟုလည်း မိုဘိုင်းဖုန်း ဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။

MPT က မိုဘိုင်းဆင်းမ်ကတ်များ ကိုးသိန်းကျော်ကို ယခုလအတွင်း ကျပ် ၁၅၀၀ဖြင့် ရောင်းချပေးခဲ့ရာ ၀ယ်ယူသူများ၍ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဘဲ မှောင်ခိုဈေးကွက်များလည်း ပေါ်ပေါက်ခဲ့သည်။

ဆင်းမ်ကတ် ဝယ်ယူအသုံးပြုသည့် မှတ်ပုံတင်မပြုလုပ်ရသူများ အနေဖြင့်လည်း MPT ဆင်းမ်ကတ်ရောင်းချသော
ကိုယ်စားလှယ်အရောင်းဆိုင်များနှင့် တရားဝင်အရောင်းဆိုင်များတွင် သွားရောက်ကာ Register ပြုလုပ်နိုင်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment