Pages

Tuesday, September 23, 2014

တောင်ငူမြို့ ရွှေဆံတော်ဘုရားကြီးတွင်ဘုရားအလှူခံပုံးမှန်ရိုက်ခွဲ၍နှိုက်ယူထွက်ပြေးသူဖမ်းမိ

RangonNewsDaily:: September . 23 .2014
တောင်ငူမြို့အမှတ်(၁၃)ရပ်ကွက်ရွှေဆံတော်ဘုရားကြီးတွင်ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးဆန်း
ကြည်သည်ဂေါပကရုံးတွင်ရှိနေစဉ်ရွှေဆံတော်ဘုရားကုန်းပေါ်တွင်လုံခြုံရေးတာဝန်ကျနေသည့်
ကိုအောင်လင်းဦးနှင့်ဦးမြင့်ဆွေတို့ ရောက်ရှိလာပြီးဘုရားအနောက်ဘက်မုခ်တွင်ရှိသော
ကြေးသွန်းဘုရားကြီး၏အာရုံခံတန်ဆောင်းအတွင်းရှိ အလှူ ခံပုံးအား
တောင်ငူမြို့အမှတ်(၂)ရပ်ကွက်နေသူများဖြစ်ကြသောဇင်လတ်(၃၇)နှစ်
ဆိုသူနှင့်နေမျိုးအသက်(၄၀)တို့နှစ်ဦးကနှစ်ပေခွဲပတ်လည်ရှိအလှူ ခံပုံးမှန်ကိုရိုက်ခွဲကာ
အလှူခံရရှိငွေများကိုနှိုက်ယူထွက်ပြေးသွားကြောင်းသိရ၍ တောင်ငူ
အမှတ်(၂)နယ်မြေရဲစခန်းကိုသတင်းပို့ ခဲ့သည်။
တောင်ငူအမှတ်(၂)နယ်မြေ
ရဲစခန်းမှဒုရဲအုပ်သန်းထိုက်ထွေး ဦးစီးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ပြီး
နောက် ရဲစခန်းတွင် (ပ)၃၃၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉ဖြင့် အမှု
ဖွင့်ခဲ့သည်။
::
ပြစ်မှုကျူးလွန်သူများကို ဆက်လက်စုံစမ်းခဲ့ရာ နေမျိုးကိုစက်တင်ဘာ၁၇ရက်
မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီးဇင်လတ်အားဖမ်းဆီးရမိရေး
ဆက်လက်စုံစမ်းလျက်ရှိသည်။
စံတော်ချိန် ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment