Pages

Tuesday, September 23, 2014

တိုက်ကြေများကို ပြန်ပြင်ထားသည့်ကားများ ဂျပန် လေလံဈေးကွက်မှ ပိုဝင်လာ


RangonNewsDaily:: September . 23 .2014
တိုက်ကြေကားများကို ပြန်လည်ပြင်ဆင်ပြီး ဂျပန်လေလံဈေးကွက်မှ ပိုမိုတင်သွင်းလာ ကြောင်း ရောင်နီဦးကား အရောင်း ပြခန်း မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။
‘‘အဲဒီကားတွေကို R ကား တွေလို့ခေါ်တယ်။ တိုက်ထားတဲ့ နေရာတွေကို လက်ပူတိုက် ပြန် ပြင်လာတာ။ ဒီကို သွင်းလာရင် လုံးဝမသိနိုင်ဘူး’’ ဟု ဦးအောင် ၀င်းက ဆိုသည်။

ဂျပန်နိုင်ငံတွင် ရှေ့မှ တိုက်ထားခြင်း၊ နောက်မှ တိုက်ထား ခြင်း၊ ဘေးဘက် အခြမ်းများတွင်အကြိမ်အခါခါ တိုက်ထားခြင်း စသည့် ကားများကို ပြန်လည်ပြင်ဆင်ပြီး ဂျပန် လေလံတစ်ပတ်ရစ် စာရင်းသွင်း၍ ရောင်းချရာမြန်မာနိုင်ငံမှ ကားတင်သွင်းသူလုပ်ငန်းရှင် အများစု ၀ယ်ယူနေကြောင်း ၎င်းကရှင်းပြသည်။

‘‘ဒီနိုင်ငံကို ရောက်လာရင် အဲဒီကားတွေက တခြားကားတွေ နဲ့ အတူတူပဲလို့ ထင်ရတယ်။ ဒါပေမဲ့ ဈေးကချိုတယ်လေ။ အခုနောက်ပိုင်း R ကားတွေကို ဂျပန်လေလံမှာ အရမ်းဆွဲကြတယ်’’ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းတစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ တင်သွင်းလာသည့်ကားများကို R ကား ဟုတ်၊ မဟုတ် စစ်ဆေးလိုပါ က ကားနှင့်အတူ ဂျပန်နိုင်ငံမှပါ လာသည့် Cancellation ခေါ် ကားတွင် မူလက ဖြစ်ပေါ်ထား သည့် ဒဏ်ရာဒဏ်ချက်များကို ဖော်ပြထားသည့် မူရင်းသက်သေ ခံစာရွက်ကို ကားဝယ်ယူမည်ဆို ပါက တစ်ပါတည်းတောင်းခံစစ် ဆေးကြည့်ရှုသင့်ကြောင်း ကား အရောင်းပြခန်းပိုင်ရှင်များက အ ကြံပြုသည်။

အချို့ကားများမှာ ဂျပန် နိုင်ငံတွင် တိရစ္ဆာန်များ ဆောက်လုပ် ရေးလုပ်ငန်းသုံး ပစ္စည်းများ အသားစိမ်းငါးစိမ်းများတင်ခြင်းတို့ ပြုလုပ်ထားသောကြောင့် ထိုင်ခုံများ ပျက်စီးနေခြင်း၊ အနံ့စွဲနေခြင်းတို့ ရှိနေပြီး ယင်းကို ပြန်လည်ပြင်ဆင်၍ မြန်မာနိုင်ငံသို့ ရောင်းချနေကြသည်။

ပရိုဘောက်စ်ကဲ့သို့ ဈေးချို ပြီး လူသုံးများသည့်ကားများမှာ ယင်းကဲ့သို့ ဖြစ်စဉ်မျိုးပါဝင်လာ တတ်ပြီး R ကားအများစုကို ပရိုဘောက်စ်ကားများတွင် အများဆုံးတွေ့ရပြီး တိုက်ကြေ ကားကို ပြန်လည်ပြင်ဆင်ထားခြင်း ကြောင့် အတွင်းပိုင်းအင်ဂျင်များ ထိခိုက်နေပြီး မကြာခဏ ပြန် လည်ပြင်ဆင်ပေးနေရကြောင်း စမ်းချောင်းမြို့နယ် အငယ်လေး ကားဝပ်ရှော့မှ စက်ပြင်ဆရာတစ် ဦးက ပြောသည်။

7Day News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment