Pages

Tuesday, September 23, 2014

အခွန်ဆိုင်ရာသတ်မှတ်ပြီးပါက ၀ိုင်တင်သွင်းမှု စတင်နိုင်မည်ဟုဆို


RangonNewsDaily:: September . 23 .2014
ဝိုင်တင်သွင်းခွင့်ကို စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနမှ ပထမဆုံးအနေ ဖြင့် ခွင့်ပြုလိုက်ပြီဖြစ်၍ အခွန် ဆိုင်ရာ သတ်မှတ်ပြီးပါက မကြာ မီခွင့်ပြုပေးသွားမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
‘‘အရက်၊ ၀ိုင်တွေမှာ ၀ိုင်ကို အရင်စပေးမယ်။ အသင်းအဖွဲ့ တွေ၊ အကြံပေးပုဂ္ဂိုလ်တွေနဲ့ စီး ပွားကူးသန်းအနေနဲ့ကတော့ ခွင့် ပြုလိုက်ပြီ။ အခွန်ကိစ္စတွေပဲ ကျန်တော့တယ်ဆိုတော့ မကြာခင် ခွင့်ပြုမယ်’’ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။

တင်သွင်းခွင့်နှင့်ပတ်သက် ၍ စီးပွားကူးသန်းက ခွင့်ပြုချက်ပေးနိုင်ပြီး အခွန်ကိစ္စကို အကောက်ခွန်မှ သတ်မှတ်မည်ဖြစ်၍ လက်ရှိတွင် အတိအကျ မပြောနိုင်သေးဟု ဆိုသည်။

အရက် တင်သွင်းခွင့်ကို နောက်ပိုင်းမှ ခွင့်ပြုပေးရခြင်းမှာ အရက်သည် အရည်အသွေးအ မျိုးမျိုးနှင့် အမျိုးအစားများစွာ ရှိ သည့်အပြင် ဈေးကွက်အ၀င်များ ခြင်းနှင့် အတုများစွာ ရှိသဖြင့် စိစစ်မှုများ ပြုလုပ်နေဆဲ ကာလ ဖြစ်သောကြောင့်ဟု ဆိုသည်။

ဝိုင်တင်သွင်းခွင့်ကို ပထမ ဆုံးခွင့်ပြုရခြင်းသည် နိုင်ငံတွင်း သို့ နိုင်ငံခြား ဧည့်သည်များစွာ ၀င်ရောက်နေသည့်အတွက် အများစုက တင်သွင်းခွင့်ပြုလို၍ ဦးစွာ ခွင့်ပြုရခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။

အရက်၊ ဘီယာ၊ ၀ိုင်များကို ယခင် စစ်အစိုးရ လက်ထက် ၁၉၉၆ ခုနှစ်မှစတင်၍ ပြည်ပမှ တင်သွင်းရောင်းချခြင်းကို အမိန့် ကြော်ငြာစာထုတ်၍ ပိတ်ပင်တား ဆီးခဲ့သည်။ သို့သော် တရားမ၀င် မှောင်ခိုအနေဖြင့် နယ်စပ်ကုန် သွယ်ရေး လမ်းမှသာမက ပင် လယ်ရေကြောင်း ကုန်သွယ်ရေး မှပါ ၀င်ရောက်နေသဖြင့် တရား မ၀င် ကုန်သွယ်မှုတားဆီးရေးအ ဖွဲ့က ဂိုဒေါင်များကိုပါ စစ်ဆေး ဖမ်းဆီး၍ ပြည်တွင်း၌ ဈေးမြင့် လာကာ တရားဝင်တင်သွင်းခွင့် ပြုရန် စီစဉ်နေခြင်း ဖြစ်သည်။

နိုင်ငံတကာတွင်လည်း အရက်၊ ဘီယာ၊ ၀ိုင်တို့ကို အခွန် ကောက်၍ တရားဝင်တင်သွင်းရန် အများအားဖြင့် ခွင့်ပြုပေးထား သည်။ အခွန်ကောက်ခံရာတွင် လည်း အရက်ကြောင့် ဖြစ်လာ မည့် ရောဂါများ ကုသရန် ဆေးရုံ များတည်ဆောက်ခြင်း၊ ပညာပေး ဆောင်ရွက်ခြင်း စသည်တို့ အ တွက် သုံးစွဲရန် ကြိုတင်ကောက် ခံခြင်း ဖြစ်သည်။ အရက်၊ ဘီယာ၊ ၀ိုင်အတွက် အခွန်ငွေမှာ မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့တွင် ၂၀ ရာခိုင်နှုန်းထိ ကောက်ခံသည်။

လက်ရှိတွင် မြန်မာနိုင်ငံအ နေဖြင့် အခွန်များစွာ ကောက်ခံပါ က တရားမ၀င်မှောင်ခိုလုပ်ငန်း များလာမည်ကို စိုးရိမ်နေရပြီး အခွန်မကောက်ပါကလည်း ပြည် တွင်းထုတ် အရက်၊ ဘီယာများ နှင့် ဈေးကွက်တွင် ထိပ်တိုက်ရင် ဆိုင်ရမှုလည်း ရှိနိုင်သည်။

ဈေးကွက်အတွင်း အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို အခွန်တံဆိပ်ကပ်ထားခြင်း မရှိဘဲ ရောင်းချပါက ပစ္စည်းသိမ်းသည် အထိ အရေးယူမည်ဟု တိုင်း ဒေသကြီး အခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ အရက်၊ ဘီယာထုတ် လုပ်ရောင်းချနေမှုများအပေါ် အ ခွန်နှုန်းထားနှစ်ဆကျော် တိုးမြှင့် ကောက်ခံမည့် ယစ်မျိုးခွန်ဥပဒေ ကြမ်းကို စက်တင်ဘာ ၁ ရက် တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအ ဝေးက အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအရ ပြည်တွင်းရှိ အရက်ချက်စက်ရုံ များမှ ထုတ်လုပ်သော နိုင်ငံခြား အရက်ပြင်းများ လက်ကားရောင်း ချခွင့်လိုင်စင်ကို မူလအခွန်နှုန်း ထား ကျပ် ၁၂ သိန်းမှ သိန်း ၃၀ အထိ တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။

ထို့အပြင် အရက်ချက်စက် ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်များအပေါ်တွင်လည်း မူလကောက်ခံသည့် နှုန်းထားများ ထက် လေးဆကျော် တိုးမြှင့်ကောက်ခံ ရန် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကြမ်းတွင် ပါရှိသည်။

အရက်ချက်စက်ရုံအသေး ကို မူလကောက်ခံသည့် အခွန်နှုန်းကျပ် ၁၂ သိန်းမှ သိန်း ၅၀ ၊ စက်ရုံအလတ်စားများကို မူလအခွန် နှုန်းထား ကျပ်၂၄ သိန်းမှ သိန်း ၁၀၀၊ စက်ရုံအကြီးစားများကို မူလအခွန်နှုန်းထား ကျပ်၃၆ သိန်းမှ သိန်း ၁၅၀ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သုံးနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် တရားမ၀င် အရက်၊ ဘီယာ၊ ဘီယာဆိုင်များ အရေးယူမှု မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလအထိ တရားမ၀င် အရက်၊ ဘီယာဆိုင် နှစ်ထောင် ကျော်ကို အရေးယူခဲ့ကြောင်း သိ ရသည်။ အရက်ယမကာ သုံးစွဲမှု ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အရက်၊ ဘီယာ ထုတ်လုပ် ရောင်းချနေမှုများကို အခွန်နှုန်းထားနှစ်ဆကျော် တိုးမြှင့်ကောက်ခံပါက အရက်၊ ဘီယာ ရောင်းချသူများ ဆိုင်ပိတ်သိမ်းသည်အထိ အခက်ကြုံနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

7daydaily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment