Pages

Tuesday, September 23, 2014

ဟာဂ်ျဘုရားဖူး ခရီးသည်များကို အီဘိုလာ စစ်ဆေး

RangonNewsDaily:: September . 23 .2014
အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ဟာဂ်ျဘုရားဖူးရာသီအတွင်း အာဖရိကဘုရားဖူးတချို့ အပါအဝင် ဘုရားဖူးအယောက် ၃ သန်း လောက် လာရောက်မှာဖြစ်ပြီး ဆော်ဒီအာဏာပိုင်တွေက အီဘိုလာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနေပါတယ်။
ကာကွယ်ရေးဝတ်စုံတွေ ဝတ်ထားတဲ့ ကျန်းမာရေးလုပ်သားတွေက ဂျက်ဒါမြို့ ဘုရင် အဗ္ဗဒူအဇစ်နိုင်ငံတကာလေဆိပ်ထဲ ရောက်လာတဲ့ ခရီးသည်တွေကို ဆေးတွေပေး၊ ဆေးဘက်မေးခွန်းလွှာတွေ ဖြည့်ခိုင်းပြီး စစ်ဆေးခဲ့ပါတယ်။
လေဆိပ်ကျန်းမာရေးစောင့်ကြည့်မှုဌာနရဲ့ ညွှန်မှူးကတော့ ဆော်ဒီအာရေဗျကို ရောက်လာတဲ့ ခရီးသည်အားလုံးကို စစ်ဆေးဖို့ လိုတယ်လို့ ရှင်းပြပါတယ်။

ဆော်ဒီအာရေဗျဟာ ဒီနှစ်အတွက် ဟာ့ဂ်ျဘုရားဖူးခွင့်ကို ဆီရီယာလီယွန်၊ လိုင်ဘေးရီးယားနဲ့ ဂီနီနိုင်ငံတွေကို အီဘိုလာစိုးရိမ်မှုကြောင့် ပိတ်ပင်ခဲ့ပါတယ်။
::
နိုင်ဂျီးရီးယားမှာတော့ ကူးစက်မှု သေးခဲ့လို့ စိုးရိမ်စရာ နည်းတယ်လို့ အဆိုပြုခဲ့ပြီး ခွင့်ပြုမယ်လို့ အရာရှိတဦးက ပြောပါတယ်။

အနောက်အာဖရိကမှာ အီဘိုလာကူးစက်မှုဟာ ၁၉၇၆ ခုနှစ်မှာ အမျိုးအမည် ဖော်နိုင်ခဲ့ပြီးကတည်းက ခုတကြိမ်ဟာ အဆိုးဆုံး ကူးစက်မှု ဖြစ်ပါတယ်။
DVB ::-- KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment