Pages

Wednesday, September 17, 2014

မန်းတက္ကသိုလ်များ ဝန်းကျင်အနီးရှိ ဂိမ်းဆိုင်များ ဖွင့်လှစ်ခွင့်ပြုတော့မည် မဟုတ်

RangonNewsDaily:: September . 16 .2014
မန္တလေးတက္ကသိုလ်များ ပတ်ဝန်းကျင်တွင် ပါမောက္ခချုပ်များ၏ တောင်းဆိုမှုအရ Net Game၊ အင်တာနက်ဂိမ်း၊ တီဗွီဂိမ်းအစရှိသည့် ဂိမ်းဆိုင်များ ဖွင့်လှစ်ခွင့်ပြုတော့မည် မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ် ပတ်ဝန်းကျင်ရှိ ဂိမ်းဆိုင်နှင့်နက်ဂိမ်းဆိုင်ပေါင်း ၂၇ ဆိုင်ပိတ်သိမ်းရမည်ဖြစ်ကြောင်း၊တက္ကသိုလ်ပတ်ဝန်းကျင်၌သာ ဖွင့်လှစ်ခွင့် မပြုခြင်းဖြစ်ပြီး လက်ရှိပိတ်သိမ်းရသည့် ဂိမ်းဆိုင်များသည် တက္ကသိုလ်ဝန်းကျင်နှင့် လွတ်ကင်းသည့် အခြားနေရာများတွင် ဖွင့်လှစ်မည်ဆိုပါက ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသန့်ရှင်းရေး ကော်မတီမှ သိရသည်။

အထက်ပါ ကိစ္စရပ်နှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးကော်မတီမှ ဌာနမှူး ဦးစိုးတင့်အောင်က ၎င်းတို့အနေဖြင့် ပညာရေးဘက်မှ တာဝန်ရှိသူများမှ ပိတ်ခိုင်း၍ လုပ်ငန်းလိုင်စင် ခွင့်ပြုထားသော တက္ကသိုလ်များ အနီးရှိဂိမ်းဆိုင်များကို စာရင်းမှပယ်ဖျက်ကြောင်း စာပို့ပေးရခြင်းဖြစ်သည်ဟု ဆိုသည်။

တက္ကသိုလ်များအနီးမှဂိမ်းဆိုင်များပိတ်သိမ်းခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ နာယကတစ်ဦးဖြစ်သူ ဆရာဦးရဲမြတ်သူက စာမေးပွဲကျခြင်းမှာ ဂိမ်းဆိုင်များ၊ အင်တာနက်ဆိုင်များနှင့် မသက်ဆိုင်ကြောင်း ဆိုင်ပိတ်သိမ်းခြင်းဖြင့် အဆိုပါကိစ္စမှာ ထူးခြားမှုရှိလာမည် မဟုတ်ကြောင်း၊ စာမေးပွဲကျခြင်း အကြောင်းအရင်းများကို သေချာအောင်စိစစ်သင့်ကြောင်း၊ ဂိမ်းဆော့ချင်သူများက ဂိမ်းဆိုင်၌မဆော့ရပါက ၎င်းတို့၏ဟန်းဆက်၊ တက်ဘလက်များနှင့် ဆော့မြဲဆော့နေမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပိတ်သိမ်းခြင်းအား ဖြင့်ဂိမ်းဆိုင်နှင့် အင်တာနက်ဆိုင် ပိုင်ရှင်များသာ ဒုက္ခရောက်နိုင်ကြောင်းဖြင့် ၎င်း၏အမြင်ကို ပြောပြသည်။

လက်ရှိအင်တာနက် ဆိုင်အများစုမှာ နိုင်ငံခြားဖုန်းခေါ်ဆိုသူများ၊ Dota Game, Counter Game ကစားသူများ၏ ဝင်ငွေကိုသာ အဓိကထား အားကိုးနေရခြင်းဖြစ်ပြီး အင်တာနက်သီးသန့် သုံးစွဲသူများမှာဆိုင်သို့ လာရောက်ခြင်း နည်းပါးလျက်ရှိနေကြောင်း ဂိမ်းဆိုင်များမှသိရသည်။

ဂိမ်းဆိုင်ရှင်များက တက္ကသိုလ်များအနီးမှ အင်တာနက်ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ကြိုတင်အသိမပေးဘဲ ရုတ်တရက် ထုတ်ပြန်လိုက်သည့်အတွက် ၎င်းတို့၏နစ်နာမှုများအပေါ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

internetjournal , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment