Pages

Wednesday, September 17, 2014

အာရုံပြောင်း၊ ခေါင်းလောင်းသင်ခန်းစာ

RangonNewsDaily:: September . 17 .2014
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်က ဓမ္မစေတီ ခေါင်းလောင်းကို တွေ့ပြီလို့ ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းရဲ့ ထုတ်ပြန်ကြေညာချက်ဟာ လိမ်ညာပြောဆိုမှု တစ်ခုပဲဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီပြဿနာ ပြီးသွားပြီလား။ မပြီးသေးဘူးလို့ပဲ ပြောရမှာ ဖြစ်ပါ
တယ်။ 
အကြောင်းကတော့ ဦးစံလင်းဟာခေါင်းလောင်းကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး သူ့ကိုယ်စား သတင်းထုတ်ပြန်ပေးနေ
သူတွေကလည်း သူ့ကို ယုံကြည်စိတ်ချရသူလို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးစံလင်းမှာ ဘာရည်ရွယ်ချက်ရှိနေလဲ၊ သူ့နောက်ကွယ်မှာ ဘယ်သူတွေ ဘာရည်ရွယ်ချက်နဲ့ လုပ်ကိုင်နေကြသ

လဲ၊ အစိုးရအာဏာပိုင်တွေရဲ့ တာဝန်ရှိမှုကရော ဘာလဲ၊ သတင်းမီဒီယာတွေရဲ့ တာဝန်ရှိမှုကရော ဘယ်လိုလဲဆိုတဲ့ ပြဿနာကြီးတွေ ကျန်နေပါသေးတယ်။ ဒီကနေ့ အဲဒီအကြောင်းဆွေးနွေးကြည့်ကြရအောင်ပါ။
::
စက်တင်ဘာ ၁၄ ရက်က သံလျင်နတ်စင်တစ်ရာကျောင်းမှာ ခေါင်းလောင်းဆယ်ယူရေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်း

လင်းပွဲ လုပ်ပါတယ်။ နတ်စင်တစ်ရာ ဆရာတော်၊ ဦးစံလင်းရဲ့ အထောက်အကူပြုအဖွဲ့နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထောက်တွေ မေးတာကို ဖြေရပါတယ်။ နတ်စင်တစ်ရာ ဆရာတော်က သူ့အနေနဲ့ ပြည်သူကိုမလိမ်နဲ့ မရရင် မရဘူးလို့ပြောဖို့ ဦးစံလင်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလိုပြောတဲ့တိုင် ဦးစံလင်းဆီက လိမ်ညာခဲ့တယ်ဆိုပြီး ဝန်ခံတဲ့စကား၊နတ်စင်တစ်ရာ ဆရာတော်ကလည်း ဦးစံ
လင်း
က လိမ်ညာခဲ့တယ်ဆိုပြီး တိတိကျကျ ပြောဆိုတဲ့ စကားမျိုးတော့ မပါဝင်ခဲ့ပါဘူး။ ဒါ့အပြင် ဦးစံလင်းအနေနဲ့ ဆက်ပြီး တူးဦးမယ်၊ ရှာဦးမယ်လို့ ပြောလိုက်ပါသေးတယ်။
::
နောက်ထပ် ကွင်းဆက်ပြဿနာက ဦးစံလင်းနဲ့အဖွဲ့ ကြိုတင်ရထားတယ်ဆိုတဲ့ အလှူငွေ ကျပ်သိန်း ၁,၅၀ဝ ကိစ္စပါ။ အဲဒီ ငွေ ဘယ်သူတွေ လှူထားသလဲဆိုတဲ့ စာရင်းထုတ်မပေးပါဘူး။ ဒါဟာ ခေါင်းလောင်းဆယ်ယူမှု နောက်ကွယ်က ရည်ရွယ်

ချက်ကိုသိနိုင်တဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ 

သတင်းစာရှင်းလင်းပွဲ လုပ်တယ်ဆိုပေမယ့် သင်္ဘောပေါ်ကနေ လူဘယ်နှယောက် ဆင်းသွားပြီး လူဘယ်နှယောက် ရှိနေ

တယ် မပြောသလို၊ ဒီခွင့်ပြုချက်ကို အစိုးရဘယ်ဌာနကပေးသလဲ တိတိကျကျ မေးလို့လည်း မရခဲ့ပါဘူး။ အခုချိန်ကျမှ ဦးစံ
လင်းရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သူတို့အနေနဲ့ ဘာတစ်ခုမှမသိဘူး။ သင်္ဘောကြီးအနားကိုလည်း ကပ်လို့မရ
ဘူး။ ဦးစံလင်းက ဒီသတင်းထုတ်ပြန်ပေးပါဆိုရင် ထုတ်ပြန်ပေးရတာပဲ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလာကြပါတယ်။
::
ပြောရရင် ရှေ့ပိုင်းမှာ ဦးစံလင်း လိမ်ညာထားတာတွေ သူတို့ဆီမှာ တာဝန်မရှိဘူးဆိုတာပါ။ ဒါပေမဲ့ ထူးခြားတာက ဒီလူလိမ်လူညာ ပြောဆိုတာတွေကို နောက်ပိုင်းမှာလည်း သတင်းဆက်ပြီး ထုတ်ပြန်ပေးဦးမယ်လို့ ပြောဆိုကြပြန်

ပါတယ်။ 

ဒီပွဲမှာ နောက်ထပ်သိလာရတာက ဦးစံလင်း လက်ထဲရှိနေတဲ့ အလှူငွေ ကျပ်သိန်း ၁,၅၀ဝ မှာ စက်တင်ဘာ ၁၄ ရက်အထိ သိန်း ၇၀ဝ သုံးစွဲထားပြီးပြီ ဆိုတာပါ။ ဩဂုတ်လ ၉ ရက် ခေါင်းလောင်း စရှာဖွေတာကနေ တွက်ရင် ၃၆ ရက်တာ အသုံး

စရိတ် ဖြစ်ပါလိမ့်မယ်။
::
ဖြစ်စဉ်မှာ ဦးစံလင်း လုပ်ပုံကိုင်ပုံကို အသေအချာ ပြန်ဆန်းစစ်ကြည့်ရင် ခုလိုလိမ်ဖို့ ညာဖို့ စနစ်တကျ ပြင်ဆင်ထားတဲ့ ပုံမျိုး ပေါ်လွင်ပါတယ်။ ရေငုပ်သမားတွေနဲ့ တူးဖော်မယ့် အဖွဲ့တွေကို သင်္ဘောပေါ်ကို ခေါ်တင်ပြီး ပြင်ပကမ္ဘာနဲ့ လုံးဝ

အဆက်အသွယ် ဖြတ်တောက်ထားလိုက်တာ၊သူတစ်ယောက်တည်းပဲ ပြင်ပနဲ့ ဆက်သွယ်ပြီး လိုတဲ့သူနဲ့ လိုသမျှလောက်ပဲ အဆက်အသွယ်လုပ်တာ၊ သူ့ကိုပြန်ပြီး မေးခွန်းထုတ်ချင်သူတွေ၊ သတင်းမီဒီယာတွေအနေနဲ့ ဒီနေ့အချိန်ထိ ဘာမှ မေးခွန်းထုတ်လို့မရအောင် လုပ်ထားတာတွေဟာ အလွန်စနစ်ကျပါတယ်။ 

ဦးစံလင်းက ဆက်သွယ်တာ၊ ဆက်သွယ်မှုကို လက်ခံသူတွေဟာနတ်စင်တစ်ရာ ဆရာတော်
၊ သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ခံ၊ ဒီမိုကရေစီ တူဒေးသတင်းစာတွေ ပါဝင်ပြီး အစိုးရတာ
ဝန်ရှိသူတွေနဲ့လည်း အဆက်အသွယ်ရှိနိုင်ပါတယ်။
::
သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်တွေကလည်း နှုတ်လုံပါတယ်။ သင်္ဘောကြီးဆီက လူအဝင်အထွက် သတင်းလေးလောက်ကိုတောင် လုံးဝမပြောပါဘူး။ ခုနောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့ဟာ ခေါင်းလောင်းကြီး ရှိမရှိ သိဖို့နေနေသာသာ၊သင်္ဘောကြီးအနားကပ်ဖို့ နေနေသာသာ ရေထဲတောင် မဆင်းပါဘူးလို့ ငြင်းကြပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဦးစံလင်းနဲ့အဖွဲ့ဟာ ခေါင်းလောင်းကြီးကိစ္စ လူတွေအာရုံ ရောက်အောင် ရက် ၂၀၊ တစ်လ ကျော် လုပ်ထားနိုင်ခဲ့ပြီး အဲဒီအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၇၀ဝ ရှိတဲ့အတွက် တကယ်လို့ ဒါဟာ ဖန်တီးမှုတစ်ခုဆိုရင် တွက်ခြေကိုက်တယ်လို့ ပြောနိုင်ပါတယ်။
::
ခုဆို သတင်းမီဒီယာတွေဘက်ကိုလည်း ပြန်ပြီးစိစစ်ဖို့လိုလာပါတယ်။ ခေါင်းလောင်းအကြောင်းပြုပြီး ပြည်သူတွေကို အာရုံပြောင်းဖို့ လုပ်တယ်၊ အာရုံပြောင်းတဲ့နည်းကို စမ်းသပ်လေ့ကျင့်တယ်လို့ ယူဆရင် သတင်းမီဒီယာတွေထဲက ပူးပေါင်း ပါဝင်
တာမျိုးကော ရှိနိုင် မရှိနိုင် စုံစမ်းဖော်ထုတ်ဖို့လိုပါတယ်။ 

တချို့ မှန်မှန်ကန်ကန် ရေးသားဖော်ပြတဲ့ သတင်းမီဒီယာတွေရှိသလို၊တချို့ မဟုတ်မမှန်မှန်း၊ အဓိပ္ပာယ်မရှိမှန်း သိပေမယ့် ရိုးရိုးသားသား သတင်းစာ၊ ဂျာနယ်ရောင်းကောင်းအောင် ရေးသားဖော်ပြတာမျိုးလည်း ရှိနိုင်ပါတယ်။ 
::
တချို့ကတော့ ဦးစံလင်းနဲ့ပေါင်းပြီး စနစ်တကျ ပြည်သူတွေ အာရုံမရောက်ရောက်အောင် အဆက်မပြတ် မှိုင်းတိုက် ရေးသား၊ ထုတ်လွှင့်ပြသတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါက ဆက်ပြီး ဖော်ထုတ်ရမယ့်ကိစ္စပါ။

တကယ်တော့ ဓမ္မစေတီ ခေါင်းလောင်းကိစ္စ ပေါ်လာတာဟာ သတင်းမီဒီယာတွေရဲ့ တာဝန်ရှိမှုကို မေးခွန်းထုတ်ရမယ့်ပြဿနာတစ်ခုအဖြစ်လည်း ပေါ်လွင်စေပါတယ်။ မဟုတ်မမှန်ပြောတာတွေကို ပြောတဲ့အတိုင်း ရေးသား၊ ဖော်ပြ၊ ထုတ်လွှင့်၊့ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်ဆိုရင် အဲဒီ သတင်းမီဒီယာတွေမှာ လုံးဝ တာဝန်ရှိပါတယ်။ တာဝန်သိ မီဒီယာ
ဆိုရင်တော့ မမှန်မကန် ရေးသားဖော်ပြခဲ့မှုအတွက် ပြည်သူတွေကို ပြန်တောင်းပန်ဖို့တောင် လိုပါလိမ့်မယ်။
::
နောက်ထပ် မေးခွန်းထုတ်စရာက အစိုးရတာဝန်ရှိသူတွေပါ။ သူတို့ဟာ ဒီဖြစ်စဉ်ကို အပေါ်ကနေ ကောင်းကောင်းစောင့်ကြည့်နေမှာဖြစ်ပြီး ဘာတွေဖြစ်ပျက် နေသလဲ ဆိုတာကိုလည်း
ကောင်းကောင်း သိကြမယ့်သူတွေပါ။ တကယ်လို့သာ ပြည်သူတွေရဲ့အာရုံကို ပြောင်းဖို့၊ ဒါမှ
မဟုတ် ဒါကို လေ့ကျင့်ဖို့ အကောင်အထည် ဖော်တဲ့အထဲမှာ မပါဝင်ခဲ့ဘူးဆိုရင် ဦးစံလင်းရဲ့ တိုင်းပြည်၊ ပြည်သူ၊ အစိုးရနဲ့ ကမ္ဘာကြီးကိုပါ လိမ်လည်လိုက်တဲ့ကိစ္စ တစ်စုံတစ်ခု အရေးယူဖို့ လိုပါလိမ့်မယ်။ 
::
ဒီလိုမှမဟုတ်ရင် ဦးစံလင်း လိမ်ညာ၊ အာရုံ ပြောင်းအောင် မှိုင်းတိုက်တဲ့ကိစ္စမှာ အလိုတူ အလိုပါတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Written by စည်သူအောင်မြင့်
Mizzima ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment