Pages

Wednesday, September 17, 2014

ကိုလံဘီယာ အမျိုးသမီးအသင်းဝတ်စုံကို နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ် ကန့်ကွက်


RangonNewsDaily:: September . 16 .2014
ကိုလံဘီယာအမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ် မ၀တ်ထားတဲ့ ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။
Bxe6fNpIQAAb9s7 copyအီတလီမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာအမျိုးသမီး စက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင် ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ် ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့ အတွက် စက်ဘီးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဘိုင်ယံကွတ်ဆင်က အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

ဘယ်လူမှုရေး ကျင့်ဝတ်စံ နှုန်းတွေနဲ့ပဲ ကြည့်ကြည့် ဒါဟာ လက်မခံနိုင်သလို ကိုလံဘီယာ စက်ဘီးအဖွဲ့ချုပ်ကိုလည်း ဒီဝတ်စုံနဲ့ ပတ်သက်ပြီး အသင်းရဲ့ တာဝန်ရှိမှုကို သတိပေး သွားမယ်လို့လည်း ဆိုပါတယ်။

ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသီတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ကိုလံဘီယာအသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းက စက်ဘီးသမားတဦးက ဖန်တီးခဲ့တာ ဖြစ်ပြီး အသင်းဖော်တွေက အတည်ပြုခဲ့သလို လပေါင်းအတော်ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment