Pages

Wednesday, September 17, 2014

ပုဇွန်တောင်နှင့် ကြည့်မြင်တိုင်ဘူတာကြား မြေနေရာများတွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါခေါ်မည်

RangonNewsDaily:: September . 16 .2014
ပုဇွန်တောင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြားရှိ မြေ နေရာကျယ်များတွင် စီးပွားရေး အဆောက်အအုံများတည် ဆောက်ရန် တင်ဒါခေါ်ယူမည်ဟု ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သ တင်းရရှိသည်။
ကြည့်မြင်တိုင် ဘူတာတွင် မြေကွက် သုံးကွက် လေ့လာတိုင်းတာထားပြီး ပုဇွန်တောင်ဘူတာတွင် မြေကွက် နှစ်ကွက်ကို သတ်မှတ်ထားပြီးဖြစ်ကာ စီးပွားရေးအဆောက်အအုံများ၊ ဆိုင်ခန်းများ၊ ကားပါကင်များ တည်ဆောက်လုပ်ကိုင်နိုင်ရန် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို မကြာမီတင်ဒါခေါ်ယူမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိကပြောသည်။

တိုင်းတာတွက်ချက်မှုများ အရ မလွတ်ကင်းသည့် ၀န်ထမ်း လိုင်းခန်းများ၊ အဆောက်အအုံ များကို အသစ်ပြန်လည်တည် ဆောက်သွားမည်ဟု ဆိုသည်။


ရန်ကုန်တွင် ၀န်ကြီးဌာနအ သီးသီးက ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ရှင်းလင်းရန် မိမိ ၀န်ကြီးဌာနပိုင်မြေနေရာများတွင် ဖော်ထုတ်ခြင်း အသစ်တိုးချဲ့ခြင်း များ ပြုလုပ်လျက်ရှိရာ ရထားပို့ ဆောင်ရေးဝန်ကြီးဌာနက မြေနေ ရာကျယ်များတွင် စီးပွားရေးအ ဆောက်အအုံများတည်ဆောက် ခြင်းအပါအ၀င် ကားပါကင်များပါ တည်ဆောက်ရန် တစ်ပါတည်း ထည့်သွင်းစဉ်းစားထားပြီးဖြစ်သည်


‘‘အဆင့်နိမ့်နေတဲ့ နေရာတွေကို အဆင့်မြှင့်ဖို့ အစိုးရက အခုမှ တွေးမိပုံရတယ်’’ဟု မြို့ပြစီမံကိန်း ပညာရှင် ဦးဝင်းမြင့်က ပြောသည်။လက်ရှိကြည့်မြင်တိုင်ဘူ တာရှိ ဌာနလိုင်းခန်းအများစုတွင် မူလ၀န်ထမ်းများ နေထိုင်မှုနည်းပါးပြီး ပြန်လည်ငှားရမ်းထားသဖြင့် အသစ်ပြန်လည်တည်ဆောက် မည်ဆိုပါက ယင်းနေရာတွင် နေ ထိုင်သူ လက်လုပ်လက်စားများ နေရာရွှေ့ပြောင်းရေးအခက်အခဲ တစ်ခုဖြစ်လာနိုင်ကြောင်း ၀န်ထမ်းလိုင်းခန်းတွင် နေထိုင်သူ မီး ရထားလက်မှတ်စစ်တစ်ဦးက ပြောသည်။


မြန်မာ့မီးရထားက မရမ်း ကုန်းမြို့နယ်၊ လသာမြို့နယ်၊ ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်မှမြေ ကွက် သုံးကွက်ကို စီမံကိန်းလုပ် ငန်းများ လုပ်ကိုင်ရန် မရှိသဖြင့် နှစ်ရှည်ငှားရမ်းမှုများ လုပ်ကိုင်ရန် ပြီးခဲ့သည့်အပတ်က တင်ဒါခေါ်ယူထားသည်။


မီးရထားပိုင်မြေနေရာများ တွင် လူနေထိုင်ခြင်းမရှိသည့် အိမ်ရာများ၊ ချုံနွယ်ပိတ်ပေါင်းများ၊ သက်တမ်းကြာမြင့်နေပြီး အလုပ် မလုပ်တော့သည့် ကုန်လှောင်ရုံ များရှိခြင်းကြောင့် ရန်ကုန်တွင် အရေးတကြီးလိုအပ်နေသည့် ကား ရပ်နားရန် နေရာများ ဖန်တီးပေး ရန် ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲပေးနေသည့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အကြံပြုထားသည်။


by 7day , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment