Pages

Tuesday, August 26, 2014

Ooredoo ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု သုံးစွဲသူပေါင်း သုံးပတ်အတွင်း တစ်သန်းကျော်ရှိလာ

RangonNewsDaily:: August . 26 .2014
ကာတာဆက်သွယ်ရေး ကုမ္ပဏီ Ooredoo Myanmar ၏ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲသူအရေအတွက် တစ်သန်းကျော်ရှိပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ယနေ့သတင်းထုတ်ပြန်လိုက်သည်။
Ooredoo Myanmar ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်မိတ်ဆက်သည့်နေ့မှ သုံးပတ်အတွင်း တစ်နိုင်ငံလုံးအ
နှံ့ သုံးစွဲသူပေါင်း တစ်သန်းကျော်အထိ ရှိလာကြောင်းသိရသည်။ ကာတာဆက်သွယ်ရေး ကုမ္ပဏီမှ ရောင်းချနေသော မိုဘိုင်းဆင်းမ်ကတ်များနှင့် အင်တာနက်ဝန်ဆောင်မှုများသည် ရက်သတ္တပတ် အနည်းငယ်အတွင်း သုံးစွဲသူပေါင်း တစ်
သန်းကျော်ရှိလာသော်လည်း အထူးသဖြင့် ရန်ကုန်မြို့အတွင်းရှိ အချို့သော မြို့နယ်များတွင်မူ ဖုန်းလိုင်းမမိခြင်း၊ မိုဘိုင်း
အင်တာနက်ကို အချိန်မရွေး အသုံးမပြုနိုင်သေးဘဲ အင်တာနက် ဆက်သွယ်မှု ကွန်ရက်များလည်း အထူးမြန်ဆန်မှုမ
ရှိသေးကြောင်း သုံးစွဲသူအချို့ကဆိုကြသည်။

အဆိုပါ ကုမ္ပဏီကမူ ၎င်းတို့အနေဖြင့် တာဝါတိုင်များကို နေ့စဉ်စိုက်ထူနေပြီး ဆက်သွယ်မှုကွန်ရက်များကိုလည်း တစ်နေ့

စ်ခြား ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေကြောင်း ပြောကြားသည်။ 

ထို့အပြင် ကာတာ ဆက်သွယ်ရေးကုမ္ပဏီ၏ မိုဘိုင်းအင်တာနက် အသုံးပြုခများသည် နိုင်ငံတကာနှင့်ယှဉ်လျှင် ဈေးနှုန်း
အနည်း ငယ် များပြားနေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေပြီး ယင်းကုမ္ပဏီကမူ ၎င်းတို့၏ ဝန်ဆောင်ခ နှုန်း
ထားများကို နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း ပြန်လည်လျှော့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Internet Journal , 
KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment