Pages

Tuesday, August 26, 2014

တယ်လီနောတာဝါတိုင်ဆောက်ခွင့်ရ ပြည်ပကုမ္ပဏီအချို့ ငွေပေးချေရန်နှောင့်နှေး၍ လုပ်ငန်းများကို ရပ်ဆိုင်းသွားမည်ဟုဆို


RangonNewsDaily:: August . 26 .2014
တယ်လီနောတာဝါ တိုင်များ ဆောက်လုပ်ခွင့်ရရှိထားသော ပြည်ပကုမ္ပဏီ အချို့က မြန်မာကန်ထရိုက် တာများအား ငွေပေးချေရန် နှောင့်နှေးမှု များ ရှိနေသည့်အတွက် တာဝါတိုင်ဆောက် လုပ်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း တယ်လီနော၏ ဆက်သွယ် ရေး တာဝါတိုင် ဆောက်လုပ်ခွင့်ရရှိထား သော ကန်ထရိုက်တာ
တစ်ဦးကပြောသည်။
တယ်လီနောအနေဖြင့် ဆက် သွယ်ရေးတာဝါတိုင် ဆောက်လုပ်ခြင်းကို Apolo နှင့် IGT ကုမ္ပဏီနှစ်ခုဖြင့် စာချုပ် ချုပ်ဆို လုပ်ကိုင်နေပြီး ယင်းကုမ္ပဏီနှစ်ခု မှ Sub-Contractor များဖြင့် လုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်း၏ Sub-contractor တစ်ခုဖြစ် သော Lecon ကုမ္ပဏီမှတစ်ဆင့် တာဝါ တိုင် တည်ဆောက်ခြင်းကို ကန်ထရိုက်တာ အဖြစ်လုပ်ဆောင်နေသူ One Stop Solution ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲ မင်းသိုက်က ''ကျွန်တော်တို့လို တာဝါတိုင် ဆောက်ရတဲ့ ကန်ထရိုက်တာတွေကို စာ ချုပ် ချုပ်ထားတဲ့ကုမ္ပဏီတွေက ငွေပေး ချေမှုနဲ့ ပတ်သက်ရင်နှောင့်နှေးမှုတွေ ရှိနေ တယ်။ 


အခုထိ ဆိုက်နှစ်ခုကနေ ကျွန်တော် တို့ ဒေါ်လာ ၁၉ဝဝဝ မရသေးဘူး။ သူတို့ က ပရောဂျက်ဆိုရင် ချက်ချင်းပဲ။ ပေးမန့် ကျတော့ ရက်တွေ ဆက်တိုက်ရွှေ့တယ်။ အခုလဲ တစ်လရှိပြီ ပေးမန့်မရသေးဘူး။ တ ကယ်လို့သာ ဒီလကုန်အထိ ငွေမ
ရသေး ဘူးဆိုရင် ၁၁၅ မိုင်မှာ ဆောက်နေတဲ့ တယ် လီနောတာဝါတိုင်ကို ရပ်ဆိုင်းပြီး ပိတ်လိုက် မယ်။ ပြီးရင် အစိုးရကို ပြန်အပ်လိုက်မှာ ပဲ။ မြန်မာတွေရဲ့ ဘာသာစကားကျွမ်းကျင် မှုမရှိတာတွေကို အခွင့်ကောင်းယူနေသ လိုပဲ'' ဟု ပြော
သည်။

ယင်းကိစ္စများနှင့် ပတ်သက်ပြီး ကန်ထရိုက်တာများအနေဖြင့် တယ်လီနော ရုံးချုပ်သို့ တိုက်ရိုက်ပြောကြားသော်လည်း Sub-Contractor သို့ တွန်းအားပေးမည် ဆိုသည့် အဖြေတစ်ခုကိုသာရရှိပြီး ယင်း ကုမ္ပဏီများအနေဖြင့် ပြဿ နာပြေလည် အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း သိရသည်။


''တချို့ကန်ထရိုက်တာတွေက တော့ Invest လုပ်နိုင်တော့ ပေးမန့်ကို နှစ် လလောက်နေမှလဲ ယူနိုင်တယ်။ တချို့ ကန်ထရိုက်တွေမှာ ပြဿ နာရှိတယ်။ လုပ် ငန်းခွင်ကလူတွေကို လစာချေဖို့ မတတ် နိုင်တော့ဘူး။ သူတို့ဘက်က ကတိဖျက် တော့ ကျွန်တော်တို့လဲ ကတိပျက်တယ်။တကယ်လို့သာ ကျွန်တော်တို့နဲ့ စာချုပ် ချုပ်လုပ်နေတဲ့ Lecon က ငွေပေးချေမှု မရှိရင် တရားစွဲသွားမှာပါ'' ဟု ဦးရဲမင်းသိုက် ဆက်ပြောသည်။


ယခုဖြစ်ပေါ်နေသော ပြဿ နာရပ်များသည် တယ်လီနောမှ ခန့်အပ် ထားသော တာဝါတိုင်တည်ဆောက်သည့် ကုမ္ပဏီ

အချင်းချင်း ဖြစ်ပွားသည့် ကိစ္စရပ် ဖြစ်သဖြင့် သေချာစွာ စုံစမ်းစစ်ဆေးပြီးမှ သာ ပြေလည်အောင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ တာဝန် ရှိသူတစ်ဦးက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

TheFlowerNews , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment