Pages

Tuesday, August 26, 2014

"အနုပညာသည် အနုပညာအတွက်" ဆိုသည့်အယူအဆ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် မသင့်တော်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော


RangonNewsDaily:: August . 26 .2014
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေပေါ်မူတည်၍ "အနုပညာသည် အနုပညာအတွက်" ဆိုသည့်အယူအဆ၊အပြောအဆို များမှာ မသင့်တော်သေးဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သြဂုတ်လ ၂၅.၈.၂၀၁၄ ရက်နေ့က ရန်ကုန်မြို့ ရွှေခုံတိုင်
ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်သော စာပေအနုပညာရှင်များနှင့်တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။
"အနုပညာဆိုတာ အနုပညာပဲ။နိုင်ငံရေးနဲ့မဆိုင်ဘူး၊နိုင်ငံရေးနဲ့မပတ်သက်ရဘူး၊အဲတော့အနုပညာဟာ အနုပညာအ
တွက်သာဆိုတဲ့အမြင်တွေလည်းရှိပါတယ်။ဒါကို ကျွန်မ မငြင်းဆန်လိုပါဘူး၊

ဒါပေမယ့် ကိုယ့်နိုင်ငံရောက်နေတဲ့ခေတ်နဲ့ ရောက်နေတဲ့ အခြေအနေနဲ့ အများကြီးသက်ဆိုင်ပါတယ်လို့ ကျွန်မထင်ပါ
တယ်။အနုပညာဟာအနုပညာသက်သက်သာဆိုတဲ့ အနေအထားမျိုး အယူအဆမျိုးဟာ နိုင်ငံတစ်နိုင်ငံ က နိုင်ငံရေးအရ၊စီးပွါးရေးအရ အတိုင်းအတာတစ်ခုထိ တိုးတက်တည်ငြိမ်နေပြီဆိုလို့ ရှိရင် အဲလိုသဘောထားတွေနဲ့ လုပ်လို့ ရတယ်လို့ ကျွန်မထင်ပါတယ်။

သို့သော် ကျွန်မတို့ နိုင်ငံကို အားလုံးက ၀ိုင်းပြီးတော့ ရုန်းရမယ့် အချိန်မှာ အနုပညာရှင်များဟာ အနုပညာသက်သက်အ
တွက်ပဲဆိုတာတော့ မသင့်တော်ဘူးလို့ ဒါ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောတာပါ။"ဟု ယင်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က စာပေအနုပညာရှင်များ၏ သြဇာမှာ ကြီးမားကြောင်း၊ကာတွန်းများမှတစ်ဆင့်တင်ပြမှုမှာ ပြည်

သူလူထု၏အနေအထားကိုရောင်ပြန်ဟတ်ထင်ကြောင်း၊စကားနှင့်မပြောနိုင်သည့် ကစ္စတစ်ချို့ဆိုလျှင်ကာတွန်းနှင့် ပြော
သည်က ထိရောက်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

ယခုစာပေအနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနောက်ပိုင်းတွင် နိုင်ငံတိုးတက်ရေးအတွက် မည်

သို့ဆောင်ရွက်ကြမည်ဆိုသည်ကပို၍ အရေးပါသည့်အတွက် ပွဲပြီး မီးသေမဖြစ်စေရန်အားလုံးပူးပေါင်းစေလိုကြောင်း တက်ရောက်လာခဲ့ကြသည့် စာပေပညာရှင်များက အကြံပြု ပြောကြားခဲ့ကြသည်။

News Watch , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment