Pages

Tuesday, August 26, 2014

မိတ္ထီလာပဋိပက္ခကြောင့် အိုးအိမ်မဲ့သွားသူများအား မဲနှိုက်၍ လုံးချင်းတိုက်များ နေခွင့်ပေး


RangonNewsDaily:: August . 26 .2014
မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် သွားသူများအတွက် လုံးချင်း တိုက်အလုံး ၃၅၀ကို မဲနှိုက်၍နေထိုင်ခွင့်တင်စပေးနေပြီဖြစ်ကြောင်းသ တင်းရရှိသည်။
မိတ္ထီလာအကြမ်းဖက်မှုဖြစ် စဉ်တွင် ချမ်းအေးသာယာရပ် ကွက်ရှိ လူနေအိမ်ခြောက်ရာ ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦး ရေသုံးထောင်ကျော်ဒုက္ခသည်စ ခန်းသို့ ရောက်ရှိခဲ့သည်။ ချမ်း အေးသာယာရပ်ကွက်တွင် မီး လောင်ဆုံးရှုံးခဲ့သူများ မဲနှိုက်ရာ ဗုဒ္ဓဘာသာဝင်အိမ်ထောင်စု ၉၅စုနှင့် အစ္စလာမ်ဘာသာဝင်အိမ် ထောင်စု ၂၅၅စုတို့သည် လုံးချင်း တိုက် ၃၅၀ကို မဲပေါက်၍ကနဦးစ တင်နေထိုင်ခွင့်ရရှိခြင်းဖြစ်သည်။ ၎င်းတို့သည် အကြမ်းဖက်မှုဖြစ် စဉ်ဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာမှသာ နေအိမ်များ၌စတင်နေထိုင်ခွင့်ရရှိခြင်းဖြစ်သည်။

မိတ္ထီလာမြို့ ချမ်းအေးသာ ယာရပ်ကွက်ရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုကြောင့်ဒုက္ခသည် စခန်းများတွင်ရောက်ရှိနေသည့် ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလာမ် ဘာသာဝင်များနေထိုင်ရန် မန္တ လေးတိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် MMရောင်နက်ဗလီမိ သားစုအလှူရှင်များ၏ငွေကြေး များဖြင့် ယခုနှစ်ဇန်န၀ါရီလဆန်း မှစတင်ကာတည်ဆောက်နေခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

‘‘ဒီလ ၁၉ရက်နေ့က မဲနှိုက် ပြီးချပေးတာပါ။ အိမ်ထောင်စု အားလုံးတော့မရသေးပါဘူး။အိမ် ထောင်စု ၂၅၀တော့စတင်နေနေ ပါပြီ။ ကျန်တဲ့အိမ်ထောင်စုတွေ က နေရာတော့ရသွားပြီ။ဒါပေမဲ့ အသေးစိတ်မပြီိးသေးလို့နေလို့မ ရသေးတာပါ’’ဟု မိတ္ထီလာဒုက္ခ သည်များအတွက်အဆောက်အ အုံဆောက်လုပ်ပေးသည့် MM ရောင်နက်ဗလီမိသားစုဆောက် လုပ်ရေးတာဝန်ခံဦးခင်နန်းက ပြောသည်။

ဒုက္ခသည်စခန်းတွင်ကျန်ရှိ နေသော ချမ်းအေးသာယာရပ် ကွက်မှ မီဘေးသင့်အိမ်ထောင်စု ၃၄၄စုအတွက် ၁၅ × ၄၀ပေအ ကျယ်အ၀န်းရှိတိုက်ခန်း ၃၄၄ခန်း ပါနှစ်ခန်းတွဲတိုက် ၁၇၁လုံးကို စက်တင်ဘာတွင် အပြီးတည် ဆောက်ပေးသွားမည်ဖြစ်ကြောင်းဦးခင်နန်းကပြောသည်။

မိတ္ထီလာပဋိပက္ခကြောင့် နေအိမ်မီးလောင်၍ ဒုက္ခသည်စခန်းသို့ရောက်ရှိလာသော အခြားရပ်ကွက်များမှ စာရွက်စာတမ်းအထောက်အထားမှန်ကန်သောအိမ်ထောင်စုများသည် ၎င်းတို့ယခင်က နေထိုင်သောနေရာများတွင်နေထိုင်နေကြပြီဖြစ်သည်။

မတ်လ ၂၁ရက်မှ ၂၃ရက် ထိဖြစ်ပွားခဲ့သော မိတ္ထီလာအ ကြမ်းဖက်မှုဖြစ်စဉ်တွင် လူ ၄၀ ကျော်သေဆုံးခဲ့ပြီး အိမ်ခြေ၁၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံရကာလူဦး ရေ တစ်သောင်းနီးပါးဒုက္ခသည်စ ခန်းသို့ရောက်ရှိခဲ့သည်။ လက်ရှိ အချိန်တွင် ဒုက္ခသည်စခန်းသုံးခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် သုံး ထောင်ကျော် ကျန်ရှိနေသေး ကြောင်းသတင်းရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment