Pages

Tuesday, August 26, 2014

လွမ်းနေ သတိရနေရတာက


လွမ်းနေ သတိရနေရတာက...............................
တမိုးအောက်မှာ
အတူရှိနေတာပဲလေ ဆိုတဲ့ စိတ်ကလေးနဲ့သာ
ငါ နင့်ရဲ့အဝေးမှာ
အားတင်းနေဖြစ်ခဲ့တာပါ ချစ်သူ
ဝမ်းနည်းနေချိန်တိုင်း
နင့်ကို တမ်းတနေမိတက်သလို
ဆုံးဖြတ်ချက်တွေ ချဖို့
တွေဝေရတဲ့အခါတိုင်းလည်း
နင့်ကို အနားမှာ ရှိနေစေချင်မိတာပါ

တခါတလေ
နင်ပို့လာတဲ့ အရမ်းလွမ်းတယ်ဆိုတဲ့
မက်ဆေခ်ျ့ လေးကိုဖတ်မိရင်
ရင်ဘက်ထဲမှာရှိတဲ့ ထပ်တူခံစားချက် တွေက
လွမ်းလို့ကျမိလိုက်တဲ့ မျက်ရည်တွေကို
ထိန်းချုပ်ဖို့ခွန်အားရှိမနေပြန်ဘူးလေ

လက်ခြင်းချိတ်ပြီး လျှောက်သွားခဲ့တယ်
ခါးလေးဖက်ရင်း လမ်းလျှောက်ခဲ့ဖူးတယ်
နင့်ဓာတ်ပုံလေးတွေကြည့်ရင်း အလွမ်းဖြေဖူးတယ်

နှုတ်ဆက်ခွဲရပြန်တော့ လည်း ငါငိုခဲ့ဖူးတယ်

ကိုယ်ချစ်ရတဲ့သူကို
အဝေးမှာထားပြီး လွမ်းနေ သတိရနေရတာက
မလွယ်ဘူး ကလေးလေးရယ်


0 comments:

Post a Comment