Pages

Sunday, August 24, 2014

ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်


RangonNewsDaily:: August . 24 .2014
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ထောက်ပံ့ပေးနေသော ဗြိတိန်နိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး Mr.Desmond Swayne ၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ Mr.Gavin McGillivray က ပြောကြားသည်။
ခရီးစဉ်အတွင်း နေပြည်တော်၊ မြစ်ကြီးနားမြို့များသို့ သွားရောက်ကာ အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကချင်ဒေသခံတို့ကို တွေ့ဆုံစကားပြောမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များသို့ သြဂုတ်လ ၂၅ ရက်နေ့တွင် သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဗြိတိန်အစိုးရက ထောက်ပံ့နေသော အသေးစား ငွေချေးလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျေး

လက်ဒေသ ဖွံ့ဖြိုးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် လူသားချင်း စာနာထောက်ထားမှု စီမံကိန်းများကို သွားရောက် လေ့လာ
မည်ဖြစ်ပြီး ရှေ့ဆက်ထောက်ပံ့မည့် အစီအစဉ်များကို အစိုးရအဖွဲ့နှင့် ထပ်မံညှိနှိုင်းသွားရန် ရှိကြောင်း Mr.Gavin McGillivray ကရှင်းပြသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန DFID ၏ ၁၀ နှစ် အထိမ်း

အမှတ် ပွဲကိုလည်း Mr.Desmond Swayne တက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ သိရ
သည်။

ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အစိုးရအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ရွေးကောက်ပွဲ ပညာပေး အစီအစဉ်များ ပြုလုပ်ရန် စတာလင်ပေါင် ၄ သန်းကျော်သုံးစွဲရန် လျာထားကြောင်း Mr.Gavin McGillivray ကဆိုသည်။


မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဗြိတိန်အစိုးရမှ အနည်းဆုံး စတာလင်ပေါင် သန်း ၂၀ ကျော်ကို နှစ်စဉ် ထောက်ပံ့ပေးလျက် ရှိပြီး၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အကူအညီများ ထပ်မံတိုးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ စုံစမ်းသိ

ရှိရသည်။

ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျန်းမာရေး၊ပညာရေး၊လူသားချင်း စာနာထောက်ထားမှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး

အတွက် စတာလင်ပေါင် ၆၇ သန်း (အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး) ကို ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့သွားမည် ဖြစ်သည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment