Pages

Sunday, August 24, 2014

ကချင်ပြည်နယ်တွင် ဂျပန်ဦးနှောက် ရောင်ရောဂါအတွက် ကာကွယ်ဆေးမရှိ


RangonNewsDaily:: August . 24 .2014
ကချင်ပြည်နယ်တွင် ဂျပန်ဦးနှောင် ရောင်ရောဂါ အတွက် ကာကွယ်ဆေး ထိုးရန်လည်း မရှိသေးဟု ကချင်ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာဝင်းလွင်က မဇ္ဈိမကိုပြောသည်။
“မရှိပါဘူးခင်ဗျာ။ ကာကွယ်ဆေး မပေါ်သေးပါဘူး။ ရောဂါထပ်မဖြစ်တာ ၁၀ ရက်လောက်ရှိပါပြီ။ အရင်အတိုင်းပါပဲ။ ထပ်တိုးတာ မရှိပါဘူး”ဟု ဒေါက်တာဝင်း လွင်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်ရှိ ခရိုင်သုံးခုတွင် ဇွန်လမှ စတင်ဖြစ်ပွားလျက်ရှိသည့် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူမှာ သြဂုတ် ၂၂ရက်အထိ ၂၂ဦးရှိနေပြီး ယင်းအြ ပင် စစ်မစစ်ရသေးမီ နှစ်ဦးသေဆုံးခဲ့သေးသည်ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်များတွင် ကျူးလက်(စ်)ခြင် (Culex tritaenior-hynuhus) ကိုက်ခြင်းကြောင့် ဖြစ်ပွားသည့် ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့ရှိသူ ၁၃ဦး၊ သွေးစစ်ဆေးထားဆဲ ၉ဦးရှိပြီး လူနာများကို မြစ်ကြီးနားမြို့ ဆေးရုံတွင် ဆေးကုသ ပေးနေသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ကချင်ပြည်နယ်အတွင်း အဆိုပါ ရောဂါ ဖြစ်ပွားသူ ၅ ဦးခန့် ရှိခဲ့ပြီး ယခုနှစ်တွင် ရေဂါပိုးတွေ့ရှိသူ ၁၃ ဦးထိရှိလာခြင်းဖြစ် သည်။

mizzima , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment