Pages

Sunday, August 24, 2014

တရားခွင်တွင် ကျန်းမာရေးအခြေအနေကြောင့် ဦးဆန်းဆင့်အား စစ်ဆေးမှုများရပ်နား

RangonNewsDaily:: August . 24 .2014
၁၀ ကြိမ်မြောက် ရုံးချိန်းတွင် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်သည် အ သက်ရှူ ကျပ်လာသောကြောင့် အရေးပေါ်ဆရာဝန်များနှင့် ကုသ ခဲ့ရပြီး စစ်ဆေးမှုများ ရပ်ဆိုင်းခဲ့ ရကြောင်း သတင်းရရှိသည်။
‘‘သုံးယောက်မြောက် သက် သေကို စစ်ဆေးတဲ့အချိန်မှာ ချွေး တွေပြန်ပြီးတော့ မူးပြီး ထိုင်ခုံပေါ် မှာ ပက်လက်ကြီးဖြစ်သွားတယ်။ အရင်က နှလုံးခုန်နှုန်း မမှန်တာ တွေရှိတယ်။ မွန်းကျပ်ပြီး အသက် ရှူကျပ်လာတယ်။ အသက်ရှူလို့ မကောင်းဘူးဆိုပြီး သူနည်းနည်း တော့ ပြောနိုင်သေးတယ်’’ ဟု တရားခွင်တွင် စစ်ဆေးမှုများ ပြု လုပ်နေသည့် ရှေ့နေ ဦးဆန်းမြင့် က ပြောသည်။

အထက်ပါ အခြေအနေများ ကြောင့် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်တွင် စစ်ဆေးမှုများ အရေး ပေါ်ရပ်နားခဲ့ရပြီး တရားသူကြီးထံ ခွင့်တောင်းကာ ခုတင် ၁၀၀၀ ဆေးရုံမှ ပါရဂူဆရာဝန်ကြီးများအားပင့်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများ ပြုလုပ် ပြီး နေ့လယ်၂ နာရီအချိန်တွင် ဆရာဝန်များက ဦးဆန်းဆင့်အားအနား ပေးရန် လိုအပ်ကြောင်း တရား သူကြီးထံ တင်ပြသောကြောင့် လို အပ်သော ဆေးစစ်ဆေးမှုများ ပြု လုပ်ကာ ရမည်းသင်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

‘‘ဆရာဝန်တွေ ကိုယ်တိုင် ကိရိယာအစုံအလင် စစ်ဆေးတာ ပဲ။ အရင်မရှိတဲ့ သွေးတိုးရောဂါပါ ဖြစ်နေတယ်။ Pressure မြင့်လာ တော့ ခေါင်းမထူနိုင်အောင် ဖြစ် သွားတာ’’ ဟု ဦးဆန်းမြင့်က ပြော ကြားသည်။

ယခင်သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်သည် ကျန်း မာရေးချို့ယွင်းလာသောကြောင့် ကျန်းမာရေးကို အဓိကထားပြီး လျှောက်ထားသော အာမခံရရှိရန် (အချုပ်လွတ်ထုချေခွင့်) လျှောက် ထားခဲ့မှုကို ဒက္ခိဏသီရိမြို့နယ်တရားရုံးမှ ပယ်ချလိုက်သောကြောင့် အချုပ်လွတ်ထုချေခွင့် ထပ်မံရယူရန်အတွက် မန္တလေးတိုင်းဒေသကြီး တ ရားရုံးသို့ လျှောက်လဲထားကြောင်း သိရသည်။

ဦးဆန်းဆင့်သည် နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ပုဒ်မ (၄၀၉) ယုံကြည်အပ်နှံအလွဲသုံးစားမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ဦးဆန်းဆင့်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့တွင်လည်း အကျဉ်းထောင်အတွင်း ရှိနေစဉ်က အသက်ရှူမ၀သည့် ရောဂါကို ခံစားခဲ့ရသည့်အတွက် မန္တလေးမှ အထူးကုဆရာဝန်ဖြင့် စစ်ဆေးကုသခဲ့ရသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment