Pages

Sunday, August 24, 2014

ကြေးနီစီမံကိန်းအတွင်းမှ ပြောင်းရွှေ့တည်ထားသော လက်ပံတောင်းတောင်ကြားစေတီတော် ထီးတော်တင်


RangonNewsDaily:: August . 24 .2014
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်းမှ ဆားလင်းကြီးမြို့နယ်၊ ကျော်ရွာ အနီး ပြောင်းရွှေ့တည်ထားသည့် လက်ပံတောင်းတောင်ကြားစေ တီထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓဘိ သေကအနေကဇာတင်လှူ ပူဇော်ပွဲအခမ်းအနားကို သြဂုတ် ၂၂ ရက်တွင်ပြုလုပ်ခဲ့သည်။
လက်ပံတောင်းတောင်ကြား ရှိ သာသနိကအဆောက်အအုံများအား သင့်လျော်မည့်နေရာတစ်ခုခုသို့ ရွှေ့ပြောင်းသင့်ကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာပါ သုံးသပ်အကြံပြုချက်အတိုင်း ရွှေ့ပြောင်းတည်ထားခြင်းဖြစ်ကြောင်း သ တင်းရရှိသည်။

လက်ပံတောင်းတောင်ကြား ရှိ သာသနိကအဆောက်အအုံ များကို မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာ ညောင်ပင်ကြီး -ယင်းမာပင် ကားလမ်းအနီး မြေနေရာတွင် ပြောင်းရွှေ့တည် ထားခြင်းဖြစ်သည်။

အဆိုပါမြေနေရာတွင် ယခင်ဉာဏ်တော် အမြင့် ၂၇ ပေရှိ စေတီတော်ကို ဉာဏ်တော် ၅၄ ပေအထိ တိုးမြှင့်တည်ထားခဲ့ကြောင်း သတင်းရရှိသည်။

‘‘အရင်စေတီတော်ကြီးက နှစ်ပေါင်းကြာမြင့်လာပြီဖြစ်တဲ့ အတွက် ခိုင်ခံ့မှုအားနည်းလာတယ်။ ဒါကြောင့် ဆရာတော်သံဃာ တော်ကြီးများရဲ့ သြ၀ါဒကိုခံယူပြီး ပြောင်းရွှေ့ခဲ့တာပါ’’ဟု ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ပံတောင်းတောင်ကြား စေတီ ထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူ ဇော်ပွဲအထိမ်းအမှတ်အဖြစ် ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ ဆား လင်းကြီးမြို့နယ်နှင့် ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၀ ခုမှ အသက် (၇၅) နှစ်အထက် အဘိုး၊ အဘွား ၅၉၄ ဦးအား ပူဇော်ကန်တော့ခဲ့ကြောင်း သတင်းရရှိ သည်။

လက်ပံတောင်းတောင်ကြားစေတီထီးတော်တင် အခမ်းအနားပြုလုပ်စဉ်(ဓာတ်ပုံ − မျိုးမင်းဦး)

7Day Daily , 
KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment