Pages

Sunday, July 20, 2014

MH17 နောက်ဆုံးရသတင်းအချက်အလက်အချို့


RangonNewsDaily:: July . 19 .2014
- ယူကရိန်းလုံခြုံရေးကောင်စီက မလေးရှားခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေ
ရာမှ ရုပ်အလောင်း ၁၈၆ ခုကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
- MH17 လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်စာရင်း အတိအကျကို ယနေ့ ညနေပိုင်းတွင် မလေးရှားအစိုးရတာဝန်ရှိသူများက တရားဝင်ထုတ်ပြန်သွား
မည်ဖြစ်သည်။

- ယူကရိန်းအစိုးရနှင့်ခွဲထွက်ရေးသူပုန်များက လေယာဉ်ပျက်ကျရာနေရာတွင် လုံခြုံရေး
ဇုန်တစ်ခု သတ်မှတ်ထားရန် သဘောတူညီခဲ့သည်။
::
- MH17 လေယာဉ်ပေါ်တွင် နို့စို့အရွယ် ကလေးငယ်သုံးဦး လိုက်ပါသွားကြောင်း သတင်းများကဆိုသည်။

- MH17 လေယာဉ်ပျက်မှုအတွင်း သေဆုံးမှုများတွင် တိရိစ္ဆာန်များလည်း ပါဝင်ကြောင်းနှင့် လေယာဉ်၏ကုန်တင်ခန်း စာရင်းများအရ ခွေး ၂ ကောင်နှင့် ငှက် ၉ ကောင်ဖြစ်ကြောင်း သိရသည်။
::
- လေယာဉ်ပျက်ကျရာနေကို အပြည့်အဝ ဝင်ရောက်စုံစမ်းစစ်ဆေးခွင့် ရရှိရန်လိုကြောင်းနှင့် အဓိကကျသည့် သက်သေအထောက်အထားများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း မလေးရှားအစိုးရက ပြောကြားသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment