Pages

Sunday, July 20, 2014

(၆၇)နှစ်မြောက် အာဇာနည်နေ့နှင့်ပတ်သက်ပြီး သူတို့၏ အမြင်များ


RangonNewsDaily:: July . 20 .2014
သခင်ချန်ထွန်း(မန္တလေးခရိုင် ဆိုရှယ်လစ်ပါတီ အတွင်းရေးမှူး၊ ဖဆပလအလုပ်အမှုဆောင်)
********************************************************

ဗိုလ်ချုပ်ကတော့ ရန်ကုန်မှာနေတော့ တခြားစီ ဖြစ်နေတဲ့အတွက် သီးခြားအမှတ်တရဖြစ်ရပ်တော့ မရှိ ဘူး။ ဗိုလ်ချုပ်က တစ်ပြည်
လုံးလှည့်တဲ့အခါမှာ မန္တလေး ခရိုင်တွေ့ဆုံပွဲလုပ်တယ်။ မန္တလေးခရိုင် ဆိုရှယ်လစ်ပါ တီအတွင်းရေးမှူးဆိုတော့ ဆိုရှယ်လစ်ပါတီ
အမှုဆောင် အနေနဲ့ တစ်ခါ၊ မန္တလေး ခရိုင်ဗကသအတွင်းရေးမှူး အနေနဲ့ တစ်ခါ၊ ဖဆပလအတွင်းရေးမှူးအနေနဲ့ တစ် ခါ၊ အဲဒီနှစ်

ခါတွေ့ဆုံတယ်။ 
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီဆိုတဲ့သတင်းကို ရန်ကုန်ကနေ ချက်ချင်း လှမ်းအကြောင်းကြား တယ်။ ပြည်သူလူထုကို 
ဆူဆူပူပူ မဖြစ်အောင်ထိန်းဖို့၊ လူထုကအုံကြွပြီးတော့ ဗရုတ် သုတ်ခ တွေ ဖြစ်သွားနိုင်တဲ့အတွက် မဖြစ်အောင် ဖဆပလအဖွဲ့ ချုပ်ကနေ လှမ်းအကြောင်းကြားတယ်။

အဲဒီသတင်း ကို ကြားကြားချင်း တော်တော်တုန် လှုပ်သွားတယ်။ မကျေမနပ်နိုင်ဖြစ်သွားကြတယ်။ ဒါပေ မဲ့ လူထုက
လည်း
 မကျေမနပ်နဲ့ ဆူဆူပူပူဖြစ်မှာစိုးလို့ အဲဒါကို လိုက်ထိန်းရတာပေါ့။ 
::
လူထုကို မဆူမပူကြဖို့၊ သွေးအေးအေးနဲ့ပဲ လွတ်လပ်ရေး ရအောင် တိုက်ပွဲဝင် ကြဖို့ မြို့ထဲကိုလိုက်ပြီး စပီကာနဲ့အော်ရတာပေါ့။ အာ ဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့အချိန်ကျတော့ ဥဩဆွဲတယ်။ လမ်းပေါ်သွားတဲ့ မော်တော်ကားရော၊ လူရောအကုန်လုံးရပ်ထားကြတယ်။ 

အဲဒီတုန်းကတစ်ပြည် လုံးမှာ အလံတစ်ဝက်ထူတယ်။ ဒါပေမဲ့ ဦးနေဝင်းလက် ထက်မှာ တဖြည်းဖြည်းနဲ့ ဒါတွေကမေ့သလိုဖြစ်လာတယ်။
::
အာဇာနည်နေ့ကို နောက်မျိုးဆက်တွေ ရင်ထဲမှာ အမြဲရှင်သန်ဖို့အတွက်တော့ အာဏာရအစိုးရအနေနဲ့ အဓိကထားပြီး အာဇာနည်နေ့ကို ဂုဏ်ပြုတာတွေ လုပ် ဖို့သင့်တယ်။ အာဇာနည်နေ့မှာ ဥဩဆွဲတယ်ဆိုတာမျိုး ပြန်လုပ်သင့်တယ်။ အမှန်တော့ ဒါက သိပ်ခက်ခဲတဲ့ကိစ္စ လည်း မဟုတ်ဘူး။

အာဇာနည်နေ့ကို ဂုဏ်ပြုပွဲတွေလုပ် တယ်ဆိုတာက ကိုယ့်နိုင်ငံလွတ်လပ်ရေးကို အရယူပေး ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု တာဖြစ်တယ်။ 
::
လူငယ်မျိုးဆက်သစ်တွေအနေနဲ့ အာ ဇာနည်နေ့ရောက်တိုင်း အတတ်နိုင်ဆုံးအခမ်းအ
နားတွေ ဘာတွေနဲ့ အလေးပြုကြဖို့၊ တစ်ဦးချင်းတစ်ယောက်ချင်း အနေနဲ့မဟုတ်ဘဲ အဖွဲ့လိုက်လုပ်ကြဖို့ တိုက်တွန်းချင်ပါ တယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရအောင် အာဇာ နည်ခေါင်းဆောင်ကြီးတွေ ကအသက်ပေးပြီး ဆောင်ရွက် သွားကြတယ်။ 

အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကျေး ဇူးကြောင့်ရခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကို ထိန်းသိမ်းကြ ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။

H M

ဗိုလ်သန်းစိန်
(ပြည်သူ့ရဲဘော်လက်ရွေးစင်အသေခံဗိုလ်၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့)


ဗိုလ်ချုပ်နဲ့အမှတ်တရကတော့ ပြည်သူ့ရဲဘော် လက်ရွေးစင်အသေခံဗိုလ်စစ်တဲ့အခါမှာ တစ်ယောက် ချင်းစစ်တယ်။ တစ်ယောက်ချင်းစစ်တဲ့အခါမှာ နာမည်၊ ဇာတိတို့ ဒါပဲမေးတယ်။ တိုက်နယ်တစ်နယ်ကို နှစ်ယောက်၊ သုံးယောက်ပဲ။ 

ဗိုလ်ချုပ်အောင်ဆန်းက စကားပြောတာ သွက်တယ်။ ပြတ်လည်းပြတ်တယ်။ စိတ်ရင်းကောင်း တယ်။ ဟန်မဆောင်တတ်ဘူး။ မိန့်ခွန်းပြောတဲ့အခါမှာ လည်း လူတကာစိတ်ထဲမှာ စွဲကျန်စေမယ့် ထင်ထင်ရှား ရှား ဥပမာပေးပြီး ပြောတယ်။

ချုံးပွဲချငို

ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အချိန်က အဘက ကံဘဲ့ တိုက်နယ်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူ နေတဲ့အချိန်ပေါ့။ ကံဘဲ့တိုက်နယ်မှာ စစ်ခေါင်းဆောင်၊ ကျောင်းမှာ စစ်သင်တန်းပေးနေတုန်း ချက်ချင်းကြား တယ်။ 

ဗိုလ်ချုပ်တို့ ကျဆုံးတဲ့သတင်းကို ကြားတဲ့အချိန် မှာ အကုန်လုံးကချုံးပွဲချငိုတယ်။ မကျေမနပ်နဲ့ ဒေါသ တွေဖြစ်၊ စိတ်တွေတိုပြီးတော့ အဲဒီအချိန်မှာ အားလုံး က စိတ်တိုနေကြတယ်။

ချဆိုချမှာ၊ အဲဒီတုန်းက သေသေကျေကျေတွယ် မယ့်ကောင်တွေချည်းပဲ။ တို့တွေဆီမှာ
လည်း လက်နက် တွေရှိနေတယ်။ ဆိုင်တွေပိတ်၊ ဘာတွေပိတ်နဲ့။ ကြား ကြားချင်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကို လိုက်သွား ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းအလောင်း
ကိုတော့မတွေ့ တော့ဘူး။ မိုင်းပွန်စော်ဘွားကြီးကိုပဲ တွေ့တော့တယ်။

ဗိုလ်ချုပ်အောင်ဆန်းအလောင်းကို သုံးရက် အိမ် မှာထားတယ်။ ဗိုလ်ချုပ်အောင်ဆန်း
အလောင်းကို ဂျူဗလီ ဟောကိုပို့တဲ့ည ၂နာရီလောက်မှာပဲ ကံဘဲ့တပ်ဖွဲ့ရုံးကို လက်ပစ်
ဗုံးနဲ့လာပစ်တော့ တစ်ယောက်သေသွားတယ်။

မြို့နယ်တိုင်း ဆွမ်းကပ်

အရင်တုန်းကတော့ အာဇာနည်နေ့ဆိုရင် မြို့နယ် တိုင်းမှာ ဆွမ်းကပ်တယ်။ စတုဒိသာကျွေးတယ်။ အာ ဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးတဲ့ ၁ဝနာရီ ၃ရ မိနစ်မှာ မော်တော်ကား၊ သင်္ဘော၊ ဆန်စက်တွေ၊ အလုပ် ရုံတွေ၊ ဥဩတွေဆွဲကြတယ်။

ဦးနေဝင်း အာဏာသိမ်း ပြီး နောက်ပိုင်းမှာတော့ အစတော့ နည်းနည်းလုပ်သေး တယ်။ နောက်ပိုင်းတော့ လုံးဝဖျောက်ပစ်လိုက်တယ်။

မော်တော်ကားတွေကလည်း ဟွန်းတီးကြ၊ လူတွေ ကလည်း ရောက်ရာအရပ်မှာရပ်ပြီး အလေးပြုကြတယ်။ အခု ဒါတွေကပြန်လုပ်သင့်တယ်။ လုပ်ရမယ်။လွတ် လပ်ရေးယူပေးသွားတာ၊ ဒီနေ့ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးလို့ ပေါ်ပေါက်လာအောင် ဒီပုဂ္ဂိုလ်တွေ လုပ် ပေးသွားခဲ့တာဖြစ်တယ်။ 


ဒေါ်စမ်းစမ်းနု (ဝန်ကြီးချုပ်ဦးနုသမီး)

(ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကာလ တွင် ယင်းတို့နေအိမ်သို့လာရောက်လည်ပတ်ပြီး မိသားစု နှင့်အတူ မကြာ

ခဏစားသောက်ခြင်းများရှိပြီး ဗိုလ်ချုပ် လုပ်ကြံမခံရမီညတွင် ဖခင် နေမကောင်းဖြစ်သည့်သတင်း လာရောက်မေးမြန်းသည်ကို
နောက်ဆုံးတွေ့မြင်ခဲ့ရသူ)
***************************************
မြန်မာနိုင်ငံလွတ်လပ်ရေးကိစ္စအတွက် အဖေ(ဦးနု) အင်္ဂလန်မှာ အက်တလီနဲ့သွားတွေ့ပြီး ပြန်လာတော့ အင်္ဂလန်ရဲ့ရာသီ ဥတုဒဏ်ကြောင့် အဖေဖျားပြီးပြန်လာ ခဲ့တယ်။ မလုပ်ကြံခံရခင် ဇူလိုင် ၁၈ရက်ညက ဦးလေး ကိုအောင်ဆန်း နဲ့ ဒေါ်လေးဒေါ်ခင်ကြည် တို့က အဖေ နေမကောင်းတဲ့အကြောင်း သတင်းလာမေးတယ်။ 

အဖေ ကလည်း အင်္ဂလန်ဝန်ကြီးချုပ် အက်တလီက ဦးလေး ကိုအောင်ဆန်းကို လက်ရှိဘုရင်ခံချုပ်ကောင်စီရဲ့ဒုတိယ နာယကနေရာကနေ ဝန်ကြီးချုပ်ခန့် အပ်ကြောင်း ပြော တယ်။ ပြီးတော့ စကားတွေပြောပြီး တစ်နာရီလောက် နေတော့ပြန်သွားတယ်။

နောက်နေ့ မနက် (၁၁)လောက် ကျတော့ သခင်တင်ကနေပြီး အဖေဆီ ဦးလေး
ကိုအောင် ဆန်းနဲ့ ခေါင်းဆောင်တွေကျဆုံးသွားတဲ့အကြောင်း ဖုန်း ဆက်တယ်။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် မငိုတတ်ဘူး။ ဒါပေမဲ့ အဖေငိုတာတွေ့လိုက်ရတယ်။ ငိုရင်းနဲ့ပဲ အဖေ လည်း သတင်းကြားတာနဲ့ အကျ င်္ီချိတ်မှာ ချိတ်ထားတဲ့ တိုက်ပုံကို ကမန်းကတန်းဖြုတ်ဝတ်ပြီး ဆေးရုံကို လိုက် သွားတယ်။ 

အဲ့ဒီသတင်းလည်း စာသင်ခန်းထဲရောက် သွားတော့ ကျောင်းသားတွေအားလုံး မျက်ရည်စက် လက်နဲ့ငိုကြ တယ်။ နောက်ဂျူဗလီဟောကနေ အခုအာ ဇာနည်ကုန်းမှာ သင်္ဂြိုဟ်ပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အခြေခံဥပဒေကိုအတည်ပြုတယ်။ စက်တင် ဘာ ၂၅ရက်နေ့မှာ အစိုးရဖွဲ့ပြီး အဖေ ဝန်ကြီးချုပ်ဖြစ် လာပြီးနောက် စက်တင်ဘာလ၂၆ရက်နေ့မှာ အစိုးရအဖွဲ့ ဝင်လူကြီးအားလုံးနဲ့ အခုအာဇာနည်ကုန်းမှာ အလေး ပြုကြတယ်။ 

အဖေတာဝန်ယူစဉ်ကာလတစ်လျှောက် အာ ဇာနည် နေ့ရောက်ပြီဆိုရင် အစိုးရအဖွဲ့ဝင်အားလုံးနဲ့ အာ ဇာနည်ကုန်းမှာ ဝိုင်းအလေးပြုကြတယ်။ ပြီးတော့ မြို့တော်ခန်းမမှာ ဆွမ်းကျွေးတာလုပ်တယ်။ မဆလအ စိုးရတက်လာပြီးနောက်ပိုင်း လုပ်တာမတွေ့တော့ဘူး။ မြောက်ကိုရီးယား ဖောက်ခွဲရေးသမားတွေလာမဖောက် ခွဲခင်အချိန်အထိ အာဇာနည်ကုန်းကို လူတိုင်းလွတ်လပ် စွာသွားလို့ရတယ်။ 

အဲဒီနောက်ပိုင်း လုံခြုံရေးကြပ် မတ်လို့ ပြည်သူတွေ ဝင်ရောက်ခွင့်မရခဲ့ဘူး။ အရင်က သတင်းစာတွေမှာ အာဇာနည်နေ့ရောက်လာပြီဆိုရင် တစ်လကြိုတင်ပြီး သတင်း
စာတွေမှာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ မိန်ခွန်းအတိုလေးတွေ တစ်လလုံးထည့်တယ်။ ရေဒီယိုမှာလည်း အဆိုတော် ဒေါ်မေလှမြိုင်သီချင်းကို လွှင့်ပေးရင် အလွန်နားထောင်
လို့ကောင်းတာပဲ။ နောက် စစ်အစိုးရတက်ပြီးနောက်ပိုင်း ဘာမှမသိရတော့ဘူး။

SH
ဦးသုဝေ
ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) ဦးကျော်ငြိမ်း၏ကိုယ်ရေးအတွင်းဝန်၊ ဖဆပလလူငယ်အဖွဲ့ဝင်


ကျွန်တော့်ဘဝမှာ ဗိုလ်ချုပ်ကိုမှတ်မှတ်ရ တောင်ငူ မှာ ရွေးကောက်ပွဲအတွက် ဟောပြောပွဲလာတုန်းက အနီးကပ်တွေ့ဖူးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက အသက် က ၁၅နှစ်ကျောင်းသားသမဂ္ဂခေါင်းဆောင်လေးဖြစ် ခါစပေါ့။ 

နိုင်ငံရေးမိန့်ခွန်းပြောတဲ့ စင်မြင့်အောက်က နေ့ ဗိုလ်ချုပ်ကိုအနီးကပ်တွေ့ခဲ့ရတယ်။ သူမိန့်ခွန်းတွေ က အားမာန်ပါလို ကျွန်တော်တို့စိတ်တွေတအားတက် ကြွသွားခဲ့တယ်။

တိုင်းပြည်နာသွား

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေက တိုင်း ပြည်အတွက် ဆွေးနွေးနေချိန်မှာ လုပ်ကြံခံရတာဖြစ် တယ်။ အဲ့ဒါက ဦးစောက အာဏာရမ္မက်အားကြီးသွား လို့ဖြစ်တယ်။ အာဏာရမ္မက် အားကြီးလွန်းပြီး နိုင်ငံ တော်လုပ်ကြံမှုကြီးပြုလုပ်တာဖြစ်တယ်။ 

ဒီကိစ္စကြောင့် တိုင်းပြည်နာသွားတယ်။ အာဇာနည်နေ့ရောက်တိုင်း အရင်ဦးနုအစိုးရလက်ထက်က အစိုးရအဖွဲ့တွေ အာဇာ နည်ကုန်းကိုလာရောက်ပြီး အာဇာနည်ခေါင်းဆောင် ကြီးတွေနဲ့ နိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေကို ရည်မှန်းပြီး အလေးပြုလေ့ရှိတယ်။

စစ်အာဏာသိမ်းခံရပြီးနောက်မတက်တော့ပဲ အဆင့် နိမ့်ခေါင်းဆောင်တွေဖြစ်တဲ့ မြို့တော်ဝန်လောက်ပဲတက် တော့တယ်။ အာဏာရှင်ဆိုတာ သူတို့မှအပ အခြားသူ တွေကို ထင်ရှားမှာစိုးရိမ်တဲ့ အတွက် ကျော်ကြားသူတွေ ကို ပုံဖြတ်တာတွေလုပ်တော့ နောက်မျိုးဆက်တွေ အာ ဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့အကြောင်း သိပ် မသိကြတော့ဘူး။ ပြည်သူတွေ အာဇာနည်ကုန်းကို အရင်က ဝင်ခွင့်မရတော့ဘဲ 

၂၀၁၂ခုနှစ်လောက်က မှဝင် ရောက်ခွင့်ရခဲ့တယ်။ လူတွေအများကြီးတက်တာ တွေ့ ရတယ်။

လူငယ်တွေက ဗိုလ်ချုပ်မှာ ရှိခဲ့တဲ့ ကိုယ်ကျိုးမဖက် ပဲ ဆောင်ရွက်တာတွေကိုအတု
ယူသင့်တယ်။ ဗိုလ်ချုပ် လို အာဏာမမက်ပဲ ရိုးရိုးသားသားကြိုးစားဖို့လိုတယ်။ ဦးစောက သူ့ကိုလုပ်ကြံလို့ ပြန်လုပ်တာဆိုတာ သိရ တယ်။ 

အဲ့အရင်ကလည်း ဗိုလ်ချုပ်ကို ကြည်ညိုလွန်းသူ တွေက သူနဲ့အာဏာဖက်ပြိုင်ဖြစ်လာ
မယ့် ဒေါက်တာ ဘမော်ကိုလုပ်ကြံခဲ့တယ်လို သိရတယ်။ခေါင်းဆောင် ကိုယ်တိုင်က အာဏာမမက်ပေမယ့် ခေါင်းဆောင်ကို ကြည်ညိုလွန်းသူတွေကြောင့်လည်း ဒီလိုပြဿ နာဖြစ် နိုင်တယ်။ အာဏာမက်သွားရင်လည်း ဘာမှမမြင်တော့ ပဲ နိုင်ငံတော်လုပ်ကြံ
မှုကြီးတွေလုပ်နိုင်တယ်။

Yangon Media ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment