Pages

Sunday, July 20, 2014

အအေးခန်းစက်ရုံ ဓာတ်ငွေ့ယိုစိမ့်၍ ကျောင်းသားကလေးငယ် ၂၃ ဦး ဆေးရုံရောက်


RangonNewsDaily:: July . 20 .2014
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ရှိ အအေးခန်းစက်ရုံတစ်ခုမှ စိမ့် ထွက်လာသော အမိုးနီးယားဓာတ် ငွေ့ရှူရှိုက်မိရာမှ စာသင်ခန်းအ တွင်းရှိ ကလေးငယ် ၂၃ ဦးအဆိပ် သင့်ပြီး မြောက်ဥက္ကလာပ ဆေးရုံ ကြီး၌ ဆေးကုသမှုခံယူနေရ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီခွဲအချိန်က အမက (၃၁) ကျောင်းတွင် ကျောင်းသား ကလေးငယ်များစာသင်ကြားနေ စဉ် ဘေးတစ်ဖက်ရှိ ရတနာသိင်္ဂိအအေးခန်းစက်ရုံမှ အမိုးနီးယား ပိုက်ပေါက်၍ ပြင်နေရာမှ ဓာတ် ငွေ့ယိုစိမ့်မှုဖြစ်ကာ ကျောင်းအ တွင်းသို့ ပျံ့နှံသွားသောကြောင့် ဓာတ်ငွေ့ရှူရှိုက်မိသော ကလေး ငယ်များမှာ အဆိပ်သင့်လက္ခဏာ များထွက်ပေါ်လာခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ် သည်။

‘‘မနက်ဖြန်အထိ ကလေး တွေ စိတ်ချရအောင် ၂၄ နာရီ စောင့်ကြည့်မှာပါ။ အမိုးနီးယား ရှူမိတော့ တချို့ကလေးတွေ မျက် ရည်ကျတယ်၊ နှာခေါင်းသွေးလျှံ တာရှိတယ်။ အလက်ဂျီဖြစ်တာရှိ တယ်။ စိုးတော့ မစိုးရိမ်ရတော့ပါ ဘူး’’ဟု မြောက်ဥက္ကလာပ ဆေးရုံ ကြီးမှ တာဝန်ကျဆရာဝန်တစ် ဦးက ရှင်းပြသည်။
::
ထိုကဲ့သို့ ဓာတ်ငွေ့ယိုစိမ့် မှုကြောင့် စာသင်ကျောင်းအတွင်း သို့ အနံ့များအပြင် မီးခိုးလုံးကြီး များပါ ပျံ့နှံလာကြောင်း မျက်မြင် ကြုံတွေ့ခဲ့ရသူ ကလေးမိဘများ ကဆိုသည်။

‘‘ဈေးရောင်းနေတာ။ ကျောင်းမှာ ကလေးတွေ ထွက်ပြေးနေကြ တယ်ဆိုလို့ ကိုယ့်သားသမီးကလည်း အဲဒီကျောင်းမှာ ထားထားတော့ ပြေးသွားတာ။ နှာခေါင်းသွေးယိုတဲ့ ကလေးတွေ၊ အလက်ဂျီဖြစ်တဲ့ကလေးတွေ၊ မျက်ရည်တွေ ကျနေတဲ့ ကလေးတွေကို တွေ့ရတယ်။ 
::
ခုလည်းဆရာဝန်တွေက စိတ်ချရအောင် ၂၄ နာရီစောင့်ကြည့်ဦးမယ်လို့ပြောတယ်’’ဟု ဆေးရုံသို့ ရောက်ရှိနေသူ ကလေးမိဘတစ်ဦးက ဆိုသည်။ ထိုဖြစ်စဉ်ကြောင့် ကျောင်းကို တစ်နာရီခန့် စောပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။

ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား ပြီး ၁၅ မိနစ်ခန့်အကြာ၌ ဓာတ် ငွေ့အပေါက်ကို ပိတ်ထားလိုက် နိုင်ကြောင်းနှင့် အဆိုပါဓာတ်ငွေ့ အဆိပ်သင့်သူ ကလေးငယ်များ ၏ ဆေးကုသစရိတ်နှင့် ကုန်ကျ ငွေများကို အအေးခန်းစက်ရုံ ဘက်မှ တာဝန်ယူပေးမည်ဖြစ် ကြောင်း ၎င်းစက်ရုံရှိတာဝန်ရှိသူ တစ်ဦးကဆိုသည်။
::
‘‘ကျွန်တော်တို့အနေနဲ့ ဖြစ် ဖြစ်ချင်းကလေးတွေကို ဆေးရုံ ကိုလိုက်ပို့ပေးတယ်။ ဆေးကုသ စရိတ်တွေကိုလည်း အကုန်တာ ၀န်ယူပေးသွားမှာပါ။ ကလေး မိဘတွေ ကျေနပ်တဲ့အထိ အကုန် တာဝန်ယူပေးသွားမှာပါ။ 

စက်ရုံ က ပုံမှန်အငွေ့ထွက်တာပေမယ့် ကလေးတွေက အစိမ်းသက်သက် ဖြစ်နေတာကြောင့် ရှူမိသွားတဲ့ အခါ ဒီလိုမျိုးဖြစ်ကုန်တာပါ’’ဟု ရတနာသိင်္ဂိအအေးခန်းစက်ရုံမှ စက်ရုံမှူး ကိုကျော်စိုးမိုးက ဆို သည်။
::
အဆိုပါ အအေးခန်းစက်ရုံ ကို စာသင်ကျောင်းနှင့် ပေ ၅၀ ၀န်းကျင်အကွာတွင် စက်ရုံတည် ထားခြင်းမှာ ကလေးသူငယ်များ အတွက် အန္တရာယ်နှင့် ကြုံတွေ့ နိုင်ရခြင်းကြောင့် ယခုကိစ္စနှင့် ပတ်သက်ပြီး ကျောင်းရှိ ဆရာ၊ ဆရာများနှင့် စက်မှုဇုန်ဥက္ကဋ္ဌတို့ထံ ပြောကြားသွားမည်ဖြစ် ကြောင်း ကလေးမိဘအချို့ကဆို သည်။

မြောက်ဥက္ကလာပ မြို့နယ် အမက (၃၁) သည် (င) ရပ်ကွက် အမယာလမ်းနှင့် ရတနာလမ်း ထောင့်အတွင်း တည်ရှိပြီး ပထမ တန်းမှစ၍ စတုတ္ထတန်းအထိ ပညာသင်ကြားနေသော ကျောင်း သား၊ ကျောင်းသူပေါင်း ၄၀၀ နီး ပါးခန့်ရှိကြောင်း ယင်းကျောင်းမှ စုံစမ်းသိရှိရသည်။
::
စာသင်ကြားနေစဉ် အမိုးနီးယားဓာတ်ငွေ့ရှူမိရာမှ နေထိုင်မကောင်းဖြစ်ကာ ဆေးရုံတက်ရသော ကလေးငယ်အချို့နှင့် ၎င်းတို့၏ မိဘများကို မြောက်ဥက္ကလာပဆေးရုံကြီး၌ ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်။ ယခုအခါ ကလေးငယ်များ၏ အခြေအနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။ (ဓာတ်ပုံ − ကျော်ဇင်သန်း)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment