Pages

Sunday, July 20, 2014

န၀မတန်းကျောင်းသား မောင်းသောကား ကား ၁၀ စီးကို တိုက်မိ

RangonNewsDaily:: July . 20 .2014
န၀မတန်းကျောင်းသား တစ်ဦးမောင်းလာသော ကားက လမ်းတွင်ရပ်ထားသည့် ကား ၁၀ စီးကိုတိုက်မိသောဖြစ်ရပ် တာမွေမြို့နယ်တွင် ဇူလိုင် ၁၈ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။
တာမွေမြို့ ၁၃၃ လမ်းတွင် ဇူလိုင် ၁၈ ရက်ည ၁၀ နာရီခွဲခန့် က ဖြစ်ပွားခြင်းဖြစ်ပြီး မောင်းနှင် သူမှာ အသက် (၁၅) နှစ်အရွယ် န၀မတန်းကျောင်းသားဖြစ်ကာ အရက်မူးနေသည့် လက္ခဏာရှိ ကြောင်း တာမွေမြို့မရဲစခန်းမှာ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘လမ်းမှာ ရပ်ထားတဲ့ ကား တွေကို ဘယ်ပြန်ညာပြန်တိုက်မိ သွားတာ။ အရက်ကလည်း မူးနေ တယ်။ လမ်းကလူတွေကိုတော့ တစ်ယောက်မှ မထိဘူး။ သူကိုယ် တိုင်တော့ ဒဏ်ရာရပြီး ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်ပြီ’’ဟု အ ဆိုပါရဲအရာရှိကပြောသည်။
::
တာမွေမြို့နယ် ၁၃၃ လမ်းမှ စတိုက်မိခြင်းဖြစ်ပြီး ၁၃၅ လမ်း ရောက်မှသာ ရပ်သွားခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။ ကား ၁၀ စီးအနက် ၈ စီးမှာ အပျက် အစီးများပြီး အဆိုပါကျောင်း သားမှာလည်း ဒဏ်ရာပြင်းထန် စွာ ရရှိသွားကြောင်း သတင်းရရှိ သည်။

၎င်းမှာ တာမွေမြို့နယ် မအူ ကုန်းရပ်ကွက်ရှိ ရတနာမြိုင် ကွန် ဒိုတွင် နေထိုင်သူဖြစ်ပြီး အဆိုပါ အမှုကို တာမွေမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သတင်းရရှိသည်။
::
‘‘ပျက်စီးသွားတာကိုတော့ သူ့မိဘတွေက ပြန်လျော်ပေးမယ် ပြောပါတယ်။ ဘယ်လိုလျော်မလဲ ဆိုတာကိုတော့ ညှိနှိုင်းရမှာပဲ။ ကိုယ့်ဘာသာမောင်းလာရင်းနဲ့ ၀င်အတိုက်ခံလိုက်ရတာ’’ ဟု ကားအတိုက်ခံခဲ့ရသော ယာဉ်ပိုင် ရှင်တစ်ဦးက ပြောသည်။

7Day News ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment