Pages

Wednesday, July 9, 2014

ပြည်လမ်းပေါ် ခုနစ်စီးဆင့်တိုက်ခဲ့သည့် လန်ခရူဇာယာဉ်မောင်း အာမခံရ အတိုက်ခံရသည့်ကားများ လျော်ကြေးမရသေး


RangonNewsDaily:: July . 9 .2014
ရန်ကုန်မြို့ ပြည်သူ့ရင် ပြင်အနီးတွင်ယာဉ်ခုနစ်စီးကို ဆင့် တိုက်ခဲ့သည့် လန်ခရူဇာယာဉ် မောင်းကို ဇူလိုင် ၇ ရက်တွင် တ ရားရုံးက အာမခံပေးခဲ့သော်လည်း နစ်နာမှုလျော်ကြေးလက်ခံမရရှိ သေးကြောင်း အဆိုပါ ယာဉ်တိုက် ခံရသည့် ယာဉ်ပိုင်ရှင်များထံမှ သတင်းရရှိသည်။
လန်ခရူဇာယာဉ်တစ်စီးသည် ဇွန်လ ၂၈ ရက်က ပြည်လမ်းမ ပေါ်၌ မီးပွိုင့်မိနေသော ယာဉ်များ ကို အနောက်မှအရှိန်ဖြင့် ၀င် တိုက်ခဲ့၍ ယာဉ်ခုနစ်စီးဆင့်တိုက် ပျက်စီးခဲ့ရပြီး အခင်းဖြစ်ပွားချိန် တွင် လန်ခရုဇာယာဉ်မောင်းသည် ပုံမှန်စိတ်အခြေအနေမဟုတ်၍ သက်ဆိုင်ရာက ဆေးစစ်ခဲ့သည်။ ထို့နောက် လန်ခရူဇာယာဉ်မောင်းကို ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၃၈၊ ၂၇၉ အရ အမှုဖွင့်အရေးယူခဲ့ပြီးဇူလိုင် ၇ ရက်တွင် ဒဂုံမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။

‘‘သူတို့ဘက်က ဘာမှ မလုပ် ပေးသေးတာ။ တနင်္ဂနွေနေ့က ဆွေးနွေးမယ်ဆိုပြီး မလာခဲ့ဘူး။ ကားပျက်တယ်ဆိုပြီး ဒီနေ့လည်း လာမယ်ဆိုပြီး မလာဘူး။ သူတို့ ဘက်က ဖုန်းလည်းမကိုင်ဘူး။ ဖုန်းလည်းပိတ်ထားတယ်။ အခု ချိန်ထိ လျော်ကြေးငွေ မရသေး ဘူး။ ကျွန်တော်တို့အတိုက်ခံရပြီး ဘာမှလုပ်လို့မရတဲ့ ပုံစံဖြစ်နေ တယ်’’ ဟု အတိုက်ခံရသည့် ယာဉ်ပိုင်ရှင်ကိုဖြိုးက ပြောသည်။

အတိုက်ခံရသော မတ်တူး ယာဉ်ပိုင်ရှင် ဦးစစ်နိုင်က ‘‘ဆွေးနွေးတာ ဘာမှမရှိသေးဘူး လာနေပြီပြောပြီး မလာဘူး။ အမှု ကိစ္စကိုဘာမှသေချာမသိဘူး။ ရုံးချိန်းရှိတယ်ဆိုလို့သာ သွားနားထောင်တာ။ တရားသူကြီးကတော့ အာမခံပေးလိုက်တယ်။ လူနာလည်းလာမကြည့်ဘူး။ ကိုယ့် စရိတ်နဲ့ ကိုယ်ကုနေရတယ်’’ ဟု ဆိုသည်။

ပျက်စီးဆုံးရှုံးခဲ့သည့်ယာဉ် များကို သက်ဆိုင်ရာမှ ခန့်မှန်း ဆုံးရှုံးငွေကျပ် တန်ဖိုး ၁၇၅ သိန်း ခန့် ဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန် ထားသော်လည်း ယာဉ်ပိုင်ရှင်များ ၏ ပြောဆိုချက်အရ စုစုပေါင်း ယာဉ်ပျက်စီးဆုံးရှုံးမှုမှာ ငွေကျပ် သိန်းတစ်ထောင်ခန့်ရှိသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အတိုက်ခံရသော ကားတစ်စီးကို သယ်ဆောင်ရန် စီစဉ်နေစဉ် (ဓာတ်ပုံ-နစ်ကီ)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment