Pages

Wednesday, July 9, 2014

Biမွန်းတည့်နေ ဂျာနယ်ကို အရေးယူရန်ရှိဟု အစိုးရထုတ်ပြန်ခြင်းသည် မီဒီယာကို ခြိမ်းခြောက်သလိုဖြစ်နေဟု စာနယ်ဇင်း ကောင်စီပြော

RangonNewsDaily:: July . 9 .2014
“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစု များအား ကြားဖြတ် အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်" ဟူသော သတင်း ခေါင်းစဉ်ဖြင့် Bi မွန်းတည့်နေ ဂျာနယ်က မျက်နှာဖုံးတွင် ဖော်ပြခဲ့မှုအပေါ် အစိုးရက အရေးယူဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၈ ရက်နေ့ထုတ် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။ 
ထိုကဲ့သို့ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက “တရားဥပဒေအရ အရေးယူဆောင်ရွက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ တဖက်နဲ့တဖက် ယုံကြည်မှု၊ နားလည်မှု တည်ဆောက်တဲ့နေရာမှာ အစိုးရဘက်က ဒီလိုလုပ်တာတွေဟာ မီဒီယာတွေကို တစ်ဖြည်းဖြည်း ခြိမ်းခြောက် လာသလိုမြင်မိတယ်” ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး ၎င်းက သတင်းမီဒီယာ ကိစ္စတစ်ခုခုဖြစ်ပါက သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများဘက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ကြိုတင် အသိပေးရန်အတွက် ကြေငြာချက်များ၊ 
မေတ္တာရပ်ခံချက်များ ထုတ်ပြန် ပေးပို့ထားသော်လည်း ယခုတလြော ဖစ်ပွားနေသည့် သတင်းစာတိုက်များကို အထူးရဲတပ်ဖွဲ့ဝင် များက ခေါ်ယူတွေ့ဆုံခြင်း၊ Bi မွန်းတည့်နေဂျာနယ်သတင်းကိစ္စနှင့် 
ပတ်သက်ပြီး ထုတ်ပြန်ခြင်းတို့ မပြုလုပ်ခင် ပြန်ကြားရေးက တာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တစုံတရာ အသိပေး အကြောင်းကြားခြင်းများ မရှိခဲ့ဟု ပြောသည်။

ဇူလိုင် ၁၁ရက် နေ့စွဲဖြင့် ထုတ်ဝေပြီး ဇူလိုင် ၇ရက်တွင် ဖြန့်ချိခဲ့သည့် Bi မွန်းတည့်နေ ဂျာနယ် အတွဲ (၁)၊ အမှတ် (၂၉)တွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) မှ သတင်းထုတ်ပြန်ချက်ကို မျက်နှာဖုံးတွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က “ကျွန်တော်တို့အနေနဲ့က MDCF ရဲ့ သတင်းထုတ်ပြန်ချက်အတိုင်းပဲ ရေးခဲ့တာပါ။ တခြားသတင်းစာတွေမှာ မပါသေးခင် ကျွန်တော်တို့က သတင်းဦးပြီး စောပါသွားတာပဲရှိပါတယ်" ဟုပြောသည်။ 

MDCF က ထုတ်ပြန်ချက်ကို ဇူလိုင်လ ၇ ရက် ဆန္ဒပြပွဲတွင် ထုတ်ပြန်ခဲ့သော်လည်း Bi မွန်းတည့်နေဂျာနယ်က အဆိုပါနေ့မတိုင်ခင် ကြိုတင်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာနှစ်ဦးနှင့် တာဝန်ခံအယ်ဒီတာတို့ကို ဇူလိုင် ၈ရက် နံနက် ဆယ်နှစ်နာရီ ဆယ့်ငါး၊ နှစ်နာရီခွဲ၊ လေးနာရီခွဲတို့တွင် တစ်ဦးချင်းဆီ ခေါ်ယူ
စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။ ခေါ်ယူစစ်ဆေးခံရသူများမှာ ကိုအောင်သန့်(ကျိုက်ကော်)၊ ကော့မှူး၊ ဦးဝင်းတင်တို့ဖြစ်သည်။ ထို့ပြင် ရုံးအတွင်းရှိ ကွန်ပျူတာသုံးလုံး၊ စာရွက်စာတမ်းများ စသည့်တို့ကို ဇူလိုင် ၈ ရက် နေ့လည်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အထူးသတင်းတပ်ဖွဲ့မှ ရဲမေနှစ်ယောက်အပါအဝင် အင်အားဆယ်ဦးခန့်ဖြင့် လာရောက်ယူဆောင် သွားကြောင်း Bi မွန်းတည့်နေဂျာနယ်မှ အကြီးတန်း သတင်းထောက် ဇွဲ (ဥပဒေ) ကပြောသည်။ ထိုကဲ့သို့ခေါ်ယူ စစ်ဆေးမှုကို Bi မွန်းတည့်နေမှ ကြေငြာချက်ထုတ်ပြန်သွားမည်ဟုလည်း ၎င်းကပြောသည်။

Bi မွန်းတည့်နေတွင်ဖော်ပြခဲ့သော ထိုသတင်းကို ဇူလိုင်လ ၈ ရက်ထုတ် Daily Eleven သတင်းစာတွင် “လက်ရှိ အစိုးရကို ရုပ်သိမ်းပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် MDCF 
အဖွဲ့ဝင်များ မြို့တော်ခန်းမရှ့၌ ဆန္ဒပြတောင်းဆို"ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။

Mizzima - New , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment