Pages

Wednesday, July 9, 2014

မန္တလေးမြို့ ပြန်လည်တည်ငြိမ်


RangonNewsDaily:: July . 9 .2014
မန္တလေးမြို့တွင် အခြေ အနေများတည်ငြိမ်အေးချမ်းစပြု လာပြီဖြစ်၍ ဆိုင်အများစုပြန် လည်ဖွင့်လှစ်လာကြပြီး မြို့တွင်း ၌ ပုံမှန်အတိုင်းသွားလာလှုပ်ရှား နေကြပြီဖြစ်သည်။
ပဋိပက္ခဖြစ်စဉ်များ စတင် ဖြစ်ပွားပြီးနောက် ဇူလိုင် ၂ရက်မှ စတင်ကာမန္တလေးဈေးချိုတော် နှင့် အစ္စလာမ်ဘာသာဝင်များ၏ အရောင်းဆိုင်များပိတ်ထားခဲ့ကြ သည်။ ဇူလိုင် ၆ရက်တွင်မူ မန္တ လေးဈေးချိုတော်၊ တိုက်တန်းကြီး၊မန်းမြန်မာပလာဇာ၊ ဈေးချို တော်တစ်ဝိုက်တို့ရှိ အစ္စလာမ် ဘာသာဝင်တို့၏ ဆိုင်များပြန်လည်ဖွင့်လှစ်လာကြကြောင်းဈေး ချိုတော်မှ ဆိုင်ရှင်များကပြော သည်။

‘‘မနေ့ကတော့ ပုံမှန်လေး ရောင်းရတယ်။ ဒီနေ့တော့ နည်း နည်းလေးအေးတယ်။ အေးတာ ကလည်း ခုဖြစ်တာတွေနဲ့မဆိုင် ပါဘူး။ ၀ါဝင်ခါနီးမို့အေးတာပါ။ ပုံမှန်အနေအထားကို ပြန်ရောက် နေပြီလို့ပြောလို့ရပါတယ်’’ဟုမန္တ လေးဈေးချိုတော်ဈေးအကျိုး တော်ဆောင်အဖွဲ့အတွင်းရေးမှူး ဦးမင်းမင်းကပြောသည်။

ဈေးချိုတော်ဝန်းကျင်မှ အစ္စ လာမ်ဘာသာဝင်များ၏ဆိုင်များ ပြန်လည်ဖွင့်လှစ်လာကြသော် လည်း မြို့တွင်းနေရာအချို့နှင့်စ တင်ဖြစ်ပွားရာ ၈၁လမ်းနှင့်၈၂လမ်းကြား ၂၇လမ်းနှင့် ၂၈လမ်းကြား ၀န်းကျင်ရှိ အစ္စလာမ်ဘာသာဝင် တို့၏ ဆိုင်များမှာ ပြန်လည်ဖွင့် လှစ်ခြင်းမရှိသေးဘဲ ၎င်းနေရာ များတွင် လုံခြုံရေးများယူပေးထား ဆဲဖြစ်သည်။

မန္တလေးမြို့သူမြို့သားအ များစုမှာ ယခင်အတိုင်းပြန်လည် သွားလာလှုပ်ရှားကာစိုးရိမ်ပူပန်မှု အနည်းငယ်လျော့ပါးလာကြောင်းဒေသခံများကပြောသည်။

‘‘လူတွေရဲ့မျက်နှာကမနေ့ က စပြီး ပေါ့ပါးလာကြပါပြီ။ အ ရင်ရက်ကဆို လမ်းမှာတွေ့ရင် စိုး ရိမ်နေတဲ့မျက်နှာတွေနဲ့ပါ’’ဟု မ ဟာအောင်မြေမြို့နယ် ၇၃လမ်း တွင်နေထိုင်သူကိုစည်သူအောင် ကဆိုသည်။

သို့သော် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အတွက် ည ဘက်ဖွင့်သည့်အရောင်းဆိုင်များ၊ ကုန်စိမ်းဈေးသည်များ၊ တက္ကစီ သမားများ စသည့်လက်လုပ် လက်စားအခြေခံလူတန်းစားများ အတွက် အခက်အခဲဖြစ်နေဆဲဖြစ် ကြောင်း ၎င်းတို့ကပြောသည်။

‘‘ ၁၄၄ ထုတ်တာသဘော ကျပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လို အခြေခံလူတန်းစားတွေအ တွက်တော့ အလုပ်လုပ်ရတာ အ ခက်အခဲဖြစ်တယ်။ အချိန်လုပြီး လုပ်နေရတယ်။ ၀င်ငွေလည်း လျော့တယ်။ တစ်ရက် ခုနစ် ထောင်၊ ရှစ်ထောင်လောက်ရရ မှာ။ အခု လေးငါးထောင်ပဲရတော့ တယ်’’ဟု ၄၁လမ်းကုန်စိမ်းညဈေး မှ ရာသီပေါ်အသီးအရွက်မျိုးစုံ ရောင်းချသူဦးမောင်မောင်သွင်က ပြောသည်။ ညဘက်မထွက်ရသ ဖြင့် ကုန်အ၀င်အထွက်လျော့လာ ပြီး အသီးအနှံများမှာလတ်ဆတ်မှု မရှိတော့ကြောင်း ကုန်စိမ်းသည် များကပြောသည်။

တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့် မန္တလေးမြို့တွင် ဈေးချိုတော်တစ်ဝိုက်ကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)


7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment