Pages

Wednesday, July 9, 2014

ဒါရိုက်ဘာ မပါသည့် ကားများ လမ်းပေါ်တွင် မြင်တွေ့ရတော့မည်


RangonNewsDaily:: July . 9 .2014
လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၇ နှစ်လောက်ကတည်းက Cisco ရဲ့ နည်းပညာတစ်ခုကို စောင့်ကြည့်လေ့လာလျှက် ကြိုတင်ဟောကိန်းထုတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ကားပေါ်မှာ ကားမောင်းသမား မပါပဲ ကားကို သူတို့ကိုယ်တိုင် ထိန်းကျောင်းမောင်းနှင်ဖို့အတွက်ဖြစ်ပါတယ်။
ယခုအချိန်မှာတော့ အဲဒီဟောကိန်းဟာ မှန်ကန်လာပါပြီ။ Google ကနေပြီး တီထွင် ထုတ်လုပ်ထားတဲ့ ကားကို ကိုယ်တိုင်မောင်းနှင်စရာမလိုပဲ ကားကနေ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ နည်းပညာပဲဖြစ်ပါတယ်။

ဒီနည်းပညာဟာ Google ရဲ့ မြေပုံနည်းပညာ ၊ စုံစုံစမ်းထောက်လှမ်းပေးခြင်း နှင့် တုန့်ပြန်နိုင်မှုတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မေးခွန်းမေးစရာ အကြောင်းပြချက်ကတော့ ကားမောင်းသမား မပါတဲ့ ကားတွေကို ကျွန်တော်တို့ ဘယ်တော့မှ ဈေးနှုန်းသက်သာစွာနဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်နိုင်မှာလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီမေးခွန်းအတွက် အဖြေကို Google က ဆုံးဖြတ်မှာမဟုတ်ပဲ ကားထုတ်လုပ်သူတွေဖြစ်တဲ့ Nissan, Audi နှင့် Toyota အစရှိတဲ့ ကားထုတ်လုပ်သူတွေက ဒီနည်းပညာကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ " 


ဒီနည်းပညာကို အသုံးပြုပြီး ကားမောင်းသမား မပါတဲ့ ကားတွေ အဓီက လမ်းမတွေပေါ်မှာ အန္တရာယ်ကင်းစွာ မောင်းနှင်နေတာ ၁၀ နှစ် ၊ ၁၅ နှစ်လောက် ရှိပါပြီ " လို့ DMV.com ရဲ့ စာရေးသူ နှင့် လေ့လာသုတေသနပညာရှင် Jordan Perch ကပြောသည်။

 " Google ကနေပြီး ကိုယ်တိုင်မောင်းနှင်တဲ့ ကားတွေကို ၂၀၂၅ ခုနှစ်မှာထုတ်လုပ်ဖို့အတွက် ယုံကြည်မှုရှိနေပါပြီ။ နောက်ပြီး Nissan ကလည်း အကောင်းမြင်စိတ်ဖြင့် ပြောတာကတော့ အဲဒီလိုမျိုးကားတွေကို ၂၀၂၀ ခုနှစ်လောက်မှာ ဈေးကွက်မှာ ရရှိနိုင်တော့မယ် " လို့ ဆိုသည်။

Ref : Mashable
YangonMedia , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment