Pages

Monday, July 7, 2014

မဟာသန္တိသုခကျောင်းတိုက်အမှု တရားလိုဖြစ်သူကို မေးမြန်းဆဲဖြစ်ပြီး ဇူလိုင် ၁၈ တွင် ထပ်မံရုံးထုတ်မည်


RangonNewsDaily:: July . 7 .2014
မဟာသန္တိသုခကျောင်း တိုက်အမှု တတိယအကြိမ် တရားရုံးချိန်း တွင် တရားလိုဖြစ်သူ ရန်ကုန်တိုင်းသာသ နာရေးဦးစီးမှူး ဦးစိန်မော်ကို ဆက်လက် မေးမြန်းဆဲဖြစ်ပြီး စတုတ္ထအကြိမ် ရုံးချိန်း ကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
ရှေ့နေများက တရားလိုဖြစ်သူ အား မေးခွန်းများမေးမြန်းရာတွင် မေးခွန်း တိုင်းကို မေးမြန်းခွင့်မရှိဘဲ တစ်စုံတစ်ယောက် ၏ ဖိအားပေး ပိတ်ပင်တားမြစ်ခံထားရသည် ဟုယူဆကြောင်း အင်္ဂလန်ဆရာတော်ဦးဥတ္တ ရက ဇူလိုင် ၄ ရက်ရုံးချိန်အပြီး၌ မိန့်ကြား ခဲ့သည်။

''ဒီစစ်ချက်က သိပ်စိတ်ဝင်စား စရာ ကောင်းတယ်။ မဟာသန္တိသုခကျောင်း နဲ့ ပတ်သက်နေတဲ့ကိစ္စတွေဆိုတော့ မဟာ သန္တိသုခနဲ့ ပတ်သက်ပြီးမေးတာ၊ မြန်းတာ တွေ လုပ်ကြတယ်။ ဒါပေမဲ့ အရင်တစ်ပတ် ကထက်စာရင် ဒီတစ်ပတ်မှာ မေးခွန်းတွေ ကို မေးချင်တိုင်း မေးလို့သိပ်မရဘဲနဲ့ တစ် ယောက်ယောက်ကများ ဖိအားပေးနေတယ် လို့ ဘုန်းကြီးတို့ ခံစားနေရတယ်။

အဲဒီတော့ ဘယ်လောက်အတိုင်းအတာအထိ တရား စီရင်မှု လွတ်လပ်ပါသလဲဆိုတာ ဘုန်းကြီး တို့ မသိသေးဘူး။ ဒါပေမဲ့ တချို့မေးခွန်း တွေမှာ အပိတ်ခံထားရတာတွေရှိသလို တချို့မေးခွန်းတွေက မေးခွန်းမတူဘဲနဲ့ မေး တဲ့ကိစ္စလေးတွေမှာတောင်မှ မေးလို့မရတဲ့ မေးခွန်းတွေ၊ မဆိုင်ဘူးဆိုပြီး ဒါမျိုးတွေထည့် ထားတဲ့အတွက်ကြောင့် ဘုန်းကြီးတို့ ခံစား ချက်တွေက အရင်တစ်ပတ်ထက်စာရင် ဒီ တစ်ပတ်မှာ ဘုန်းကြီးတို့ရဲ့ရှေ့နေတွေ၊ အ ကျိုးဆောင်တွေရဲ့ မေးခွန်းတွေမှာ ပိုပြီးဖိ အားပေးခံနေရတာကို ဘုန်းကြီးတို့ တရား ရုံးထိုင်တဲ့အခါမှာ ခံစားရပါတယ်''ဟု ဆရာ တော်က မိန့်သည်။


မဟာသန­္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါးကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက် ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၂၉၅(က)နှင့် ပြစ်မှုအမှတ် ၂ဝ/၉ဝ ပုဒ်မ ၁၄ တို့ဖြင့် သာသနာရေးဝန်ကြီးဋ္ဌာနမှ တိုင်း သာသနာရေးညွှန်ကြားရေးမှူး ဦးစိန်မော် က တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တာမွေမြို့နယ်တွင် ပြုလုပ်သည့် တတိယအကြိမ်ရုံးချိန်းသို့ ရွှေညဝါဆရာတော်၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ၊ အင်န်အယ်လ်ဒီပါတီဝင်များ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းအဖွဲ့ဝင်များနှင့် ပြည်သူလူထု ၁ဝဝကျော် လာရောက်ခဲ့ကြောင်းသိရသည်။

FLOWER NEWS journal , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment