Pages

Monday, July 7, 2014

ဒီမိုကရေစီနိုင်ငံတစ်ခု၌ ပြည်သူထောက်ခံမှုမရှိတော့သည့် နိုင်ငံရေးအဖွဲ့အစည်းများသည် ကျဆုံးသွားမည်သာဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


RangonNewsDaily:: July . 7 .2014
ဒီမိုကရေစီနိုင်ငံ တစ်ခု၌ ပြည်သူ၏ ထောက်ခံမှုမရှိ တော့သည့်နိုင်ငံရေးအဖွဲ့အစည်းများ သည် ကျဆုံးသွား မည်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဇူလိုင်လ ၆ ရက်နေ့ ဗဟန်းမြို့ နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သည့် အဖွဲ့ချုပ်ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ဒုတိယ နေ့ မိန့်ခွန်း ပြောကြားရာ၌ ပြောဆို လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''ဒီမို ကရေစီနိုင်ငံကြီးတွေမှာ ကြည့်လိုက် လို့ရှိရင် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာ မာနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးပါတီ ကြီးတွေရှိတယ်ဆိုတာ သိကြမှာပါ။ အဲဒီနိုင်ငံရေး ပါတီကြီးတွေ ဆက်ပြီး တော့ရှင်သန်ခဲ့ရတဲ့အကြောင်းကလဲ အဲဒီပါတီကို ထောက်ခံတဲ့ ပြည်သူလူ ထု လုံလုံလောက်လောက်ရှိလို့ပါပဲ။

ဒီမိုကရေစီအသိုင်းအဝိုင်းမှာ ဒီမိုက ရေစီ နိုင်ငံ တစ်ခု မှာဆိုရင် ပြည်သူရဲ့ ထောက်ခံမှုမရှိတော့ဘူးဆိုရင် နိုင်ငံ ရေးအဖွဲ့အစည်းတွေဟာ ကျဆုံးသွား မှာပါ။ ကျွန်မတို့ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်က ဆက်ပြီးတော့ ရှင် သန်နေ တယ်ဆိုတာလဲ ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဆက်ပြီးတော့ ရှင်သန် တာဖြစ်ရမယ်''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပါတီနိုင်ငံရေးသာလုပ်သည်၊ ကိုယ့်ပါတီအတွက်သာလုပ်သည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း မိမိအနေ ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အ ခြေခံကာလုပ်ဆောင် သည့် နိုင်ငံရေး ကသာအဆင့်အမြင့်ဆုံးဟု သတ်မှတ် လိုကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။


မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေသည်ဟု ပြောဆိုနေကြသော်လည်း တကယ် စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကိုမရောက်သေးကြောင်း၊ ရောက် ရန်ကြိုးစားဆဲ အဆင့်သာ ရှိသေး ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကိုရောက်ရန် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


''တကယ်ပဲစစ်မှန် တဲ့ ဒီမိုကရေ စီလမ်းကြောင်းပေါ်ကို ရောက်ဖို့ဆို ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ရမယ်၊ ပြောင်း လဲရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီအတိုင်း ရှိနေမယ် ဆိုရင် ကျွန်မ တို့နိုင်ငံ ဟာဆိုရင် ဘယ် တော့မှ စစ်မှန်တဲ့ဒီမို ကရေစီပြည် ထောင်စုဖြစ်လာမှာ မဟုတ်ပါဘူး။ 


အဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်သွား ချင်တယ်။ အဲဒီလို ရပ် တည်စေချင် တယ်ဆိုတာ ဒီပါတီအတွက် မဟုတ် ဘူး။ ဒီမိုကရေစီစနစ်အတွက်ဖြစ် တယ်'' ဟု ယင်းကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပထမအကြိမ်ကျင်းပသော နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံအား ဇူ လိုင်လ ၅ရက်နေ့နှင့် ၆ရက်နေ့ နှစ် ရက်တာကျင်းပခဲ့ပြီး ယင်းညီလာခံ အား တက်ရောက်လာသည့် ကိုယ် စားလှယ်လူငယ်များထဲမှ မဲဆန္ဒဖြင့် ရွေးချယ်ကာ အဖွဲ့ချုပ်ဗဟိုလူငယ် အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီး လူငယ်ရေး ရာကော်မတီများအား ချမှတ်ဆောင် ရွက်ခဲ့သည်။

ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)


Democracytoday , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment