Pages

Monday, July 7, 2014

မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား


RangonNewsDaily:: July . 7 .2014
မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။
မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ဆူပူလှုပ်ရှားမှုများမဖြစ်စေရန် လှည့်လည်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ညီညီဇော်)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment