Pages

Monday, July 7, 2014

ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း မန္တလေးတွင် စိုးရိမ်ကြောင့်ကျမှုကြောင့် ထိတ်လန့်နေကြရ

RangonNewsDaily:: July . 7 .2014
မန္တလေး၊ ဇူလိုင် ၅- ဇူလိုင် ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးအသွင်ဆောင် ဖြစ် ရပ်ကြောင့် ဇူလိုင် ၂ ရက် ညနေပိုင်းမှာ မန္တလေးမြို့တွင် တည်ငြိမ်မှု ဆက်လက်ပျက် ပြားခဲ့ရာ ဇူလိုင် ၃ ရက် နံနက်လင်းအား ကြီးအချိန်တွင် လူနှစ်ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရာ အဆိုပါနေ့မှစတင်၍ မန္တလေး ခုနစ်မြို့နယ်တွင် ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့သော်လည်း မန္တလေးမြို့ အခြေအနေမှာ ဇူလိုင် ၅ ရက်အထိ ကော လာဟလအသံများ၊ တစ်ဆင့်စကား တစ်ဆင့် နားအသံများဖြင့် စိုးရိမ်ကြောင့်ကျ ထိတ် လန့်နေရသည့်နေရာများ ရှိနေသေးကြောင်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် နေ ထိုင်သူတစ်ဦးက ပြောသည်။
''ဇူလိုင် ၃ ရက်က သေဆုံးသွား သူတစ်ဦး အသုဘကိစ္စပြီးစီးတယ်။ မိသား စုလောက်နဲ့ပဲ ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ် သုသာန်မှာ သင်္ဂြိုဟ်တယ်။ ဇူလိုင် ၄ ရက်မှာ ရွှေကြေးစည် နာမှုကူညီရေးအသင်းက သေ ဆုံးသွားတဲ့ ကိုထွန်းထွန်းရဲ့ အသုဘကိစ္စ လုပ်တယ်။

 အေးရိပ်ငြိမ်သုသာန်ကို ပို့ဆောင် ရာမှာ ရန်ကင်းတောင်ကနေ ၁၉ လမ်းအ တိုင်း ကျုံးအရှေ့ဘက် ၆၆ လမ်း၊ အဲဒီကနေ တောင်ဘက် ၂၆ လမ်းအတိုင်း အနောက်ကျုံး လမ်း၊ လမ်း ၈ဝ အဲဒီကမှ ၁၂ လမ်း၊ မြောက် ကျုံးလမ်းအတိုင်း ယာဉ်တန်းမောင်းတယ်။ မတ္တရာလမ်းအတိုင်း အေးရိပ်ငြိမ်သုသာန် ပို့တာ လူပရိသတ် သောင်းဂဏန်းအထိရှိ တယ်။ အဲဒီလို မြို့ထဲလမ်းက ပို့ဆောင်တဲ့ အတွက် မြို့ပေါ်နေသူတွေ အထိတ်တလန့် ဖြစ်ကြတာရှိတယ်။ ပြဿနာများ ထပ်ဖြစ် ဦးမှာလားလို့ စိုးရိမ်တာရှိတယ်''ဟု ယင်းက ပြောသည်။

ဇူလိုင် ၄ ရက်ညမှာပင် မန္တလေး ခရိုင်အတွင်း ပါဝင်သော ပုသိမ်ကြီးမြို့နယ် ကိုပါ ပုဒ်မ-၁၄၄ အမိန့် ထပ်မံထုတ်ပြန်သ ဖြင့် ယခုအခါ မန္တလေးမြို့ ခုနစ်မြို့နယ်စ လုံး ပုဒ်မ-၁၄၄ အမိန့် အကျုံးဝင်သွားပြီ ဖြစ်သည်။


စတင်ဖြစ်ပွားသည့် နောက်ရက် များမှစတင်၍ မန္တလေးမြို့ ဈေးချိုတော်တစ် ဝိုက်၊ ၂၆ လမ်း၊ ၈၄ လမ်းနေရာတချို့တို့ တွင် မှန်ကန်မှုမရှိသော သတင်းများပျံ့နှံ့ လာသဖြင့် ဈေးဆိုင်များ၊ စတိုင်းဆိုင်များ ပိတ်သိမ်းမှုရှိရာ ယနေ့အထိ ဆိုင်များပိတ် ထားဆဲရှိပြီး ဖွင့်လှစ်ရောင်းချနေသော ဆိုင် များမှာလည်း အသံနားစွင့်ဖွင့်လှစ်နေကြရ သည်။

ဇူလိုင် ၄ ရက်မှာပင် မန္တလေး ချမ်း အေးသာဇံမြို့၊ ချမ်းအေးသာဇံအရှေ့ရပ် ကွက် ၂၇x၂၈ ကြား၊ ၈၁x၈၂ ကြားရှိ ဂျွန်း ဗလီဝင်းအတွင်း တရားခံပြေးနှစ်ဦး ရောက် ရှိပုန်းအောင်းနေကြောင်း သတင်းအရ လုံ ခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၅ နာရီခွဲမှာ ဝင်ရောက်ရှာဖွေသည်။ တရားခံပြေးများ တွေ့ရှိခြင်းမရှိသော်လည်း ဂျွန်းဗလီဝင်းအ တွင်း မြေညီထပ် နားနေခန်း၊ စတိုခန်းများ မှ ဓားရှည် ၉ ချောင်း၊ ဓားမြှောင် ၄ ချောင်း၊ သံဆူးချွန်တစ်ချောင်း၊ သံလွန်သွားတစ်ချောင်း၊ သစ်သား၊ ဝါးတုတ် ၁၆ ချောင်း၊ လှံတစ်ချောင်း၊ မှိန်းတစ်ချောင်း၊ သံတုတ်၊ သံပိုက်၊ သံချောင်း ခြောက်ချောင်း၊ ခက်ရင်းခွ နှစ်ချောင်း၊ လေးခွ ၁၅ ခု၊ ကုန်းသီး၊ ပေသီး၊ ဖန်သီး ၇ဝဝ လုံး၊ ကျောက်ခဲနှစ်လုံး တွေ့ရှိသဖြင့် ချစ်ဦး ၂၆ နှစ် (ဘ)ဦးလှဝင်း၊ ကျော်မင်းလွင် ၃၈ နှစ် (ဘ)ဦးမြသိန်း၊ မြတ်ကို ၁၇ နှစ် (ဘ)ဦးအ လီယက်၊ ဇော်ဝင်းထူး ၁၈ နှစ် (ဘ)ဦးလှ ထူး၊ ခင်မောင်ထူး(ခ)ဖိုးထူး ၃၅ နှစ် (ဘ) ဦးခင်မောင်လှိုင်တို့ကို ဥပဒေနှင့်အညီ အ ရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ် သည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်များ ကြောင့် ယခုအခါ မန္တလေးမြို့ပေါ်မှာ စိုး ရိမ်နေကြရဆဲ ရှိနေကြသလို ရှမ်းပြည်နယ် နှင့် နယ်မြို့များမှ စားသောက်ကုန်စိမ်းသီး နှံများ ဝင်ရောက်မှုမရှိသဖြင့် ဆိုင်တချို့ပိတ် ထားခြင်း၊ စားသောက်ဆိုင်တချို့ ပိတ်ထား ခြင်းနှင့် သွားလာရေးပါ ခက်ခဲမှုနှင့် ကြုံ တွေ့နေကြရဆဲဖြစ်သည်။ ယခုဖြစ်စဉ်များ ရှိနေသော်လည်း မန္တလေးရှိ စာသင်ကျောင်း များမှာ ပုံမှန်ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

FLOWER NEWS journal  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment