Pages

Saturday, June 14, 2014

ဆွီဒင်သားတွေရဲ့ လက်ရာကောင်းတစ်ခု Volvo XC60 2014





RangonNewsDaily: June . 14 .2014
ပြည်တွင်းလို ဈေးကွက် အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဥရောပကားတွေရဲ့ နေရာ ရရှိမှုက သိသိသာသာ နည်းပါးတာကို တွေ့နိုင်မှာ ဖြစ်ပြီးတော့ ဒီလိုမျိုး ဈေးကွက်နေရာ ရမှုနည်းရတဲ့အဓိကအကြောင်းက ဈေးနှုန်း
 မြင့်မားမှုကြောင့်ပဲ ဖြစ်ပါတယ်။
စွမ်းဆောင်ရည်နဲ့ အရည်အသွေးလိုအပိုင်းတွေမှာဥရောပထုတ် မော်တော်ကားတွေကအာရှထုတ် ကားတွေ
ထက် စာရင် အစစ အရာရာ သာလွန်ပေမယ့် ဈေးနှုန်းပိုင်းမှာလည်း မြင့်မားလွန်းတာကြောင့် ပြည်တွင်းမှာ လူကြိုက်နည်းတာထက် စာရင် လူစီးနည်းတယ်လို့ ဆိုရမှာပါ။ 

 ဒီနေရာမှာ တန်ကြေးသင့်သင့်၊ စွမ်းဆောင်ရည် မြင့်မြင့် ဥရောပထုတ် မော်ဒယ် တစ်စီးဆိုရင်တော့ ကား
ဝယ်မယ် စိတ်ကူးထားသူတိုင်း ထည့်သွင်းစဉ်းစားလောက်တဲ့ နေရာ တစ်နေရာကို ရလာမှာပါနော်။ 

မှန်ပါတယ်၊ အခု ကျွန်တော် မိတ်ဆက်ပေးမှာက ဆိုခဲ့ပြီး သလို တန်ကြေးသင့်သင့်၊ စွမ်းဆောင်ရည် မြင့်မြင့်
နဲ့ Brandလည်း နာမည်ကြီးတဲ့ Volvoရဲ့ XC60လို့ အမည်ရတဲ့ မော်ဒယ်တစ်စီးပါ။ သူ့ကို ဥရောပမှာတော့ Crossoverအတန်းအစားထဲ ထည့်သွင်း သတ်မှတ်ပေမယ့် ကျွန်တော်တို့ကတော့ အာရှ အခေါ်အဝေါ် ဖြစ်
တဲ့ SUVထဲကို ထည့်ထားလိုက်ရအောင်နော်။

 ကောင်းပါပြီ၊ ဒါဆို XC60က SUVတစ်စီးဆိုရင် လက်ရှိ ပြည်တွင်းမှာ လူကြိုက်များနေတဲ့ SUVတွေနဲ့ ဈေး
ကွက် ယှဉ်ပြိုင်ရတော့မှာ့ပေါ့၊ ဘယ်သူတွေလဲ ဆိုရင် Toyotaထဲက Landcruiser, RAV-4နဲ့ Hondaထဲက CR-V၊ BMW X6တို့နဲ့ နောက်ဆုံး Cadillac SRXတွေ၊ GMC Yukonတွေပါ ရှိနေပါလိမ့်မယ်။ 

ဒါဆို XC60အကြောင်း တစ်ချက်လောက် လေ့လာကြည့်လိုက်ရင်သူ ဈေးကွက်မှာ အောင်မြင်နိုင်မလားဆို
တဲ့ အဖြေတစ်ခုတော့ ထွက်လာနိုင်ကောင်းပါတယ်နော်၊ ကောင်းပါပြီ၊ ကျွန်တော်တို့ XC60အကြောင်းကို ဆက်ကြည့်ရအောင်ပါ။

Pros & Cons
==========

လမ်းကြမ်းသုံး SUVတစ်စီး အဖြစ်ဖန်တီးထားတာကြောင့်လမ်းကြမ်းပိုင်းတွေမှာတင် မဟုတ်ပဲအထူးသဖြင့်

Safetyပိုင်းမှာ အထူး စိတ်ချရပါလိ့မ်မယ်။ အလွယ်ဆုံး နားလည်အောင် ပြောရရင် XC60က နှင်းချောလမ်း
တွေ၊ နှင်းကျနေတဲ့အချိန်တွေမှာတောင် ချို့ယွင်းချက် မရှိ မောင်းနှင်နိုင်အောင်ဖန်တီးထားတာကြောင့် လက်
ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းတွေ အထူးကောင်းမွန်မှာ ဖြစ်သလို အသက်ကယ် စနစ်ကလည်း အပြည့်အစုံပါပဲ။ 

အတွင်းခန်းလည်း ကျယ်ဝန်းတယ်၊ လိုက်ပါစီးနင်းရမှု ကောင်းမွန်မယ်၊ စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်
တယ် Turbochargedအင်ဂျင်ကို ထိတွေ့ခံစားနိုင်မယ်၊ အတွင်းပိုင်း အပြင်အဆင်ရော၊ အပြင်ပိုင်း ရုပ်ထွက် ဒီဇိုင်းတွေ အားလုံးပါ သိသာထင်ရှား ပေါ်လွင်စေမယ်၊ လိုချင်ရင် Adjustလုပ်နိုင်တဲ့ ထိုင်ခုံစနစ်ကို တပ်ဆင်
သုံးစွဲနိုင်မယ်၊ 

ဒီအချက်တွေက XC60ရဲ့ မပြောမဖြစ်လောက်အောင် ဆရာကျတဲ့ အချက်တွေ၊ ကဲ..ဆက်ပြီးတော့ Cons
ဘက် တစ်ချက်လောက် ကြည့်ရအောင်ပါနော်။

အတွင်းပိုင်းရဲ့အားနည်းချက် တစ်ခုကနေ စ,ပြီး ပြောပါ့မယ်နော်။ ခလုတ်အားလုံး မဟုတ်ပေမယ့် အချို့သော အတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ ခလုတ်တချို့က နည်းနည်း ပျော့ပါတယ်။ နားလည်လွယ်အောင် ပြောရရင်၊ အပျက်မြန်မယ်၊ 


ဒါမှမဟုတ် နောက်ပိုင်းကျရင် လျော့တိလျော့ရဲ ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ နောက်တစ်ချက်ကတော့ အင်ဂျင်
ပိုင်းပါ၊ Base Gradeအဖြစ် ထုတ်လုပ်ထားတဲ့ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ Base Gradeအင်ဂျင်က ရုန်း
အားကောင်းပေမယ့် အရှိန်မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ အားနည်းတာ တွေ့ရပါတယ်။ 

ကျွန်တော်တို့ဆီမှာက ရုန်းအားကောင်းတဲ့ လမ်းကြောင်းမျိုး သုံးစရာ မရှိတာကြောင့် Baseအင်ဂျင်က ကျွန်တော်တို့နဲ့ ကိုက်မှာ မဟုတ်ပါဘူး။

Body
=====

ခရီးသည် ၅ယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မယ့် အလယ်အလတ်တန်းစား SUVတန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ အပြင်ဘက် အရောင်အပိုင်းမှာ အနက်ပြောင်ရောင်၊ ခဲအိုရောင်တွေ အပါအ၀င် စုစုပေါင်း ၁၀ရောင်ထိအောင် ရရှိနိုင်မှာ ဖြစ်သလို အတွင်းပိုင်းကတော့ အထည်၊ သားရေ ဦးစားပေး အဖြစ်နဲ့ အမျိုးအစား ၆မျိုးထိအောင် ရမှာပါ။ 


ကားရဲ့ ကိုယ်ထည်ကို ကြည့်မယ် ဆိုရင် အလျား ၁၅ပေနဲ့ ၂လက်မ စွန်းမှာ ဖြစ်ပြီး မျက်နှာစာ အကျယ်က ၆ပေနဲ့ ၂လက်မခွဲနီးပါး၊ ကားရဲ့ အမြင့်က ၅ပေနဲ့ ၇လက်မခွဲ နီးပါးထိအောင် ရှိမှာ ဖြစ်ပါတယ်။ 

Off-Roadအနေအထားအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် သီးသန့် Frameကို မြှင့်မထားသည့်
တိုင်အောင် ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၉လက်မကို တစ်စိတ်စွန်းသေးတာကြောင့် ကားအောက်ထဲ ရေသန့်ဘူးထောင်ပြီး မောင်းရင်တောင်မှ လွတ်နိုင်ပါတယ်နော်။ 

ခရီးသည် လိုက်ပါခန်း အကျယ်အ၀န်းတွေက ရှေ့ဖက်ခန်းမှာ ၅၇လက်မ နီးပါးနဲ့နောက်ဖက်ခန်းမှာ ၅၅လက်မ စွန်းစွန်းလေး ရှိမှာ ဆိုတော့ သင့်ပါတယ်။

Engine
======

ဝန်အများဆုံး တင်ဆောင်နိုင်မှုက ပေါင် ၁၃၀၀ကျော်မယ်တဲ့၊ ၀န်အများဆုံး ရုန်းကန်နိုင်မှုက ပေါင် ၃၃၀၀ရှိမယ်တဲ့၊ ကားရဲ့ အလေးချိန်က ပေါင် ၄၀၀၀ကို သီသီလေးပဲ လျော့တယ်၊ Drageစွမ်းရည်လည်း ရမှာ ဖြစ်သလို Dragလုပ်နိုင်မှုက 0.35 Cdရှိမယ်၊ 


ဒီလို စွမ်းဆောင်ရည်တွေ ရှိမယ့် SUVတစ်စီး အတွက် တပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ၃.၂လီတာသုံး ပုံမှန် ခြောက်လုံးထိုး အင်ဂျင်ပါ။ ခြောက်လုံးထိုး ဖြစ်သွားသည့်တိုင်အောင် ဘာကြောင့်များ V Seriesကို မသုံးတာပါလဲနော်၊ ရှင်းရှင်းလေးပါ၊ 

Vovloက XC60ကို ရုန်းအားကောင်းစေချင်တာပါ၊ မြန်စေချင်တာ မဟုတ်လို့ပါပဲ။ စွမ်းအင် ထွက်ရှိမှု အပိုင်းမှာက ရုန်းအား ၂၃၆ပေ-ပေါင်မှာ မြင်းကောင်ရေ ၂၄၀အား စွမ်းအင် ထွက်မယ် ဆိုတော့ ကောင်းပါတယ်နော်။ 

ဒါပေမယ့် တစ်ခု ရှိတာကတော့ အင်ဂျင်ရဲ့ လည်ပတ်နှုန်း ဖြစ်ပြီးတော့ တစ်မိနစ်ကို အမြင့်ဆုံး အပတ်ရေ ၆၄၀၀ဆိုတာကတော့ နည်းနည်း များသလိုပါပဲနော်။

Drive Train
=========

Driveစနစ်မှာ မြို့တွင်းလို လမ်းကြောင်းတွေမှာ အဆင်ပြေစေနိုင်မယ့်၊ နောက်ပြီးတော့ တောလမ်းကြမ်း မဟုတ်ပဲ ဆီးနှင်းထူထပ်တဲ့ လမ်းကြောင်းမှာ အဆင်ပြေစေနိုင်မယ့် ရှေ့ဘီးယက်စနစ်ကို သုံးထားပါတယ်။ 


Transmissionပိုင်းမှာတော့ Shiftable Autoစနစ် ဖြစ်တာကြောင့် တကယ်လို့ နွံနစ်တဲ့ အချိန်မျိုးဆိုရင် အဆင်ပြေပါ့မလားနော်။ ကျွန်တော် အမြင်တော့ Dual Clutchဆိုရင် ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။ 

ဒါပေမယ့် သူ့မှာ Drive Selectတွေ ပါဝင်တာကြောင့် ပြဿနာတော့ မရှိပါဘူး။ ဂီယာချက် အပိုင်းမှာ စုစုပေါင်း ဂီယာချက် ၆ချက်ထိအောင် သုံးနိုင်မှာ ဖြစ်လို့ Autoစနစ်နဲ့ တွဲထားတဲ့ ၆ချက်ဆိုတော့ Highwayအတွက် အဆင်ပြေစေမှာပါ။

Fuel & Others
===========

XC60ရဲ့ ပျမ်းမျှ ဆီစားနှုန်းကို ကြည့်မယ်ဆိုရင်ဆီတစ်ဂါလံကို ၂၂မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်လို့ မဆိုးပါဘူး။ အင်ဂျင် အရွယ်ကြီးသလို လည်ပတ်အားများတဲ့ အင်ဂျင်စနစ်မှာ ဆီစားနှုန်း နည်းအောင် ဖန်တီးထားနိုင်တဲ့ ဆွီဒင်သား Volvoရဲ့ လက်ရာကောင်းတစ်ခုပါနော်။ 


Cityအတွက် ဆိုရင် ၁၉မိုင်နှုန်းနဲ့ Highwayအတွက် ဆိုရင်တော့ ၂၅မိုင်ထိအောင် ရမှာပါ။ Cityလမ်းကြောင်းတွေနဲ့ ပိုမိုသင့်လျော်မှာ ဖြစ်ပြီးတော့ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၈.၅ဂါလံဆိုတော့ နည်းနည်း သေးသလိုပါပဲ။ 

ဘရိတ်ပိုင်းမှာ လေးဘီးချုပ် ABSစနစ်ကို တပ်ဆင်ထားသလို အသက်ကယ် စနစ် အပိုင်းမှာ ရှေ့ဖက်၊ နောက်ဖက် ဦးခေါင်းပိုင်း ဆိုင်ရာ အသက်ကယ် လေအိတ်စနစ်၊ ရှေ့ခုံ ဘေးဘက် အသက်ကယ် လေအိတ်စနစ်စုံတွေကို တပ်ဆင်ထားပြီး Safetyပိုင်းမှာ Car Testအဖွဲ့အများစုရဲ့ ကြယ်ငါးပွင့်အဆင့်ထိအောင် ရရှိထားတာ တွေ့ရပါတယ်နော်။

လင်းလင်း (IA) ,



RangonNewsDaily




0 comments:

Post a Comment