Pages

Saturday, June 14, 2014

မိုးရွာသွန်းမှုကြောင့် ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ တံတားလမ်းလွှဲများတွင် မော်တော်ယာဉ်များသွားလာမှုခက်ခဲ




RangonNewsDaily: June . 14 .2014
တနင်္သာရီတိုင်းဒေသကြီးသည် မိုးများသည့်ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးရွာသီအချိန်တွင် တံတားများ၊ လမ်းများတွင် ရေကြီးမှုများမကြာခဏ ဖြစ်ပေါ်တတ်သည့် ဒေသတစ်ခုဖြစ်သည်။ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းပေါ်ရှိ သင်းကျွန်းကျေးရွာနှင့် ရန်တောင်ကျေး
ရွာချင်းဆက်ဆောက်လုပ်ဆဲ တံတား တစ်ခုတွင် မော်တော်ယာဉ်များသွားလာမှုအဆင်ပြေစေရန် တံတား
လမ်းလွှဲ တစ်ခုပြုလုပ်ပေးထားသော်လည်းယင်းတံတားလမ်းလွှဲတွင် ယနေ့နံနက် ၇နာရီ က ချောင်းရေများ
စီးဆင်းလာသည့်အတွက် မော်တော်ယာဉ်များသွားလာရေး ခက်ခဲမှုများ ဖြစ်ပွားနေသောကြောင့် တာဝန်ရှိ
သူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်သိမိဘပြည်သူများပူးပေါင်း၍ ၄င်းဖြစ်ပွားနေမှုအခက်အခဲများကို အမြန် ဆုံးကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဟိန်းဇော်ဝင်း(iprd) ,
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment