Pages

Saturday, June 14, 2014

ကမ္ဘာ့ ဖလားပွဲကြောင့် မမျှော်လင့်ပဲ လူ့ အသက်တချောင်း ကယ်တင်မိခြင်း




RangonNewsDaily: June . 14 .2014
မနေ့ညက ကမ္ဘာ့ ဖလားပြိုင်ပွဲကို ကျောက်မြောင်းတွင် စုကြည့် ရန်အတွက် သူငယ်ချင်းလင်းထိုက်ကျော်အိမ်သို့  ည၁၂နာရီဝန်းကျင်ခန့် တွင် ရောက်သွားပါသည်။ နေအိမ်ရှေ့ တွင် တံခါးခေါက်နေခိုက် အမျိုးသမီးတယောက် ငိုသံလိုလို သဲ့သဲ့ကြားမိပါသည်။ အမှောင်ထဲမှာဆိုတော့ တယောက်ယောက်က ငိုတာလား သရဲများခြောက်တာလား သို့ လောသို့ လောနဲ့ ပေါ့။

အဲဒီအချိန် လင်းထိုက်ကျော်လည်းထွက်လာပြီး နှစ်ယောက်အတူ အသံလာရာဆီကို ဖုန်းမီးထိုးကြည့်တဲ့အခါ အမျိုးသမီးတယောက် ပါးစပ်တွင် သွေးသံရဲရဲဖြင့် အမှောင်ထဲတွင် လဲနေသည်ကို တွေ့ လိုက်ရသည်။ emergency care လိုအပ်မှန်းသိသော်လည်း အတွေ့ အကြုံမရှိခြင်း knowledge အနည်းငယ်သာရှိခြင်း ပစ္စည်းကိရိယာမရှိခြင်း police case ဖြစ်နိုင်ခြင်းစသော အကြောင်းတွေကြောင့် first aid မလုပ်ဖြစ်တော့ပဲ နှစ်ယောက်သား ရဲစခန်းဖုန်းဆက်။emergency ambulance ဖုန်းဆက်နှင့် လုပ်နေတော့သည်။


emergency ambulance မှ ချက်ချင်းထွက်လာမည်ဖြစ်ကြောင်း။သို့ သော် လူနာရှင်မရှိပါက ဆေးရုံသို့  လိုက်စောင့်ပေးစေလိုကြောင်းပြောသောကြောင့် လိုအပ်ပါက ဆေးရုံတွင် လိုက်စောင့်ပေးနိုင်ပါကြောင်း အကြောင်းပြန်လိုက်ပါသည်။

ခဏအကြာ စိုးသက်အောင်မှ ဖုန်းဆက်လာသောအခါ အကျိုးအကြောင်းပြောပြလိုက်ရာ ချက်ချင်းလာခဲ့မည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်။
၅ မိနစ်ခန့် အကြာတွင် emergency ambulance ရောက်ရှိလာပြီးလူနာကို first aid လုပ်ပါသည်။ စိုးသက်အောင်လည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာပြီး ကူညီပေးပါသည်။
ရုတ်တရက် လူနာမှာ unconcious ဖြစ်သွားသောကြောင့် ambulance မှ ဆရာဝန်က CPR လုပ်ပေးသည်။ လူနာသတိပြန်လည်သော်လည်း အခြေအနေ သိပ်မကောင်းသောကြောင့် ၄ ယောက်သား လူနာကို Ambulance ပေါ်သို့ မတင်။ oxyen ပေး IV line ဖွင့်ပြီး ဆေးရုံသို့ အသော့နှင်တော့သည်။ စိုးသက်အောင်မှ ဆေးရုံကားနှင့်လိုက်သွားပြီး ဆရာဝန်လေးကို ကူညီပေးတော့သည်။ ကျွန်တော်နှင့်လင်းထိုက်ကျော်မှာ လည်းရဲများအလာကိုစောင့် ။ အကျိုးအကြောင်းပြောပြပြီး ဆေးရုံသို့  အမြန်လိုက်သွားတော့သည်။

လူနာမှာ ambulance ပေါ်တွင်လည်း stable မဖြစ်သေးပဲ ဆရာဝန်လေးနှင့် စိုးသက်အောင်တို့ မှာ အသည်းအသန်ကြိုးစားပြီး အသက်လုနေရသည်။ ဆရာဝန်လေး၏လက်တွင်လည်း သွေးအရွှဲရွှဲနှင့် ။ စိုးသက်အောင်မှာလည်း လက်အိပ်တဖက်တည်းသာ ဝတ်ချိန်ရပြီး ကျန်လက်တဖက်မှ လက်ဗလာဖြင့် လုပ်နေရသည်။ 


လူနာမှာ သတိမေ့လိုက် သတိပြန်လည်လိုက်ဖြစ်နေသဖြင့်CPR ထပ်လုပ်ပေးရသည်။ ဆေးရုံရောက်ချိန်တွင် လူနာမှာ သတိမေ့နေသဖြင့် ဆေးရုံမှ ဆရာဝန်ဆရာမများမှ လိုအပ်သလို ကုသမှုပေးပြီး အသက်ကယ်ဆေး ထိုးလိုက်ပြီး မကြာမီပင် လူနာမှာ Well Concious ဖြစ်သွားကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသောကြောင့် စိတ်သက်သာရာရပါတော့သည်။

တကယ်လို့  များ လူနာကို တယောက်ယောက်က မတွေမိ့ ပဲ ဒီအတိုင်းထားလိုက်ပါက လူနာ့ အဖြစ်မှာ မတွေးဝံ့စရာပင်။ ကျွန်တော်တို့  သုံးယောက်မှာတော့  မထင်မှတ်ပဲ လူ့ အသက်တချောင်းကယ်မိရက်သားဖြစ်နေတော့  ကြည်နူးမဆုံးပေါ့
(နောက်မှ သိရတာက လင်မယားချင်းရန်ဖြစ်တာပါတဲ့  )

emergency ambulance service ပေးတဲ့ အဖွဲ့ အစည်းကိုလည်းကောင်း။ Ambulance လှူဒါန်းတဲ့  ဧရာဝတီ ဖောင်ဒေးရှင်းကို လည်းကောင်း။ ambulance ပေါ်မှ ဆရာဝန်လေးကိုလည်းကောင်း ။ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်ဆရာမများကို လည်းကောင်း အထူးပဲ ကျေးဇူးတင်မိပါသည်။

Wai Lwin Oo ,
KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment