Pages

Saturday, June 14, 2014

အထက်တန်းကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ ကျောင်းသားလေးဦး ဒဏ်ရာရ

RangonNewsDaily:: june . 14 .2014
မုံရွာမြို့၊ အလယ်ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ဒသမတန်းပညာသင်ကြားလျက်

ရှိသောကျောင်းသားများသည် ဇွန်လ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ခိုက်ရန်ဖြစ်ပွား ရာမှ ရ
ရှိသော ထိခိုက်ဒဏ်ရာများအား ဆေးဝါးကုသရန် မုံရွာပြည်သူ့ဆေးရုံးကြီးသို့ ရောက်ရှိလာခဲ့ကြောင်း မှုခင်းဆေးစာဌာနမှ သိရသည်။
ဒဏ်ရာရကျောင်းသားများနှင့်ပတ်သက်၍လည်း မှုခင်းဆေးစာဌာနမှ မှတ်တမ်းများရယူထားရာတွင် မောင် ဟိန်းဇော်ဦး (ဒသမတန်း ) ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်လက်ကောက်ဝတ် ဖုရောင်၊ ကျော ကုန်းနှင့် ခြေမျက်စိတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေး ၀ါးကုသမှုခံယူလျက်ရှိသည်။

ထို့အပြင် ပြင်ပလူနာကျောင်းသားသုံးဦးမှာ မောင်အောင်သူရဦး (ဒသမတန်း) ၊ မောင်အောင်လင်းဦး( ဒသ မတန်း)၊ မောင်စိုးစံ( န၀မတန်း) ဆိုသူတို့ဖြစ်ကြောင်း မှုခင်းဆေးစာဌာန၏ မှတ်တမ်းများ၌ ဖော်ပြထာား သည်။


ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ တာဝန်ပေးအပ် ချက်များအရ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် ယခုလ ၁၁ ရက်နေ့ မနက် ကျောင်းမတက်မှီအချိန်၌ မုံရွာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျော

င်းဆောင်လှေကားတွင် မောင်အောင်သူရဦး ဆိုသူ ကျောင်းသားတစ်ဦးနှင့် အမည်မသိ အခြား ကျောင်း
သားတစ်ဦးတို့သည် ပခုံးချင်းတိုက်မိခဲ့ရာ အမည်မသိကျောင်းသားတစ်ဦးမှ “ မင့် ချရဲသလား..” ဟု မေးမြန်း
ခဲ့ရာ မောင်အောင်သူရဦးမှ ချရဲကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မနက် ၁၁ နာရီခွဲ ကျောင်းဆင်းချိန်တွင် မောင်အောင်သူရဦးနှင်
့အတူ ဘော်ဒါဆောင်

အတူနေ ကျောင်းသားများသည် အဆောင်မှ အကြိုလာသည့် ကျောင်းကြိုလိုက်ထရပ်ကားဖြင့် အမှတ်(၁) အထက ကျောင်းရှေ့မှ ထွက်ခွာမည်အပြုတွင် အမည်မသိကျောင်းသားတစ်စုမှ ၎င်းကားအား တားခဲ့သည်။ ထိုအချိန် တွင် ဘော်ဒါဆောင်ပိုင်ရှင် ဦးထွန်းရွှေမှ ကျောင်းသားအချင်းချင်း ခိုက်ရန်မဖြစ်ရန် ဖျောင်းဖျပြော
ဆို၍ကား အား ဆက်လက်ထွက်ခွာလာခဲ့ရာ ABC စတိုးဆိုင်အနီးတွင် ၎င်းကားမှာဘီးပေါက်ခဲ့သဖြင့် ကားပေါ်ပါ ကျောင်းသားများအား ဘော်ဒါဆောင်မှ ကျောင်းကြိုလာသည့် အခြားကားနှစ်စီးပေါ်တွင် မျှတင်ပေးခဲ့လိုက် သည်။

အဆိုပါ ကျောင်းကြိုလာကားနှစ်စီးသည် ကျောက္ကာလမ်းမကြီးအတိုင်း ဘော်ဒါဆောင်သို့ မောင်းနင်းနေစဉ် မဟာဇောတိကရာမကျောင်းတိုက်အနီးအရောက်တွင် အမည်မသိကျောင်းသားအပါအ၀င် ဆိုင်ကယ်(၆)စီး မှ ၎င်းကျောင်းကြိုကားနောက် တဟုန်ထိုးလိုက်လာပြီး အဆစ်ပါ သံတုတ်ဖြင့် ကားပေါ်ပါ ကျောင်းသားများ ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းသားလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။

“ ခိုက်ရန်ဖြစ်ပွားကြတဲ့ ကျောင်းသားတွေရဲ့ ပြသနာအရင်းအမြစ်ကို စုံးစမ်းဆဲဖြစ်ပါတယ်..။ ပြသနာ ထပ်မံ မပေါ်ပေါက်ဖို့ ကျောင်းအုပ်ဆရာကြီး ဦးလှထွန်းထံ အကြောင်းကြားထားပါတယ်..” ဟု မုံရွာမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။

မုံရွာမြို့၊ အောင်သာကျေးရွာနှင့် မိုးညှင်းသံဗုဗ္ဓေဘုရားသွား ကားလမ်းတွင် လွန်ခဲ့သော လအနည်းခန့်က နည်းပညာတက္ကသိုလ်ကျောင်းသားများနှင့် မုံရွာတက္ကသိုလ်ကျောင်းသားများ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ကားတစ်စီးပျက်စီးခဲ့ရသည့် ဖြစ်စဉ်များပေါ်ပေါက်ခဲ့ဖူးကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

ကိုတိုးကြီး ချင်းတွင်း

 kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment