Pages

Saturday, June 14, 2014

Google က ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် ပြုလုပ်ပေး


RangonNewsDaily: June . 14 .2014

Google က ဘရာဇီး မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် ပြုလုပ်ပေးလိုက်ပါသည်။ Google တွင် “World Cup” သို့မဟုတ် “World Cup USA” ဟု ရိုက်ပြီးရှာလျှင် နောက်ဆုံး သတင်းအချက်အလက်များ ကစားသမားများ သတင်းများ ပွဲအခြေအနေများ ကို အချိန်နှင့် တစ်ပြေးညီ တစ်နေရာထဲတွင် ပြသပေးမည် ဖြစ်သည်။ အဆိုပါ အစီအစဉ် သည် Google Trends ၀န်ဆောင်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။
Twitter ကလည်း Google ကဲ့သို့ ကမ္ဘာ့ဖလားပွဲ နောက်ဆုံးရ သတင်းများကို ပြသပေးသည့် အစီအစဉ် ကို ပြုလုပ်ပေးမည် ဟု သိရပါသည်။

စမတ်ဖုန်းမှ Google Now တွင် ပွဲတွင် ပါဝင်မည့် လူစာရင်းများ၊ ကစားကွက်များ နှင့် အခြား သတင်းအချက်အလက်များကို ရှာရန် မလိုဘဲ ပြသပေးမည် ဖြစ်သည်။

Google က ကမ္ဘာ့ဖလား ဘောလုံးကွင်း (၁၂) ကွင်း အတွင်းပိုင်း သာမက အပြင်ပိုင်းကိုပါ Google Map ရှိ Street View တွင် ကြည့်နိုင်ရန် ပြုလုပ်ပေးထားပါသည်။ ဘောလုံးကွင်းများကို အောက်ကလင့်မှတစ်ဆင့် ကြည့်နိုင်ပါသည်။

https://www.google.com/maps/views/streetview/brazils-world-cup-stadiums?gl=us

ဆေးရောင်စုံများ ခြယ်သထားသည့် ဘရာဇီး လမ်းမများကို အောက်ကလင့် မှတစ်ဆင့် ကြည့်နိုင်ပါသည်။

https://www.google.com/maps/views/streetview/brazils-painted-streets?gl=us
 

Myanmar Digital Life Journal ,KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment