Pages

Sunday, June 8, 2014

ပုလောမြို့နယ် ရေချိုကျေးရွာ အမကတွင် ဆွံ့အ နားမကြားသူတစ်ဦး ၀င်ရောက်နှောင် ယှက်မှုဖြစ်ပွား ဆရာ/မနှင့် ကျောင်းသား/သူများ ကျောင်း အတွင်းမှ ထွက်ပြေးခဲ့ရ

RangonNewsDaily: June . 8 .2014
ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ အမကတွင် ဇွန်လ(၆)ရက် နံနက်
(၁၀)နာရီခန့်က ဆွံ့အ နားမကြားသူ တစ်ဦးမှ ဓါးမတစ်ချောင်းကိုင်ဆောင် ၍ ကျောင်း
တံခါးမှန်များခုတ်ခွဲဝင်ရောက်ပြီး ဆရာ/မနှင့် ကျောင်းသား/သူများ အား နှောင့်ယှက်
ခြင်းများကြောင့် ဆရာ/မနှင့် ကျောင်းသား/သူများ ကျောင်း အတွင်းမှ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ် ကျူးလွန်သူ မောင်နိုင်နိုင်ဦး (ဆွံ့အနားမကြားသူ)အား ပုလောမြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့မှ ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်
သက်၍ စုံစမ်းမေးမြန်းရာ အရက်မူးခြင်း၊ စိတ်ဖောက်ပြန်ခြင်းမရှိဘဲ ကျောင်းဝင်း
အတွင်းရှိ ဈေးဆိုင်အား မကျေနပ်၍ ၀င်ရောက် ရမ်းကားခြင်း ဖြစ်ကြောင်း သိရှိရ
သည်။ 
::
အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူ မောင်နိုင်နိုင်ဦးအား ပုလောမြို့နယ် ရဲတပ်ဖွဲ့မှ ဥပဒေ
အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment