Pages

Sunday, June 8, 2014

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီအား အစိုးရက အာဏာလွှဲပြောင်း မပေးမည်ကို စိုးရိမ်ရန်မလိုဟု ဝန်ကြီးဦးအောင်မင်းဆို

ဇွန်၇ ရက်က ကုန်သည်စက်မှုလုပ်ငန်း အသင်းချုပ်တွင်ကျင်းပသည့် မြန်မာ့နိုင်ငံရေး အသွင် ကူးပြောင်းမှုကာလအနာဂတ် မှန်းဆချက်များ စကား ဝိုင်းတွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း အမှာ စကားပြောကြား နေစဉ်။ ဓာတ်ပုံ - ဦးလှမောင်ရွှေ
RangonNewsDaily: June . 8 .2014
 ရွေးကောက်ပွဲတွင် ပြည်သူလူထုမှမဲပေး ရွေးချယ်သည့်အစိုးရအား အာ ဏာလွှဲ ပြောင်းပေးသွားမည်ကို ရာနှုန်း ပြည့် တာဝန်ယူကြောင်း သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ဇွန် ရရက် တွင် ပြောသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ''၂၀၁၅ မှာလဲ ပြည်သူလူထုတကယ် ရွေးချယ်တင်မြှောက်ပြီး ပြည်သူလူထု ကို တကယ် အကျိုးပြုတဲ့အစိုးရတစ်ခု ကိုထားခဲ့ချင်တယ်။ ဒါဟာ လူတိုင်းမှာ ဆန္ဒရှိ ပြီးသားပါ။ ဘာမှမစိုးရိမ်နဲ့။ ဒီ ဥစ္စာအာဏာမလွှဲမှာတို့၊ ဘာတို့၊ဒါ တွေကိုချုပ်ကိုင်ထားမှာတို့ကို စိတ် လုံးဝမပူနဲ့။ အဲ့ဒါကျွန်တော် ရာနှုန်း ပြည့် တာဝန် ယူတယ်။ ဒါကိုကျွန် တော်ရဲရဲ တင်းတင်း ပြောရဲ တယ်''ဟုပြောသည်။

ဇွန်လ ၇ ရက်က ကုန်သည်စက် မှုလုပ်ငန်းအသင်းချုပ်တွင်ကျင်းပ သည့် မြန်မာ့နိုင်ငံရေးအသွင်ကူး ပြောင်းမှုကာလ အနာဂတ်မှန်းဆ ချက်များနှင့်ပတ်သက်သည့်ဆွေးနွေး ပွဲတွင် ယခုကဲ့ သို့ပြောကြားခဲ့ ခြင်းဖြစ် သည်။
၂၀၀၈ ဖွဲ့စည်းပုံအရပေါ်ပေါက် လာခဲ့သည့် အစိုးရပထမသက်တမ်း ကာလအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့မှုကြောင့် အစိုးရအနေဖြင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို ရရှိခဲ့သော်လည်း၂၀၁၄ ခုနှစ်အစပိုင်းမှစပြီး ဖွဲ့စည်း ပုံပြင်ဆင် ရေးနှင့်ပတ်သက်သည့်လူထုလှုပ်ရှား မှုများ၊ ၅၉(စ) မပြင်ဆင်ရေးနှင့် ပတ်သက် သည့်လှုပ် ရှား မှုများ အပြင် အကဲဆတ် လှသည့် အမျိုးသားရေး လှုပ်ရှားမှုများ တစ်ချိန်တည်းတွင် ပေါ်ထွက်လာခဲ့ရာ ယင်းလှုပ်ရှားမှု များကြောင့် ၂၀၁၅ ရွေးကောက်ပွဲ သည် တရားမျှ တမှု ဖြစ်နိုင်၊ မဖြစ်နိုင် နှင့် အနိုင်ရပါတီအပေါ် အာဏာလွှဲ ပြောင်းပေးမှုရှိ၊ မရှိတို့အပေါ်တွင် စိုးရိမ်ပူပန်မှု အချို့ ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။

''၅၉(ဃ)(စ)တို့၊ ပုဒ်မ-၄၃၆ တို့ ပြင်ဆင်ရေးတို့ဆိုတာအတွက်လဲ စိတ် မပူပါနဲ့။ ညှိနှိုင်းဖြေရှင်းသွားမှာပါ''ဟု သမ္မတရုံး ဝန်ကြီးနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင် မှုလုပ် ငန်း ကော်မတီဒုတိယဥက္ကဋ္ဌဦးအောင် မင်းက ထပ်လောင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသားပူး ပေါင်းဆောင်ရွက်နေသည့် ပုဒ်မ- ၄၃၆ ပြင်ဆင်ရေး လှုပ်ရှား မှုနှင့်ပတ် သက်၍လည်း ၈၈မျိုးဆက်ကျောင်း သားများ နှင့် အစိုးရ အဖွဲ့ဝန်ကြီး များ အကြား တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဖြစ် ကြောင်း ဝန်ကြီးဦးအောင်မင်းက ထပ်လောင်းပြောဆိုသည်။

''မနေ့ကပဲ ၈၈ က ကိုမြအေးတို့ နဲ့တွေ့တယ်။ သူတို့ကလဲ သူတို့လုပ် နေတာက လူထုကို လမ်းပေါ်ထွက် လာအောင်လုပ်တာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ကျွန်တော့်အနေနဲ့ လဲ ညှိနှို င်း ဆောင် ရွက် လျက်ရှိပါတယ်'' ဟု ပြောသည်။


မေလအတွင်း စတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်များ ပူးပေါင်းဆောင်ရွက် နေသည့် ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လှုပ် ရှားမှုများမှာ ယခုအခါ အရှိန်မြှင့်နေ ပြီး လူထုစိတ်ပါဝင် စားမှုမြင့်မားခဲ့သည့်အတွက် ယင်းမှတစ်ဆင့် ထိပ် တိုက်တွေ့ဆုံမှုများဖြစ်ပေါ်လာပြီး နောက်ကြောင်းပြန်မှုများ ဖြစ်လာနိုင် မှုအပေါ်စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။


''၈၈ နဲ့ အင်န်အယ်လ်ဒီ လှုပ် ရှားမှုတွေက လက်ရှိအချိန်မှာတော့ စည်းကျော်တာမတွေ့ရသေးဘူး။ လူ ထုလှုပ်ရှားမှုဆိုပေမဲ့ စည်းမကျော် မချင်းဘာမှမဖြစ်သေးပါဘူး။ လူထု ရဲ့ အားကို ပြတဲ့ သဘောပဲရှိပါတယ်။ စည်းကျော်တဲ့အထိ ဆွဲတင်တာ မဟုတ်သေး ပါဘူး''ဟု နိုင်ငံပေါင်း ၁၀၀ ကျော်၏ ဒီမိုကရေစီပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို သုတေသန ပြုပြီး ပါရဂူ ဘွဲ့ ရရှိခဲ့သည့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပြုသည်။

အစိုးရမှ ဖွဲ့စည်းပုံ အပါအဝင် နိုင်ငံရေး ပြဿနာများဖြေရှင်းရန်အ တွက် ငြိမ်းချမ်းရေးကိုအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို ယခု နှစ်မကုန်မီပြုလုပ်ရန် ရည်ရွယ်ထား သည်။

Democracy today Daily Newspaper , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment