Pages

Sunday, June 8, 2014

"သမိုင်းမှာ ပထမဦးဆုံးအကြိမ် တရားဝင် အဿန်ဆိုပြီး ဆွလားသ်ဆောက်တည်ခွင့်ရမည့်နေရာ"


RangonNewsDaily: June . 8 .2014
Vatican City မှာ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုချိန် အတွက် ဖိတ်ခေါ်တဲ့ "အဿန်" ရဲ့အသံ သမိုင်းမှာ ပထမဦးဆုံးအကြိမ် ကြားရတော့မှာဖြစ်ပါတယ်။

Pope Frances ရဲ့ ဖိတ်ကြားမှုအရ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နှင့် အစ္စရေးလ် သမ္မတ Shimon Perez တို့ဟာ ငြိမ်းချမ်းရေး ဆုတောင်းပွဲအတွက် လာရောက်ကြမှာ ဖြစ်ပါတယ်။
Vatican City မှာ ကျင်းပမဲ့ အဲဒီဆုတောင်းပွဲကို ကမ္ဘာတစ်ဝှမ်း ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Pope Frances ဦးဆောင်တဲ့ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ဟာ Vatican Gardens မှာရှိတဲ့ ကွင်းပြင်ကို လာရောက်ပြီး ဂျူး နှင့် အစ္စလာမ်ဘာသာဝင်များအပါအဝင် မိမိတို့ဘာသာတရားအလိုက် ဆုတောင်းပွဲများ ပြုလုပ်ကြမှာဖြစ်ပါတယ်။
ဘာသာတရားတစ်ခုချင်းစီရဲ့ ကျမ်းစာများဖတ်ရွတ်ပြခြင်း၊ ခွင့်လွှတ်ခြင်းဆုတောင်းပွဲများ နှင့် ငြိမ်းချမ်းရေးအတွက် ဝတ်ပြုဆုတောင်းပွဲများလည်း ပါဝင်မှာဖြစ်ပါတယ်။
onislam.net
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment