Pages

Sunday, June 8, 2014

မုံရွာ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ယာဉ်ခြောက်ဆင့်တိုက်မှု ဖြစ်ပွား


RangonNewsDaily: June . 8 .2014
မုံရွာ၊ မဇ္ဈိမ။ ။ ယာဉ်ခြောက်စီး ဆင့်တိုက်မှုတစ်ခု စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ လူစည်းကားရာ ဗိုလ်ချုပ်လမ်းပေါ်တွင်
ဇွန်လ ၆ ရက် နံနက် ၁၁ နာရီအချိန်က ဖြစ်ပွားခဲ့သည်ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွန့်က ပြောသည်။ 
ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်းလာသည့် ပါဂျဲရိုး ခဲရောင်ယာဉ်သည် မြင့်တင်လမ်းထိပ်ရှိ လျှပ်စစ်ဓာတ်မီးတိုင်ကို ၀င်ရောက်တိုက်မိခဲ့ရာက ဓာတ်တိုင် ပြိုလဲခဲ့ပြီးနောက် သွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ခဲ့သည်။ 

ယင်းနောက် အဆိုပါကားသည် စက်အင်ဂျင်အရှိန် မထိန်းနိုင်ဘဲ Famous Store ဆိုင်ရှေ့ရှိ သက်ဆွယ်ရေး ဖုန်းတိုင်အား ဆက်လက်၍ ၀င်ရောက်တိုက်မိခဲ့ရာ ၎င်း ဖုန်းတိုင်သည် အောက်ခြေမှပြတ်၍ ဆတ်ပိုင်းကျိုး 
သွားခဲ့ပြီး ကွမ်းယာဆိုင်ရှေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်နှစ်စီး၊ ခုံတန်းလျားတစ်ခု၊ စက်ဘီး(မ)စီး တစ်စင်းတို့ကို ဆင့်ကဲဆင့်ကဲ တိုက်မိခဲ့ခြင်းဖြစ်သည်။
::
ထို့မျှမက အဆိုပါကားသည် လမ်းတစ်ဘက်ယာဉ်ကျောရှိ ဦးကျော်မြင့်သိန်း ဆိုသူ၏ နေအိမ်ရှေ့တွင် ရပ်နားထားသည့် ပါရာဒို ခဲရောင်ယာဉ်ကိုလည်း 
နောက်မှဝင်ရောက်တိုက်မိခဲ့ရာ ၎င်းယာဉ်၏ ဘယ်ဘက်နောက်ဘီး ကျွတ်ထွက်သွားခဲ့သည်။
::
အဆိုပါ ယာဉ်ခြောက်ဆင့် တိုက်ခြင်းကြောင့် လူထိခိုက်မှု မရှိပေ။ ယာဉ်ခြောက်ဆင့်တိုက်မှု စတင်ဖြစ်ပွားသည့် ယာဉ်မောင်းကို မုံရွာမြို့မရဲစခန်းက
ယာဉ်(ပ)၇၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment