Pages

Wednesday, June 18, 2014

မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာမည့် အလုပ်သမား အသစ်များအား ခေါ်ယူသည့် အလုပ်ရှင်သူဌေးက ၂၄ နာရီအတွင်း မဖြစ်မနေ လာရောက် ကြိုရတော့မည်

RangonNewsDaily:: June . 18 .2014
မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာမည့် အလုပ်သမား သစ်များအား ခေါ်ယူသည့် အလုပ်ရှင်သူဌေးသည် ၂၄ နာရီအတွင်း မဖြစ်မနေ လာရောက် ကြိုရတော့မည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က မလေးရှားနိုင်ငံ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြ သွားခဲ့ကြောင်းဖြင့် မလေးရှားရောက် မြန်မာများထံမှ သိရသည်။
အဆိုပါ ဖော်ပြချက်များအရ မလေးရှား နိုင်ငံသို့ ဝင်ရောက်လာသူများ၊ ထွက်ခွာသူများ အားလုံးကို စာရွက်စာတမ်း အတုများ ကိုင်ဆောင်ခြင်းမှ ထိထိ ရောက်ရောက် တားမြစ်သွားရန် ဖြစ်ကြောင်းလည်း သိရပြီး လွန်ခဲ့သော သုံးလက ဖြစ်ပွားခဲ့သည့် MH-၃၇၀ ပျောက်ဆုံးမှုတွင် ပတ်စပို့အတု နှစ်အုပ် ကိုင်ဆောင် ခရီးသွားသူ နှစ်ဦး ပါဝင်ခဲ့ကြောင်း၊ 

ယင်းကဲ့သို့သော ဖြစ်စဉ်များ မဖြစ်စေရန် အတွက် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန စနစ်များနှင့် လေဆိပ်များတွင် နည်းစနစ်ပိုင်းဆိုင်ရာ မြှင့်တင်မှု ပြုလုပ်ရန် ရှိသည်များ အားလုံး ပြုလုပ်သွားမည် ဖြစ်သလို၊ နိုင်ငံတကာ ပျောက်ဆုံး ပတ်စပို့များကို ချက်ချင်း သိနိုင်ရန် အတွက် မလေးရှား အစိုးရက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တွဲဖက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်းဖြင့် ပြည်ထဲရေးဝန်ကြီး Datuk Seri Dr.Ahmad Zahid Hamidi လေဆိပ်တွင် ပြောကြား သွားခဲ့ကြောင်း သိရသည်။
::
ထို့အတူ ဝန်ကြီးမှ လေဆိပ် လုံခြုံရေးနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရေး အတွက် မလေးရှားနိုင်ငံရှိ နိုင်ငံတကာ လေဆိပ်များကို မှာကြားထားပြီး ဖြစ်သလို လ၀က အဝင်အထွက်များ အားလုံးကို HD- CCTV များ တပ်ဆင်သွားမည် ဖြစ်ကြောင်းဖြင့် ဝန်ကြီးက ပြောကြား သွားခဲ့ကြောင်း ဖော်ပြထားသည်။

ထိုမျှမက နိုင်ငံတကာမှ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားများကိုလည်း ခေါ်ယူသူ လုပ်ငန်းရှင်က ၂၄ နာရီအတွင်း စာရွက် စာတမ်းများဖြင့် လာရောက် ခေါ်ဆောင်ရန်နှင့် သတ်မှတ် ၂၄ နာရီထက် ကျော်လွန်ပါက မိခင်နေရပ် တိုင်းပြည်များ
သို့ ပြန်လည် ပို့ဆောင် သွားမည်ဟု ဆက်လက် ပြောကြားသွားခဲ့သည်။
::
ယင်းအပြင် ထိုသို့ ပို့ဆောင်ရန် အတွက် လေယာဉ် လက်မှတ်နှင့် ကုန်ကျစရိတ်များကို အလုပ်သမား ခေါ်ယူမည့် လုပ်ငန်းရှင်များကသာ တာဝန် ယူရမည် ဖြစ်ကြောင်း၊ သို့အတွက် မလေးရှားနိုင်ငံသို့ အသစ် လာရောက်ကြမည့် မြန်မာ အလုပ်သမားများ အားလုံးသည် မိမိတို့ အေးဂျင့်များ၊ အလုပ်ရှင်များကို ၂၄ နာရီအတွင်း မဖြစ်မနေ လာရောက် ခေါ်ဆောင်ရန် တိကျစွာ မေးမြန်းထားကြရန် လိုအပ်ကြောင်း၊ 
::
၂၄ နာရီ ကျော်လွန်သည် အထိ လုပ်ငန်းရှင် သို့မဟုတ် အေးဂျင့်က လာရောက် ခေါ်ဆောင်ခြင်း မရှိပါက လေဆိပ်မှ ပြန်လည် ထွက်ခွာရမည် ဖြစ်ကြောင်း မလေး
ရှားရောက် မြန်မာများ၏ ဆက်သွယ် ပြောကြားချက်အရ သိရသည်။

MOI ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment