Pages

Wednesday, June 18, 2014

အမျိုးသားရေးအထူးတရားပွဲ ၅ ညတိုင်တိုင်ကျင်းပပြီးနောက်တရားပွဲရောက်အစွန်း ရောက်များက ကုန်းဇောင်းကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များပိုင် အိမ် ၅ လုံးကို ဖျက်ဆီးမှုဖြစ်ပွား


အကြမ်းဖက်တို်က်ခို်က်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သည့် ကုန်းဇောင်းကျေးရွာသူ အစ္စလာမ်
ဘာသာဝင် မချိုနှင့် ဖျက်ဆီးခံခဲ့ရသည့်နေအိမ်အချို့

RangonNewsDaily:: June . 18 .2014
ဘာသာမတူသူ သားအဖနှစ်ဦးစကားများရန်ဖြစ်ခြင်းကို အခြေခံကာ အဆိုပါပုဂ္ဂိုလ်များနှင့်လုံးဝသက်ဆိုင်ခြင်းမရှိသည့်
အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၅ လုံးကို အစွန်းရောက်အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်တစ်စုကအကြမ်းဖက်ဖျက်ဖျက်
ဆီးမှုတစ်ရပ် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာတွင် ယမန်နေ့ည ၈း၃၀ နာရီအချိန်တွင်ဖြစ်ပွားခဲ့ကြောင်းဒေ
သခံများကMyanmar Muslim Media သို့သတင်းပေးပို့သည်။
“ဗမာဟေ့ ဗမာဆိုပြီးအော်တယ်။ပြီးတော့ ၇၈၆ ပပျောက်ရေး ဒို့အရေး၊ မွတ်စလင်မ်ပပျောက်ရေးဒို့အရေး လို့လည်းအော်
တယ်။ကျွန်တော်တို့ရပ်ကွက်ထဲက ဗုဒ္ဓဘာသာဝင်တွေကမထွက်တော့ မင်းတို့ကုလားကျွန်ခံနေတာလားလို့လည်းအော်
ကြတယ်”ဟု ကုန်းဇောင်းကျေးရွာ စက်တန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး သူ၏ကိုယ်
တွေ့ဖြစ်ရပ်ကို Myanmar Muslim Media သို့ပြောသည်။

ကုန်းဇောင်းကျေးရွာ စက်တန်းရပ်ကွက်တွင်နေထိုင်သည့် ဗုဒ္ဓဘာသာဝင်အဖြစ်ပြန်လည်ခံယူထားသူ ဦး
ရဲတင့်နှင့် ဌင်း
သားအစ္စလာမ်ဘာသာကိုးကွယ်သူ ကိုခိုင်ထူး တို့ ဇွန်လ ၁၅ ရက်နေ့က စကားများရန်ဖြစ်ခြင်းကို အကြောင်းပြုကာအ
ထက်ပါအကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုယ်တွေ့တွေ့ကြုံခဲ့သည့်ဒေသခံများ၏ပြောကြားချက်အရသိ
ရသည်။
::
“သားအဖနှစ်ယောက်အရက်မှုးပြီးဖြစ်ကြတာပါ။အဖေက နောင်မွတ်စလင်မ်အဖြစ်ကနေ ဗုဒ္ဓဘာသာပြန်ဖြစ်သွားတာ။အဖေနဲ့
သားမှုးပြီးစကားများရာက အဖေက မင်းက ကုလားမဟုတ်ဗမာမဟုတ်ဆိုပြီး ထိုးတယ်။သားကလည်း ခင်ဗျားတို့
က ကျုပ်တို့ကို နမားဇ်ဖတ်ခွင့်တောင်ချုပ်ချုယ်ထားတယ်ဆိုပြီး ပြောတယ်။သားဖြစ်တဲ့သူကစိတ်သိပ်မနှံ့ဘူးဆိုတာ အား
လုံးသိတယ်။

သူ့အမေက မွတ်စလင်မ်လေ။သားသမီး ၃ယောက်မှာ သူတစ်ယောက်ပဲ အစ္စလာမ်ဘာသာဝင်အဖြစ်ကျန်နေ
တာ။အခု
အဖျက်ခံရတဲ့အိမ်တွေမှာသူနေတာလည်းမဟုတ်ဘူး။သူက ရန်ဖြစ်တဲ့သူ့အဖေအိမ်မှာပဲနေတာပါ”ဟုလည်းဒေသခံတစ်
ဦးက ပြောသည်။“ဖျက်တာဆီးတာမလုပ်ခင် လုံခြုံရေးတွေက ဖျက်မယ့်လူတွေကိုမဖျက်ကြဖို့တောင်းပန်တယ်။နောက်
ဆုံးတောင်းပန်လို့မရတော့မှ ပြောမရလည်းလုပ်ကွာဆိုပြီးထွက်သွားကြတာ”ဟု ကိုယ်တွေ့ကြုံခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
::
ကုန်းဇောင်းကျေးရွာတွင် အကြမ်းဖက်မှုမဖြစ်ပွားခင် ၅ ရက်ဆက်တိုက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအထူး

ရားပွဲတစ်ရပ်ကို ကုန်းဇောင်းကျေးရွာအုပ်စု အနောက်ကိုင်း ဗောဒိရွှေကျောင်းတွင် ကျင်းပခဲ့ပြီး အထက်ပါအကြမ်း
ဖက်မှုတွင်ပါဝင်သူများအများစုသွားရောက်ခဲ့ကြောင်းလည်းသိရသည်။

သက်ဆို်င်ရာက ၀င်ရောက်ထိန်းသိမ်းခြင်းမရှိခဲ့သည့် အထက်ပါအကြမ်းဖက်မှုကြောင့်ဖျက်ဆီးခံခဲ့ရသည့်ကု
န်းဇောင်း
ကျေးရွာ စက်တန်းရပ်ကွက် ၊ကုန်းဇောင်း-သံကိုင်း လမ်းမပေါ် ရှိအစ္စလာမ်ဘာသာဝင် အိမ် ၅ လုံးမှာ
::
၁။ ကိုပိုက်(ခ) အလီဘိုင်
၂။အောင်အောင်(ခ)နစာရှုဒင်းန်
၃။တင်မောင်လင်း(ခ)ရဟ်မသ်
၎။ တင်ရွှေ(ခ)ရဖီးအဟ်မဒ်
၅။မျိုးမြင့်(ခ)ကုလားကြီး(ခ)အီဗရာဟီးမ်
တို့၏အိမ်များဖြစ်သည်။
“တချို့အိမ်တွေမှာဆို သတ်ဖို့အထိကြိုးစားတာရှိတယ်။ထွက်ပြေးလို့လွတ်တာ။ဒါတောင်ဒဏ်ရာရတဲ့သူတွေရှိ
တယ်”ဟု
လည်း အမည်မဖေါ်လိုသည့်ဒေသခံတစ်ဦးကပြောသည်။
::
ကုန်းဇောင်းကျေးရွာရှိအစ္စလာမ်ဘာသာဝင်များအားအကြမ်းဖက်မှုကို တာဝန်ရှိလုံခြုံရေးများကလုံးဝတား
ဆီးခြင်းမ
ရှိကြောင်းနှင့်အဆိုပါအကြမ်းဖက်မှုဖြစ်ပွားမည်ကို ကြိုတင်သတင်းရရှိထားသဖြင့် သက်ဆိုင်ရာသို့ ဇွန်လ ၁၆ ရက်နေ့ ည ၇း၃၀နာရီအချိန်တွင်သတင်းပို့တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာကအချိန်မှီထိန်းသိမ်းစောင့်ရှောက်ပေးခြင်းမရှိ
ခဲ့ကြောင်းလည်းသိရသည်။

“အဓိကဦးဆောင်ပြီးလုပ်မယ့်သူတွေကိုကြိုသိနေလို့တိုင်တာပဲ။ဘာမှလုပ်မပေးလိုဖြစ်ရတာပါ။အကြမ်းဖက်မှုမှာဦးေ
ဆာင်
တဲ့ ကျော်မြင့်သိန်းဆိုရင် မနေ့က နေ့လည်ကတည်းက ခိုင်ထူးကိုဖမ်းသွားတဲ့ရဲစခန်းထဲအထိလိုက်သွားပြီး ရဲစခန်းထဲမှာ
ကိုဖျက်မယ်ဆီးမယ်ဆိုပြီးကြိမ်းနေတာ။၉ ၆၉ ကွဘာမဆိုလုပ်လို့ရတယ်။ဘာဥပဒေမှမလိုဘူး ဆိုပြီး ရဲစခန်းထဲမှာ
တင်ကြိမ်းခဲ့တာပါ”ဟုလည်းကိုယ့်တွေ့ကြုံခဲ့သူတစ်ဦးက ပြောသည်။
::
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာတွင်၂၀၀၆ ခုနှစ်ကလည်း အစ္စလာမ်ဘာသာဝင်များဝတ်ပြုသည့်ဗလီဝတ်ကျောင်းေ
တာ်
ကို အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကဖျက်ဆီးခဲ့ဖူးသဖြင့်ယနေ့အထိတိုင်ဖျက်ဆီးခံရသည့်ဗလီဝတ်ကျောင်းတော်မှာ ပိတ်
သိမ်းထားခံနေရဆဲဖြစ်သည်။ကုန်းဇောင်းကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၃၂ လုံးသာရှိသည်။

ကုန်းဇောင်းကျေးရွာတွင်ဇွန်လ၁၆ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှုတရားခံများအားဖမ်းဆီးခြင်းမ
ရှိသေးသော်
လည်း အဖေအားပြန်လည်ဆဲရေးခဲ့သည့်စိတ်မနှံ့သူ အစ္စလာမ်ဘာသာဝင် ကိုခို်င်ထူးကိုမှု ယမန်နေ့နံနက်ပိုင်းကတည်းက ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ Myanmar Muslim Media CJ
Myanmar Muslim Media ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment