Pages

Wednesday, June 18, 2014

မယ်ဆိုင်မြို့ တရား မဝင် ဖုန်း အော်ပရေတာ လုပ်ငန်းမှ နိုင်ငံခြားသားများ နှင့် အတူ မြန်မာ နိုင်ငံသား နှစ်ဦး ဖမ်းဆီး ခံရ


RangonNewsDaily:: June . 18 .2014
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် တရားမဝင်ရုံးဖွင့်
ကာ တယ်လီဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်နေသူ လူ ၅၀ ကျော်အား ဖမ်းဆီး
ထိန်းသိမ်းရာ မြန်မာနိုင်ငံသား ၂ ဦးပါဝင်ကြောင်း သိရှိရပါသည်။

မယ်ဆိုင်မြို့နယ် မယ်ဆိုင်အုပ်စု ဘန့်မုံးဒိုင်ရွာရှိ အိမ် ၃ လုံးအား ဂျွန်လ ၁၅ ရက်က ထိုင်းရဲ၊ လ၀က နှင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့တို့ ပူပေါင်း၍ ဝင်ရောက်ရှာဖွေဖမ်း
ဆီးခြင်းဖြစ်ပြီး ထိုင်း- မြန်မာ-တရုတ် သုံးနိုင်ငံအား တယ်လီဖုန်းခေါ်ဆိုလွှဲပြောင်းပေး
သည့် (တရားမဝင်) စီးပွါးရေးလုပ်ငန်း ၂ ခုမှ တရုတ်လူမျိုး ၄၇ ဦး၊ ထိုင်း ၂ ဦးနှင့် မြန်မာ ၂ ဦး စုစုပေါင်း ၅၁ ဦးဖမ်းဆီးခဲ့သည်ဟုလည်း မယ်ဆိုင် အွန်လိုင်း သတင်း
တွင်အသေးစိပ်ဖော်ပြထားသည်။

အဆိုပါနေအိမ်အတွင်း တယ်လီဖုန်းအလုံးပေါင်းမြောက်များစွာ၊ အင်တာနက်ရောင်
တာ၊ ကွန်ပြူတာ အစရှိအသုံးအဆောင်ပစ္စည်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါ
သည်။
::
အဆိုပါလုပ်ငန်းသည် ဖုန်းလိုင်းခေါ်ဆိုလွှဲပေးသည်သာမက ငွေလွှဲခြင်း၊ ထိုင်းနိုင်ငံ
အတွင်း ဝင်ရောက် အလုပ်လုပ်လိုသူများအား ပို့ဆောင်ပေးခြင်း တို့ကိုပါ လုပ်ဆောင်ခဲ့
သည်ဟု ဝင်ရောက်စီးနင်းဖမ်းဆီး သော ထိုင်းတပ်သားများကပြောသည်။
::
ထိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရေးစီမံကိန်းအရ အာဏာသိမ်း ထိုင်းစစ်
တပ်က ဦးဆောင်ပြီး ထိုင်းရဲများနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံအနှံ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား များကို ရှာဖွေ ဖမ်းဆီး စစ်ဆေးနေသည့် ကာလ အတွင်း ထိုသို့ ရှင်းလင်း ရေးကိုပါ လုပ်ဆောင် နေကြခြင်း ဖြစ် သည်ဟုဆိုသည်။

Panglong(Burmese) ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment