Pages

Wednesday, June 18, 2014

ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆိုးဆိုးဝါးဝါးတိုက်ခိုက်မှုကို ခါးစည်းခံနေရတဲ့ သီရိလင်္ကာ မွတ်ဆလင်များ


RangonNewsDaily:: June . 18 .2014
သီရိလင်္ကာနိုင်ငံကဘီရူဝေလာမြို့ကြီးမှာနေထိုင်တဲ့မွတ်ဆလင်တွေအတွက် ပြီးခဲ့တဲ့ညဟာအိပ်မပျော်တဲ့ညတစ်ညဖြစ်ခဲ့
ရပြန်ပါပြီ။ဗုဒ္ဓဘာသာဝင်အများစု နဲ့ မွတ်ဆလင်အနည်းစုနေထိုင်ကြတဲ့ သီရိလင်္ကာနိုင်ငံက ဘီရူဝေလာမြို့ကြီးမှာ မွတ်
ဆလင်တွေပိုင်ဆိုင်တဲ့ ဗလီတွေ၊ အိမ်တွေ၊ စက်ရုံတွေကို ဗုဒ္ဓဘာသာဝင်တွေက သေသေချာချာ ကြိုတင်ပြင်ဆင်ထားတဲ့
တိုက်ခိုက်မှုတွေဟာ နေ့ညမပြတ် ဖြစ်ပွားလာနေပါတယ်။
ညသန်းခေါင်ကျော်အချိန်မှာ ဗုဒ္ဓဘာသာဝင်ဟာ ဗလီတွေအပေါ် ပြင်းထန်တဲ့တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပေါ်
ခဲ့ပါတယ်။ ဒါဟာ လူမျိုးရေးထိငြိမိမှုလို့ အပေါ်ယံမြင်နိုင်ကြပေမယ့် အမှန်တကယ်တော့ သင်္ဃန်းဝတ်ဗုဒ္ဓဘာသာင်ဘုန်း
တော်ကြီးတွေကဦးဆောင်ကာ ဗလီလို ဘာသာရေးအဆောက်အဦတွေကိုပဲ မုန်းတီးမှုထားကာ တိုက်ခိုက်နေတာက
အစ္စလာမ်ဘာသာတရားအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုလို့ ရှင်းရှင်းလင်းလင်းပဲမြင်နိုင်ပါတယ်။ 
::
သင်္ဃန်းဝတ်ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေကဦးဆောင်ပြီး တိုက်ခိုက်ချိန်မှာ ဗလီကို ကာကွယ်ဖို့ မွတ်ဆလင်
အမျိုး
သားတွေ ဗလီတွေဖက်ကို ပြေးသွားကြချိန်မှာ လူနေရပ်ကွက်တွေထဲက အကာအကွယ်မဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေဦးဆောင်တဲ့ လူအုပ်ကြီးက ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်တဲ့အတွက် ၆ လ သားအရွယ်ကလေးတစ်ဦး သေဆုံးခဲ့ရပါတယ်။ ကလေးရဲ့အလောင်းကို သဂြိင်္ုဟ်ခွင့်ပေးဖို့ မိဘတွေက ပြန်တောင်းေ
မယ့် အလောင်းပြန်မရသေးပါဘူး။

ဒီတိုက်ခိုက်မှုမှာ မွတ်ဆလင် ၁၂ ဦး ရှဟီးဒ်ဖြစ်ကွယ်လွန်ခဲ့ရပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေဟာ မရပ်သေးပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ မတ်တပ်ရပ်ကြည့်ရှုအားပေးသူနေရာမှာပဲ ရှိခဲ့ပြီး ဗလီတွေကို ဖျက်ဆီးမခံရဖို့ ကာ
ကွယ်
တဲ့ မွတ်ဆလင်တွေဖက်ကိုပဲ မျက်ရည်ယိုဗုံးတွေနဲ့ တားဆီးပစ်ခတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအပါအ၀င်သင်္ဃန်းဝတ်
ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေက ဦးဆောင်တဲ့ လူအုပ်ကြီးရဲ့ တစ်ဖက်သတ် တိုက်ခိုက်မှုကို မွတ်ဆလင်တွေ ခါးစည်း
ခံနေခဲ့ရပါတယ်။
::
မွတ်ဆလင်တွေဖက်က နိုင်ငံရေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲတွေကို မွတ်ဆလင်တွေရဲ့ဗလီ၊ မိသားစု စည်း

စိမ်ဥစ္စာတွေကို တိုက်ခိုက်နေတာ ရပ်တန့်စေဖို့၊ သွားရောက်ပြောဆို ညှိနှိုင်းခဲ့ကြပေမယ့် နားမရှိသူတွေပမာ မကြား
ယောင်ဆောင်တာကိုခံခဲ့ကြရပြန်ပါတယ်။

သီရိလင်္ကာမီဒီယာကြီးတွေက ဒီလိုအကြမ်းဖက်တိုက်ခိုက်နေမှုတွေကို တစ်လုံးတစ်ပါဒမျှ ထုတ်လွှင့်တာ ထုတ်ပြန်တာမျိုး မရှိသေးတဲ့အတွက်လည်း ဒီလိုတိုက်ခိုက်မှုတွေကို အစိုးရ (ကိုယ်တိုင်)က ကျောက်ထောက်နောက်ခံပြု အားပေးနေပြီ

လားလို့ ကမ္ဘာ့မွတ်ဆလင်အသိုင်းအ၀ိုင်းက ယူဆနေကြကြောင်းပါဗျာ။
::
photo from sonakar.com and other online sources
ဆွေမွန် , 
KOLATT(PBDN)
RangonNewsDaily









0 comments:

Post a Comment